Connect with us

Hi, what are you looking for?

ဝတ္ထုတို

■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ဝတ္ထုတို

ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ဝတ္ထုတို

ကျောပိုးအိတ်လေးချ၊ မီးဖိုချောင်ထဲ တကုတ်ကုတ် အလုပ်ရှုပ်နေတဲ့ အမေ့ဆီ သွားနှုတ်ဆက်လိုက်ပါတယ်။ အမေက ကျနော့်အကြိုက် လက်ဖက်သုတ်နေတာကိုး။ အမေ ကမ်းပေးတဲ့ လက်ဖက်သုတ်လေး တဇွန်းတောင် မစားရသေးဘူး၊ ဖုန်းခေါ်သံ ကြားလိုက်ရတယ်။

ဝတ္ထုတို

​ဒေးဗစ်​မောင်​မောင် လူ့ရည်မှန်းချက်ဆိုတာကလည်း ဆန်းကြယ်လွန်းပါသည်။ တခုခုကို လိုချင်လို့ နှစ်ပေါင်းများစွာ ကြိုးစားပါလျှက်နှင့် ရယူပိုင်ဆိုင်ခွင့် မရခဲ့။ ခြေကုန်လက်ပမ်းကျလို့ လွှတ်ချလိုက်သည့်အခါမှ မမျှော်လင့်ဘဲ ကိုယ့်ထံ ရောက်ရှိလာခဲ့တတ်သည်။ အေးချို့ဘဝမှာ အဲသည်လို ကြုံလာခဲ့ရသည်။ ‘မမအေးချို စာသင်ပေးပါလား’ တဲ့။ ကျေးရွာကာကွယ်ရေးခေါင်းဆောင်နှစ်ဦးက လာပြောပါသည်။ ပြောသည်မှာက ရိုးရိုးရင်းရင်းနှီးနှီး...

ဝတ္ထုတို

“ဝုန်း” ခနဲအသံကို ဖိုးလေးထွန်းမြိုင် ကြားလိုက်တော့ ညသန်းခေါင်ကျော်ရှိရော့မယ်။ အသက်ခုနစ်ဆယ်ကျော်မို့ သူ့မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်တယ်လို့မရှိ။ အိပ်ရင်လည်း ကြက်အိပ်ကြက်နိုးပဲ။ အစက ကြားရတဲ့အသံကို နွားဇောင်းထဲမှာ သူ့ခြံပေါက် ငညိုကြီးတို့ညီနောင် ခွေ့နေကြတယ် ထင်လိုက်တာ။

ဝတ္ထုတို

ဒီကနေ့နံနက်မှာ ကျနော်တို့ ခရီးထွက်ဖြစ်ပါတယ်။ တနေရာကို မရောက်ခင်အထိ လူရော၊ စိတ်ပါ မကျန်းမာ။ ခပ်ကြမ်းကြမ်းလမ်းတချို့ဖြတ်သန်းပြီးတော့ ဆိုင်ကယ်ပျက်လို့ နားတဲ့တနေရာမှာ အကိုက်အခဲပျောက်ဆေးတလုံး သောက်လိုက်တယ်။

ဝတ္ထုတို

အမဲသားရလျှင် အမဲသားရသည်ဟု လော်စပီကာနှင့်အော်၍ ကြေညာတတ်သောရွာတွင် ကိုဆန်ပေါတို့ ရောက်ရှိနေသည်။ ကိုဆန်ပေါသည် အစပိုင်းရောက်ခါစတွင် ဘာအကြောင်းကြောင့်အော်နေသည်ကို အတိအကျ နားမလည်သေးပေ။

ဝတ္ထုတို

တော်သလင်းနေ​ရောင်အောက်ရှိ အရိပ်ရ တမာပင်အောက်တွင် ဒေါ်စန်းရီတယောက် ခြေပစ်လက်ပစ်နှင့် ထိုင်နေသည်။ ခါတိုင်းရက်များတွင် ခပ်မြင့်မြင့် ထုံးနေကြဖြစ်သည့် ဘီးဆံပတ်ထုံးကြီးမှာလည်း သေချာမထုံးနိုင်၍ ဆံပင်များ ဖွာလန်ကြဲကာ ပြေလျော့နေသည်။ သည်နေပူ၊ သည်ကာလများ ဘယ်အထိကြာရှည်အောင် စစ်ဘေးရှောင်ရပါမည်နည်း။ ဒေါ်စန်းရီသာမက၊ မည်သူမျှ မခန့်မှန်းနိုင်။ စစ်ကြောင်းဝင်လာပြီတဲ့ ဆိုလျှင် ဒေါ်စန်းရီတို့...

ဝတ္ထုတို

မနက်အစောကြီး ဈေးခင်းနေတုန်း ရှိသေးတယ်၊ ရွာ့မြောက်ဘက်က ပစ်သံခတ်သံ၊ ပေါက်ကွဲသံတွေ ကြားလိုက်ရပါတယ်။ ဘေးရွာတွေက ဈေးသည်တွေ၊ ဈေးဝယ်တွေ လှုပ်လှုပ်ရွရွ ဖြစ်ကုန်တယ်။ တီးတိုး တီးတိုး ပြောနေကြတယ်။ ဆိုင်နားရောက်လာတဲ့ ဆိုင်ကယ်ဈေးသည်တဦးကို လက်တို့ကြည့်တော့ ဘယ်ရွာနဲ့ ဘယ်ရွာကြား ပွဲဖြစ်နေတယ်တဲ့၊ မြောက်ဘက်အထွက်လမ်းကို ပိတ်ထားတယ်တဲ့။ ပြောသွားသေးတယ်၊...

ဝတ္ထုတို

အဖိုးကြီးက သေရွာပြန်ပါ…။ သေရွာကနေ အဖိုးကြီးပြန်လာတာ တကြိမ်လည်းမက နှစ်ကြိမ်လည်းမကပါဘူး။ အကြိမ်ပေါင်းများစွာ သေရွာက ပြန်လာနိုင်ခဲ့တဲ့အဖိုးကြီးပါ။ ဒီရက်ပိုင်းမှာ ကျ​နော်ဟာ အဖိုးကြီးကို ထူးထူးခြားခြား သတိရနေမိပါတယ်။ ဒီနေရာမှာ အဖိုးကြီးလို့ ဘာလို့ခေါ်ရသလဲဆိုရင် ကျ​နော်တို့တပ်ဖွဲ့ထဲကို သူရောက်လာခဲ့တာ လွန်ခဲ့တဲ့ (၂၀၂၂) အစောပိုင်းကာလကတည်းကဖြစ်ပါတယ်။ တပ်ဖွဲ့ကိုဝင်လာတဲ့အချိန်ကလည်းစောသလို တပ်ဖွဲ့ဝင်တွေထဲမှာ...

ဝတ္ထုတို

သားရေ...၊ ဂူဂူးရေ...။ အခုချိန်ဆို မင်း ဘယ်တွေ ရောက်နေမှာလဲကွာ။ အရင်က ဒီနေရာ တဝိုက်ဟာ ဂန္ဓမာ အဖြူ၊ အဝါတွေနဲ့ ဖုံးလွှမ်းနေတဲ့ တောင်ကုန်းကြီးလေ။ ပန်းခင်းကြီးထဲမှာ ပြေးလွှားနေတဲ့ မင်းကို ငါ ခဏခဏ သတိရမိတယ်။ အခုတော့ ပန်းခင်းတွေလည်း မရှိတော့ဘူး။ မင်းလည်း...

Facebook