Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း သမ္မတရဲ့ ဇာတိမြို့ကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်လို့ လူတစ်ဒါဇင်နီးပါး သေဆုံး

ရုရှားရဲ့ ဒုံးကျည်ဒဏ်ကြောင့် နောက်ထပ် ၂၅ ဦးထက်မနည်း ဒဏ်ရာရပြီး ၂ ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ မြို့ခံ ပြည်သူ့ဆေးရုံ အကြီးအကဲက အတည်ပြုပါတယ်။

ယူကရိန်း သမ္မတရဲ့ ဇာတိမြို့ကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်လို့ လူတစ်ဒါဇင်နီးပါး သေဆုံး
ယူကရိန်း သမ္မတရဲ့ ဇာတိမြို့ကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်လို့ လူတစ်ဒါဇင်နီးပါး သေဆုံး

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ ဇာတိမြို့ကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူတစ်ဒါဇင် ဝန်းကျင်လောက် သေဆုံးခဲ့ပါတယ်။

ခရိုင်ဗ်ရီရားဟ်မြို့က လူနေတိုက်ခန်းတွဲ တစ်ခုနဲ့ ကုန်လှောင်ရုံ တချို့ကို ရုရှားဒုံးကျည်တွေ ထိမှန်ခဲ့ရာက အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ မြို့အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ လူနေတိုက်ခန်းတွဲမှာ သေဆုံးသူ ၄ ဦးနဲ့ ကုန်လှောင်ရုံတွေဖက်မှာ သေဆုံးသူ ၇ ဦး ရှိကြောင်း ကယ်ဆယ်ရေးတွေက ဆိုပါတယ်။

ကုန်လှောင်ရုံတွေဟာ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုရဲ့ အချိုရည်တွေ ထားရှိတဲ့ နေရာဖြစ်ပြီး စစ်ရေးပစ်မှတ် လုံးဝ မဟုတ်ဘူးလို့ မြို့တော်ဝန် အိုလက်ဇန္ဒာ ဗီလ်ကူလ်က ပြောပါတယ်။

ရုရှားရဲ့ ဒုံးကျည်ဒဏ်ကြောင့် နောက်ထပ် ၂၅ ဦးထက်မနည်း ဒဏ်ရာရပြီး ၂ ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ မြို့ခံ ပြည်သူ့ဆေးရုံ အကြီးအကဲက အတည်ပြုပါတယ်။

Public Service Announcement

Public Service Announcement

ခရိုင်ဗ်ရီရားဟ်မြို့မှာ မွေးဖွားခဲ့တဲ့ သမ္မတ ဇီလန်စကီးက အခုတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

ရုရှားဟာ အရပ်ဖက် ပစ်မှတ်တွေကို ကျင့်ဝတ်မဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း၊ ဒီအကြမ်းဖက်မှုတွေကို ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်သလို ရုရှား အစိုးရ အနေနဲ့ သူတို့ ပစ်လွှတ်ခဲ့သမျှ ဒုံးကျည်တိုင်းအတွက် တာဝန်ယူ ပေးဆပ်ဖို့လိုကြောင်း ဇီလန်စကီးက Telegramမှာ ရေးသားထားခဲ့ပါတယ်။

ရုရှားဟာ အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ကျူးကျော်ခဲ့ချိန်ကစလို့ အရပ်ဖက် ပစ်မှတ်တွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း အထောက်အထားတွေ ခိုင်ခိုင်မာမာ ရှိခဲ့ပေမယ့် အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။

သုံးသပ်ဆောင်းပါး

အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။

နိုင်ငံတကာ

တိုက်ခိုက်ပြီးတာနဲ့ ခပ်မြန်မြန် နေရာပြောင်းရွှေ့ပြီး ခြေရာဖျောက်နိုင်တဲ့ ဒုံးကျည်စနစ်တွေကို ထိုင်ဝမ်က လေ့ကျင့်ရေးအတွက် ပစ်ခတ်ခဲ့ပါတယ်။