Connect with us

Hi, what are you looking for?

ကဗျာ

ငလျင်လှုပ်ပြီး​နောက် ၇၂ နာရီ’

အပူ​ရှောင်စရာဖြစ်ဖြစ်
ငလျင်​ရှောင်စရာဖြစ်ဖြစ်
​မေမြို့မှာ
ကျွန်​တော်တို့
အိမ်မရှိပါဘူး …

ဗကိုသက်

အပူ​ရှောင်စရာဖြစ်ဖြစ်
ငလျင်​ရှောင်စရာဖြစ်ဖြစ်
​မေမြို့မှာ
ကျွန်​တော်တို့
အိမ်မရှိပါဘူး …

ရှိတဲ့အိမ်က​လေးလည်း
သံလျက်​မှော်မှာ
အခု
မရှိ​တော့ဘူး …

ကျုံး​ဘေး လမ်းလယ်ကျွန်းမှာ
မိုးကာတဲထိုးပြီး
အခု
ကျွန်​တော်တို့ ​နေ​ပါတယ် …

Public Service Announcement

Public Service Announcement

​တော်​သေးတယ်
ကျွန်​တော်တို့မှာ
​နေစရာ အသက်ရှိ​သေးတယ် …

ကျွန်​တော်တို့မိတ်​ဆွေ​များ
​တော်​တော်များများ
အသက်မရှိကြ​တော့ဘူး …။

၃၁၊ မတ်၊ ၂၀၂၅။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​ဗကိုသက်’ရေးဖွဲ့ခဲ့တဲ့ “​ငလျင်လှုပ်ပြီး​နောက် ၇၂ နာရီ”
ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။