Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ လက်ထပ်ထိမ်းမြားမှုနှုန်း စံချိန်တင် ကျဆင်း

လေ့လာသူတွေကတော့ ဒီအခြေအနေတွေဟာ ကိုဗစ်ကပ်ရောဂါ ဖိစီးနှိပ်စက်မှု နောက်ဆက်တွဲ ဂယက်တွေနဲ့လည်း ဆက်စပ်နိုင်တယ်လို့ ပြောပေမယ့် တရုတ်မှာ လူဦးရေ တိုးပွားမှုနဲ့ မိသားစု ထူထောင်ရေးဆိုင်ရာ စိန်ခေါ်မှုတွေ ကြီးကြီးမားမား ကြုံလာရတယ် ဆိုတာကတော့ မငြင်းနိုင်ပါဘူး။

တရုတ်မှာ လက်ထပ်ထိမ်းမြားမှုနှုန်း စံချိန်တင် ကျဆင်း
တရုတ်မှာ လက်ထပ်ထိမ်းမြားမှုနှုန်း စံချိန်တင် ကျဆင်း

စံချိန်မှတ်တမ်းတွေ စတင်ပြုစုခဲ့တဲ့ နောက်ပိုင်း သမိုင်းတလျှောက် တရုတ်ဟာ လက်ထပ် ထိမ်းမြားမှုနှုန်း အနိမ့်ဆုံး နှစ်တစ်နှစ်ကို ကြုံတွေ့ ဖြတ်သန်းခဲ့ရပါတယ်။

တရုတ်နိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်း လျော့ကျပြီး ပထမဆုံး အကြိမ်အဖြစ် နှစ်အလိုက် လူဦးရေ တိုးပွားမှုက အနုတ်လက္ခဏာ ပြသခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာလည်း စုံတွဲတွေ လက်ထပ် ထိမ်းမြားမှုက စံချိန်တင် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း တရုတ် တစ်နိုင်ငံလုံးမှာ စုံတွဲပေါင်း ၆.၈၃ သန်းလောက်ကပဲ တရားဝင် လက်ထပ် ထိမ်းမြားခဲ့ကြပြီး အရင်တနှစ်ကနဲ့ ယှဉ်ရင် အရေအတွက် ၈ သိန်းလောက် လျော့ကျသွားပါတယ်။ ဒါဟာ စနစ်တကျ မှတ်တမ်းယူမှုတွေ စတင်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက် ကာလအတွင်း လက်ထပ်မှုနှုန်း အကျဆုံး အခြေအနေလို့ သတ်မှတ်နိုင်ပါတယ်။

လေ့လာသူတွေကတော့ ဒီအခြေအနေတွေဟာ ကိုဗစ်ကပ်ရောဂါ ဖိစီးနှိပ်စက်မှု နောက်ဆက်တွဲ ဂယက်တွေနဲ့လည်း ဆက်စပ်နိုင်တယ်လို့ ပြောပေမယ့် တရုတ်မှာ လူဦးရေ တိုးပွားမှုနဲ့ မိသားစု ထူထောင်ရေးဆိုင်ရာ စိန်ခေါ်မှုတွေ ကြီးကြီးမားမား ကြုံလာရတယ် ဆိုတာကတော့ မငြင်းနိုင်ပါဘူး။

Public Service Announcement

Public Service Announcement

စုံတွဲ အတော်များများဟာ ခေတ်သစ် လူနေမှုပုံစံ အပြောင်းအလဲမှာ လက်ထပ်ဖို့၊ ကလေးယူပြီး မိသားစုဘဝ ထူထောင်ဖို့ ပိုပြီး တွန့်ဆုတ်လာတယ်လို့ ဆိုပါတယ်။ ကလေးမွေးနှုန်း ကျဆင်းပြီး လူဦးရေ တိုးနှုန်းပါ ဆုတ်ယုတ်သွားတာကြောင့် အခုဆိုရင် တရုတ်ဟာ ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း အိန္ဒိယဆီ လွှဲပေးခဲ့ရပြီးပါပြီ။

တရုတ် အာဏာပိုင်တွေက လက်ရှိ ပြဿနာတွေကို ကုစားဖို့အတွက် မြို့ပေါင်း ၂၀ ကျော်မှာ လက်ထပ် ထိမ်းမြားမှုနဲ့ ကလေးယူမှုကို ခေတ်သစ် ယဉ်ကျေးမှု ပုံစံသစ်တွေမှာ ပေါင်းကူးပေးတဲ့ လမ်းပြ ပရောဂျက်တွေကို စမ်းသပ် အသုံးပြုနေပါတယ်။ တချို့ ပြည်နယ်တွေမှာလည်း လူငယ်စုံတွဲတွေရဲ့ လက်ထပ် ထိမ်းမြားလိုစိတ်ကို တွန်းအားပေးဖို့အတွက် အလုပ်ခွင်တွေက လက်ထပ်ဖို့ ခွင့်သတ်မှတ်ပေးတဲ့ ရက်ကို တိုးပေးထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook