Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တန်ပြန်ထိုးစစ် အစမှာတင် ရုရှားလက်အောက်က နယ်မြေတွေကို စတင် သိမ်းယူနေနိုင်ပြီလို့ ယူကရိန်းကြေညာ

ယူကရိန်းဟာ ရုရှား ခံစစ်ကြောင်းရဲ့ ပျော့ကွက်ကို ရှာဖွေနေဆဲ အခြေအနေမှာတင် ရန်သူဖက်က လက်နက်ကြီးတွေ၊ အမြောက်တွေနဲ့ တုံ့ပြန်မှုကြောင့် အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ တင့်ကားတွေ၊ စစ်သုံးယန္တရားတွေ အပါအဝင် ထိခိုက်ပျက်စီးမှုတွေကိုလည်း ကြုံနေရပါတယ်။

တန်ပြန်ထိုးစစ် အစမှာတင် ရုရှားလက်အောက်က နယ်မြေတွေကို စတင် သိမ်းယူနေနိုင်ပြီလို့ ယူကရိန်းကြေညာ
တန်ပြန်ထိုးစစ် အစမှာတင် ရုရှားလက်အောက်က နယ်မြေတွေကို စတင် သိမ်းယူနေနိုင်ပြီလို့ ယူကရိန်းကြေညာ

တန်ပြန်ထိုးစစ်ရဲ့ ပထမဆုံး အသီးအပွင့်တွေအဖြစ် ရုရှားလက်အောက် ကျရောက်နေတဲ့ နယ်မြေ တချို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

ယူကရိန်း တပ်တွေဟာ နိုင်ငံ အရှေ့တောင်ပိုင်းက ကျေးရွာ ၃ ခုမှာ ကျူးကျော်သူ ရုရှားတပ်တွေကို တိုက်ထုတ်ပြီး နယ်မြေစိုးမိုးမှု ပြန်လည် ရယူနိုင်ခဲ့ကြောင်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လူမှုကွန်ရက်ပေါ် ပျံနှံ့နေတဲ့ ဗီဒီယိုတွေထဲမှာတော့ ဒွန်းညက်စ်ခ် ဒေသထဲက ဘလာဟိုဒတ်နီ ကျေးရွာထဲမှာ ယူကရိန်း စစ်သားတွေက နိုင်ငံတော် အလံကို လွှင့်တင်နေတာ တွေ့ရပါတယ်။

ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနကတော့ တပ်ဖွဲ့ဝင်တွေဟာ ဘလာဟိုဒတ်နီအပြင် အနားမှာရှိတဲ့ နက်စ်ကူချ်နီနဲ့ မာကာရစ်ဗ်ကာ ကျေးရွာတွေကိုပါ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြောပါတယ်။ ဒါဟာ တန်ပြန် ထိုးစစ်ရဲ့ အစောဆုံး အောင်ပွဲတွေဖြစ်ပြီး ယူကရိန်း တောင်ပိုင်းမှာလည်း တခြားတပ်တွေက ရန်သူ ရုရှားရဲ့ ခံစစ်စည်းတွေကို စတင် ထိုးဖောက်နေပြီလို့ ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဟန်နာ မာလီရာက ဆိုပါတယ်။

ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ တန်ပြန်ထိုးစစ် စတင်နေပြီလို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အတည်ပြုခဲ့တဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ သူ့စစ်သားတွေရဲ့ ရဲရင့်မှုနဲ့ အောင်ပွဲတွေအတွက် ဂုဏ်ယူ ကျေးဇူးတင်မိကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းဟာ နိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းက နယ်မြေတွေကို ထိန်းချုပ်ထားတဲ့ ရုရှားတပ်တွေကို တန်ပြန်ထိုးစစ် ဆင်နွှဲမယ်လို့ ကာလရှည်ကြာ သတင်းထွက်နေခဲ့ပြီး လက်ရှိ အခြေအနေမှာတော့ အင်အား အလုံးအရင်းနဲ့ ထိုးဖောက် တိုက်ခိုက်တဲ့ အဆင့်မျိုး မဟုတ်သေးပါဘူး။ စစ်ရေး သုတေသီတွေကတော့ ယူကရိန်းဟာ ရုရှားရဲ့ ခံစစ်ဗျူဟာ တည်ဆောက်မှုတွေကို အကဲစမ်းနေဆဲ ဖြစ်နိုင်တယ်လို့ မှတ်ချက် ပေးထားပါတယ်။

ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ နိုင်ငံ အရှေ့ပိုင်းမှာ ဇွန် ၁၁ ရက် တစ်နေ့တည်းနဲ့တင် တိုက်ပွဲငယ်ပေါင်း ၂၅ ခုထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းဟာ ရုရှား ခံစစ်ကြောင်းရဲ့ ပျော့ကွက်ကို ရှာဖွေနေဆဲ အခြေအနေမှာတင် ရန်သူဖက်က လက်နက်ကြီးတွေ၊ အမြောက်တွေနဲ့ တုံ့ပြန်မှုကြောင့် အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ တင့်ကားတွေ၊ စစ်သုံးယန္တရားတွေ အပါအဝင် ထိခိုက်ပျက်စီးမှုတွေကိုလည်း ကြုံနေရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။