Hi, what are you looking for?
မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘မောင်တင်သစ်’ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူတွေ”ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call –...
■သီဟံ သူတို့ မမြင်ခဲ့တာ မဟုတ်ဘူး။မြင်ခဲ့တယ်။သိခဲ့တယ်။ အဲဒီလမ်းတွေပေါ်မှာစစ်သားမဟုတ်တဲ့၊လက်နက်မကိုင်တဲ့အရပ်သားပြည်သူတွေ၊ရှိနေတယ်ဆိုတာ သူတို့ သိခဲ့တယ်။ အဲဒီဈေးတန်းထဲမှာ –အိမ်ရှင်မတွေ၊ ဈေးသည်တွေ၊ ဈေးဝယ်သူတွေဟာလက်ထဲမှာ ဈေးခြင်းတောင်းတွေ၊ရင်ထဲမှာ မိသားစုဝမ်းစာအတွက် စိုးရိမ်မှုတွေနဲ့၊စစ်ပွဲရဲ့အရိပ်မဲအောက်မှာရှင်သန်ဖို့ ရုန်းကန်နေကြတယ်ဆိုတာသူတို့ သိခဲ့တယ်။ ဆေးရုံထဲမှာ –လက်နက်မကိုင်တဲ့ လက်တွေ၊တိုက်ခိုက်ဖို့ မဟုတ်ဘဲအသက်ရှင်ဖို့ ကြိုးစားနေတဲ့ လူမမာတွေသာရှိနေတယ်ဆိုတာလည်းသူတို့ သိခဲ့တယ်။ စစ်ရှောင်စခန်းမှာ...
နေမိုးဝေး – ရေဆင်း မင်းတို့မှာ ဆိုစရာဆိုလို့ခွန်အားဖြည့်မိငယ်၊ သွေးသစ္စာ၊ ဆယ်လ်မွန်ငါးတို့အပြန်၊ အမေ့အိမ်၊ အဖေ၊ မိုးခါးရေနဲ့ ရောင်နီသာရှိသလားညတိုင်းကြားပေမယ့်ငါလည်းမရိုးအီနိုင်ပါဘူးလေဆိုချိန်တန်လို့မကြားရင်နားတစွင့်စွင့်၊ မျှော်တလင့်လင့်အိပ်ယာဝင်ဖို့ခက်ပေါ့။ တော်လှန်ညများရဲ့ခါးသက်မှုတွေအကြောင်းပြန်ပြောင်းပြောဆိုခွင့်ဟာရှင်ကျန်ခဲ့သူတို့မှာသာရှိမယ်ငါပြောခွင့်ရှိချင်မှရှိမယ်မင်းပြောခွင့်ရှိချင်မှရှိမယ်ဒီအရပ်မှာ အသက်ဟာဖြစ်ဖို့ခက်ပေမယ့်ပျက်ဖို့ လွယ်လွန်းတယ်။ မင်းရှင်ကျန်ခဲ့သော်ငါမကောင်းကြောင်းတော့ပြောချင်မှာမဟုတ်ငါရှင်ကျန်ခဲ့သော်မင်းမကောင်းကြောင်းတော့မပြောချင်ဒီတော့ပြောချင်၊ နှမြောချင်၊ လွမ်းချင်အောင်တော့နေကြရအောင်လေ။ ။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘နေမိုးဝေး –...
မောင်မိုးအေး နေညိုရင် ငါးမျှားမယ် ချိတ်မှာ ဘဝနဲ့ မျှော်လင့်ချက် တွဲလဲကြီး ဝေးဝေးကိုပစ်ကွာ ကြီးကြီးကိုဆွဲ ဘဝနဲ့ရင်းပြီးမျှားတာပဲ ကြီးကြီးရသင့်တယ်မလား ပန်းပွင့်တာတွေလှလား နေဝင်ချိန်လှလား မီးသင့်ဒဏ်ရာကို တက်တူးနဲ့ ဖုံးလိုက်တယ် လှသလား ဒီလိုပဲ တူရာစုကြ ဒဏ်ရာနဲ့လူ လေးငါးခြောက်ယောက် ခုနှစ်ယောက် ဆက်မရေတွက်တော့ဘူး တွဲလဲတွေရော့...
တာပလု “အိမ်မရှိ ခွေးမွေး”တဲ့။ ခွေးပိုင်ရှင်က ဘယ်လိုစိတ်ကူးနဲ့ ပြောတာလဲတော့ မသိပါဘူး။ တကယ်လည်း ခွေးပိုင်ရှင်က ဒီနိုင်ငံမှာ လှည့်လည်သွားလာနေသူတွေ၊ တဘက်နိုင်ငံကနေ ထွက်ပြေးလာခဲ့ရသူတွေလို့ ပြောလို့ရတယ်။ ခွေးပိုင်ရှင်က မြန်မာနိုင်ငံသား၊ ခွေးတွေကတော့ ထိုင်းခွေးတွေပါ။ ခွေးပိုင်ရှင်နဲ့ ခွေးနှစ်ကောင်ဇာတ်လမ်းက မဲဆောက်က စခဲ့ကြတယ်။ လမ်းဘေးခွေးတကောင်ကို ကောက်ယူမွေးစားရာကနေ...
ရဲသူအောင် (၁) အနိုင်ဆိုတာက သူ့ကိုယ်သူ ပြောတဲ့နာမည်။ နာမည်အရင်းက ထွန်းအောင်နိုင်။ အသက်က (၂၁)နှစ်။ အသားအရည်က ဖြူဖြူသန့်သန့်၊ မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့ ပြောရရင် သူ့ရုပ်ရည်က ရုပ်ရှင်မင်းသားတောင် လုပ်လို့ရတယ်။ ဒါပေမယ့် အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါဘူး။ (၂) ကျနော်တို့ဆေးရုံကို အနိုင် စရောက်တဲ့နေ့တုန်းက...
အလုပ်မရှိတာ နှစ်ပတ်ကျော်ပြီ။ ဆန်က ရှိသေးသည်ဆိုတော့ သိပ်တော့ ကိစ္စမရှိ။ ကိစ္စရှိသည်က ဟင်းချက်စရာဖြစ်သည်။ ဒီရက်ပိုင်း ပဲဟင်းတလှည့်၊ အသားတုတလှည့်ဆိုတော့ လျှာရင်းက မမြက်သည်မှာ ကြာပြီလေ။ ကိုက်လန်လေးနဲ့ ဝက်သားလေးကို ပါးပါးလှီးပြီး ကြော်စားလိုက်ရင်ကွာ ဆိုတဲ့အသိက ဦးနှောက်ကို သတင်းပို့တော့ ဗိုက်တွေပါ ဆာလာသည်။