Connect with us

Hi, what are you looking for?

ကဗျာ

‘ဘယ်တော့မှပြန်မဆုံတော့မယ့် အမျိုးသမီးသို့’

အနော်မာမြစ်ကြီးခြားပြီး ထားရက်ခဲ့သူလို
ဘဝရဲ့အကျအပေါက်တွေကို ဖြည့်ဖို့
ကိုယ်မစွမ်းနိုင်ဘူး။

မိုးမြင့်ကျော်

အနော်မာမြစ်ကြီးခြားပြီး ထားရက်ခဲ့သူလို
ဘဝရဲ့အကျအပေါက်တွေကို ဖြည့်ဖို့
ကိုယ်မစွမ်းနိုင်ဘူး။
လိုအပ်ချိန်မှာ လက်သီးကိုဘယ်လိုဆုပ်ရမယ်၊
ဦးခေါင်းကို ဘယ်လိုညွတ်တွားရမယ်
ဒီလောက်ပဲကိုယ်သိတယ်။
ဘယ်လောက်တောင်လွဲမှားခဲ့လဲဆိုရင်
ကိုယ်အရောက်သွားခဲ့တဲ့ ကွန်တိုမျဥ်းစိတ်တွေ
မြေပုံထဲမှာကလွဲရင် တကယ်မရှိတော့ဘူး။
လူတွေ အမြဲစွန့်ပစ်ထားလေ့ရှိတဲ့
တောတွင်းလမ်းသွယ်လေးတွေကို ပေါင်းသင်း၊
အိုင်ငယ်တွေကိုပေါင်းသင်း။
ဒါတောင် ကိုယ်တို့ချစ်တတ်တယ်ဆိုတာ
သူတို့မယုံဘူး။
သူတို့အဝေးကလှမ်းလှမ်းငေးတဲ့
တောင်သွယ်တွေဟာ တခုခုပြောချင်နေသလို
အမြဲရုန်းကြွနွဲ့ယိမ်းနေတာ။
သူတို့အဆိုအရ ဒုက္ခကို ခိုးယူပေါင်းသင်းဖို့ ရောက်လာတဲ့ကောင်တွေကြောင့်
တောင်တွေဟာ ဖုန်းဆိုးမြေဆန်သွားတယ်။
အမြဲတမ်းဆိုသလို လမ်းလျှောက်နေရပေမယ့် ကိုယ်တို့မှာ လမ်းဆိုတာမရှိဘူး။
ထူထပ်တဲ့တောမှာ အိမ်ကိုရှာ၊
သေပြီးသူရဲ့အလောင်းမှာ အသက်ကိုရှာ၊
ငတ်မွတ်နေမှုမှာ အာဟာရကိုရှာ။
ဆင်းရဲမွဲတေမှုနဲ့ အသားတကျဖြစ်ခြင်းကို
မသင်ယူပဲတတ်မြောက်ခဲ့ရပြီ။
သေလောက်အောင်ချစ်ခဲ့ပြီး
ဘယ်တော့မှ ပြန်မဆုံရတော့မယ့် အမျိုးသမီးတွေကို ကိုယ်တို့အားလုံး ခွင့်လွှတ်ခဲ့ပါတယ်။
အိမ်မက်တွေတိုင်းမှာတော့
ကိုယ်တို့အတူရှင်သန်ချင်ခဲ့တဲ့ နေ့ပေါင်းများစွာ မြင်မက်နေဆဲပါပဲ။
ကမ္ဘာကို ပေါင်းစည်းဖို့သပ်သပ်မဟုတ်ဘဲ
ခွဲခွာဖို့အတွက်လည်း ဖန်ဆင်းခဲ့တယ်ဆိုတာ
ကိုယ်လက်ခံလိုက်ပြီ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မိုးမြင့်​ကျော်”ရေးသားခဲ့တဲ့ “​ဘယ်တော့မှပြန်မဆုံတော့မယ့် အမျိုးသမီးသို့” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …