Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း တန်ပြန်ထိုးစစ်ကြောင့် ရုရှားတင့်ကားတွေ ဆုံးရှုံးမှုက မူလကြေညာထားတာထက် များတယ်လို့ ပူတင်ဝန်ခံ

ပူတင်က ခံစစ်ပြင်ထားတဲ့ ရုရှားတပ်တွေမှာလည်း အဆုံးအရှုံးတွေ ကြုံရတယ် ဆိုပေမယ့် ရန်သူ ယူကရိန်းနဲ့ ယှဉ်ရင် ၁၀ ပုံ ၁ ပုံလောက်သာ ရှိတယ်လို့လည်း ဆိုပါတယ်။

ယူကရိန်း တန်ပြန်ထိုးစစ်ကြောင့် ရုရှားတင့်ကားတွေ ဆုံးရှုံးမှုက မူလကြေညာထားတာထက် များတယ်လို့ ပူတင်ဝန်ခံ
ယူကရိန်း တန်ပြန်ထိုးစစ်ကြောင့် ရုရှားတင့်ကားတွေ ဆုံးရှုံးမှုက မူလကြေညာထားတာထက် များတယ်လို့ ပူတင်ဝန်ခံ

ယူကရိန်း ရဲ့ လက်ရှိ တန်ပြန်ထိုးစစ်ကြောင့် ရုရှားတင့်ကားတွေ ဆုံးရှုံးမှု ပမာဏဟာ မူလက ကြေညာထားတာထက် ပိုများကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ဝန်ခံခဲ့ပါတယ်။

ရုရှားက ကာကွယ်ရေး ဝန်ကြီးဌာနကတော့ သူတို့ရဲ့ တပ်တွေဟာ ထိုးစစ်ဆင်လာတဲ့ ယူကရိန်းတွေကို ဆီးကြိုတိုက်ခိုက် ချေမှုန်းနေနိုင်ကြောင်း အာပေါင်အာရင်းသန်သန် ကြေညာခဲ့ပေမယ့် ဇွန် ၁၄ ရက်မှာ ပူတင် ကိုယ်တိုင်က ရုရှားဖက်မှာလည်း အထိနာခဲ့ကြောင်း ရှားရှားပါးပါး ထုတ်ဖော် ဝန်ခံလာတာ ဖြစ်ပါတယ်။

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် စလာပြီး တပတ်အတွင်း ရုရှားရဲ့ တင့်ကား ၅၄ စီးလောက်ကို ဆုံးရှုံးခဲ့ပြီး ဖြစ်တယ်လို့ ပူတင်က ဆိုပါတယ်။ ရုရှားဟာ စစ်ပွဲအတွက် အသုံးပြုဖို့ ဒုံးကျည်တွေ၊ ဒရုန်းတွေ၊ တင့်ကားတွေနဲ့ တခြား စစ်လက်နက်တွေ ပိုင်ဆိုင်ထားတယ် ဆိုပေမယ့် လုံလောက်တဲ့ အခြေအနေ မရှိတော့ကြောင်းလည်း ပူတင်က အရိပ်အမြွက် ဖွင့်ဟသွားခဲ့ပါတယ်။

အစောပိုင်းတုန်းက ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်ဂူက ခံစစ်ပြင်ဆင်ထားတဲ့ ရုရှားတင့်ကား ၁၅ စီးလောက်ကိုပဲ ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ သူက စစ်မြေပြင်မှာ ယူကရိန်း တပ်တွေကို ထိထိရောက်ရောက် ဟန့်တားနေနိုင်ဆဲလို့ ပြောကြားခဲ့သလို နောက်ထပ် ယူကရိန်း နယ်မြေတွေကို တိုးချဲ့ သိမ်းယူနိုင်ဖို့ မျှော်မှန်းထားကြောင်းလည်း အတည်ပြုသွားခဲ့ပါတယ်။

နိုင်ငံတကာ စစ်ရေးသုတေသီတွေက ယူကရိန်းရဲ့ လပေါင်းအတော်ကြာ အချိန်ယူ ပြင်ဆင်ခဲ့တဲ့ တန်ပြန်ထိုးစစ်ဟာ အစပိုင်းမှာ တိုးတက်မှု နှေးကွေးနေသေးပြီး ရွာငယ်လေး တချို့ကိုသာ ပြန်လည် သိမ်းယူနိုင်သေးပေမယ့် အရှိန်တက်လာတာနဲ့အမျှ ရုရှားကို အကျပ်ရိုက်လာစေလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ပူတင်က ခံစစ်ပြင်ထားတဲ့ ရုရှားတပ်တွေမှာလည်း အဆုံးအရှုံးတွေ ကြုံရတယ် ဆိုပေမယ့် ရန်သူ ယူကရိန်းနဲ့ ယှဉ်ရင် ၁၀ ပုံ ၁ ပုံလောက်သာ ရှိတယ်လို့လည်း ဆိုပါတယ်။

ယူကရိန်းရော၊ ရုရှားပါ လက်ရှိ တန်ပြန်ထိုးစစ် ကာလအတွင်း နှစ်ဖက် ထိခိုက်သေကြေမှုနဲ့ ပျက်စီးဆုံးရှုံးမှု ကိန်းဂဏန်းတွေကို တိတိကျကျ မထုတ်ပြန်သေးပါဘူး။ လက်ရှိ အချိန်မှာတော့ ယူကရိန်း တပ်တွေဟာ နိုင်ငံ တောင်ပိုင်းနဲ့ အရှေ့ပိုင်းက ရှရှားလက်အောက်ခံ ကျေးရွာတွေကို ဆက်တိုက် ပြန်လည် သိမ်းယူပြီး ဖြည်းဖြည်းချင်းစီ ရှေ့တိုး ချီတက်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။