Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်းဆီက အမေရိကန်နဲ့ ဂျာမန်လုပ် သံချပ်ကာယာဉ်တွေ၊ တင့်ကားတွေ ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကြွေးကြော်

ယူကရိန်းကတော့ ကာလရှည်ကြာ ထင်ကြေးပေး စောင့်ကြည့် ခံနေရတဲ့ တန်ပြန်ထိုးစစ်ကြီး စတင်နေပြီဆိုတဲ့ နိုင်ငံတကာ မီဒီယာတွေရဲ့ ဖော်ပြချက်တွေကို အတိအလင်း ဝန်ခံတာ၊ ငြင်းဆန်တာ ဘာမှ မရှိဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ယူကရိန်းဆီက အမေရိကန်နဲ့ ဂျာမန်လုပ် သံချပ်ကာယာဉ်တွေ၊ တင့်ကားတွေ ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကြွေးကြော်
ယူကရိန်းဆီက အမေရိကန်နဲ့ ဂျာမန်လုပ် သံချပ်ကာယာဉ်တွေ၊ တင့်ကားတွေ ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကြွေးကြော်

စစ်မြေပြင်မှာ ယူကရိန်းက ပွဲဦးထွက် အသုံးပြုလာတဲ့ အမေရိကန်နဲ့ ဂျာမနီလုပ် သံချပ်ကာယာဉ်တွေ၊ တင့်ကားတွေကို ဖျက်ဆီး ပစ်နိုင်ခဲ့ကြောင်း ရုရှားစစ်တပ်က ကြွေးကြော်ခဲ့ပါတယ်။

အခုသီတင်းပတ်ထဲမှာ ယူကရိန်း တပ်တွေဟာ နိုင်ငံ အရှေ့ပိုင်းက ရုရှား ထိန်းချုပ်ထားရာ နယ်မြေတွေဆီ ချီတက်လာပြီး ရုရှားရဲ့ ခံစစ်စည်းတွေကို ထိုးဖောက် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ ယူကရိန်းက အနောက်နိုင်ငံလုပ် ခေတ်မီ စစ်ရေး ယန္တရားတွေကိုပါ အလုံးအရင်း အသုံးပြုခဲ့ပေမယ့် ရုရှားရဲ့ ခံစစ်ကြောင့် တပ်လန်သွားခဲ့သလို ၄၈ နာရီအတွင်း ယူကရိန်းရဲ့ Leopard 2 တင့်ကား ၇ စီးထက်မနည်းနဲ့ Bradley သံချပ်ကာယာဉ် အနည်းဆုံး ၅ စီးကို ဖျက်ဆီးလိုက်နိုင်ကြောင်း ရုရှားက ကြွေးကြော်ခဲ့ပါတယ်။

အစောပိုင်းမှာ အမေရိကန် အစိုးရ အရာရှိ တချို့ကလည်း ယူကရိန်းဆီ လွှဲပြောင်းပေးထားတဲ့ Bradley သံချပ်ကာယာဉ်တချို့ ဆုံးရှုံးမှုကို အတည်ပြုထားခဲ့ပါတယ်။ ဒါပေမဲ့ အခုလို အစမကောင်းသေးတာဟာ ရန်သူ့ ခံစစ်ကို အကဲစမ်းနေတဲ့ ယူကရိန်းရဲ့ ကနဦး စစ်ဆင်ရေးတွေသာဖြစ်ပြီး လပေါင်းများစွာ ကြိုတင် ပြင်ဆင်ထားတဲ့ တန်ပြန်ထိုးစစ်ကြီးနဲ့ ပတ်သက်လို့တော့ ထိခိုက်မှု ရှိလာမှာ မဟုတ်ဘူးလို့ အမေရိကန်က မှတ်ချက် ပေးပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သူ့တပ်တွေဟာ ကာကွယ်ရေးရော၊ တန်ပြန်ထိုးစစ်ပါ သဘောသဘာဝ မတူညီတဲ့ စစ်ဆင်ရေးတွေကို ဆင်နွှဲနေခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းဟာ အနောက်ဥရောပ မဟာမိတ် နိုင်ငံတွေက ဝိုင်းဝန်း ထောက်ပံ့ပေးခဲ့ကြပြီး ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး စာရင်းဝင် တိုက်ပွဲဝင် တင့်ကား အမျိုးအစား တစ်ခုလို့ သတ်မှတ်နိုင်တဲ့ ဂျာမန်လုပ် Leopard 2တွေကို စစ်မြေပြင်မှာ ပထမဆုံးအကြိမ် ထုတ်သုံးလာတာလို့ ယုံကြည်ရပါတယ်။ ပြီးတော့ အမေရိကန် စစ်တပ်ရဲ့ စွယ်စုံရ Bradley သံချပ်ကာ ယာဉ်တွေကိုပါ တန်ပြန်ထိုးစစ်ရဲ့ ကနဦး အဆင့်တွေမှာ အသုံးပြုခဲ့တာဖြစ်ပြီး ထိခိုက် ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့တာပါ။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာ အဖွင့်မှာတင် ရလဒ်ဆိုးနေပြီလို့ လှောင်ပြောင်ခဲ့ပါတယ်။ ဒါ့အပြင် ယူကရိန်း တပ်တွေဟာ တစ်ပတ်အတွင်း ဦးတည်ရာ သုံးနေရာခွဲပြီး အကြိမ်ပေါင်း တစ်ဒါဇင်လောက် ထိုးစစ်ဆင်ခဲ့ပေမယ့် စစ်ရေးအရာ ဘာမှ ထိထိရောက်ရောက် အသာစီး မယူနိုင်ခဲ့တဲ့အပြင် သံချပ်ကာ တပ်ရင်းတစ်ခုက အတော်လေး ချိနဲ့သွားအောင် တိုက်ခိုက် ဖျက်ဆီးတာ ခံလိုက်ရတယ်လို့လည်း ရုရှားက ပြောပါတယ်။

ယူကရိန်းကတော့ ကာလရှည်ကြာ ထင်ကြေးပေး စောင့်ကြည့် ခံနေရတဲ့ တန်ပြန်ထိုးစစ်ကြီး စတင်နေပြီဆိုတဲ့ နိုင်ငံတကာ မီဒီယာတွေရဲ့ ဖော်ပြချက်တွေကို အတိအလင်း ဝန်ခံတာ၊ ငြင်းဆန်တာ ဘာမှ မရှိဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။