Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် ဒုံးပျံ လွှတ်တင်ပြီး တစ်မိနစ်ခွဲ နီးပါးအကြာမှာ ပေါက်ကွဲပျက်စီး

တရုတ်ဂြိုဟ်တု တစ်စီးကို တင်ဆောင်သွားတဲ့ ဒုံးပျံကြီးဟာ လွှတ်တင်ပြီး တစ်မိနစ်ခွဲနီးပါး အကြာမှာပဲ အပြင်းအထန် ပေါက်ကွဲ ပျက်စီးသွားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်ဂြိုဟ်တု တစ်စီးကို တင်ဆောင်သွားတဲ့ ဒုံးပျံကြီးဟာ လွှတ်တင်ပြီး တစ်မိနစ်ခွဲနီးပါး အကြာမှာပဲ အပြင်းအထန် ပေါက်ကွဲ ပျက်စီးသွားခဲ့ပါတယ်။

ဩဂုတ် ၁၀ ရက်နေ့က နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်ကျွန်းပေါ်မှာရှိတဲ့ ဝမ်ချန် ဒုံးပျံစခန်းကနေ လွှတ်တင်လိုက်တဲ့ Long March 7A ဒုံးပျံဟာ ပစ်လွှတ်ပြီး ၈၅ စက္ကန့် အကြာမှာပဲ တောက်ပတဲ့ အလင်းရောင်တွေနဲ့ ပေါက်ကွဲသွားခဲ့တာ ဖြစ်ပါတယ်။ လူလိုက်ပါမှု မရှိတဲ့ ဒုံးပျံဟာ ကမ္ဘာပတ်လမ်းထဲ လွှတ်တင်မယ့် ChinaSat-4B ဂြိုဟ်တုကို သယ်ဆောင်သွားခဲ့တာပါ။

တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနတော့ ဘေဂျင်းစံတော်ချိန် ည ၈း၀၀ နာရီလောက်မှာ လွှတ်တင်ခဲ့တဲ့ ဒုံးပျံဟာ ၂ မိနစ်လောက် အကြာမှာပဲ မူမမှန်တဲ့ အခြေအနေတစ်ခု ကြုံတွေ့လို့ ပေါက်ကွဲသွားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ လွှတ်တင်မှု မစ်ရှင် မအောင်မြင်ခဲ့ကြောင်း၊ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်မှုတွေ၊ စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း ရှင်ဟွာက ဆိုပါတယ်။

ဒုံးပျံ သုတေသီတွေကတော့ မှတ်တမ်း ဗီဒီယိုတွေအရ ဒုံးပျံဟာ ခပ်နိမ့်နိမ့် အမြင့်မှာပဲ ပေါက်ကွဲသွားတာလို့ ယုံကြည်ရကြောင်း မှတ်ချက် ပေးထားကြပါတယ်။ အဓိပ္ပါယ်ကတော့ ဒုံးပျံရော၊ တင်ဆောင်သွားတဲ့ ဂြိုဟ်တုပါ ကမ္ဘာပတ်လမ်းထဲထိ မရောက်ခဲ့ကြဘူး ဆိုတာပါပဲ။

Public Service Announcement

Public Service Announcement

ဒုံးပျံဟာ လေထုဖိအား အမြင့်ဆုံး ဇုန်ကို ဖြတ်သန်းချိန်မှာ ကိုယ်ထည် အပေါ်ပိုင်း ကျိုးပြတ်ထွက်ပြီး ပေါက်ကွဲထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒုံးပျံနဲ့ ဂြိုဟ်တု အစိတ်အပိုင်းတွေကတော့ တောင်တရုတ်ပင်လယ်ပြင်ဆီ ကျဆင်းသွားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် မတ်လမှာ Long March 7Aရဲ့ ပထမဆုံး လွှတ်တင်မှုတုန်းကလည်း ပျံသန်းရင်း ချွတ်ယွင်းမှု တစ်ခု ကြုံခဲ့တာကြောင့် မစ်ရှင် မအောင်မြင်ခဲ့ပါဘူး။ နောက်တစ်နှစ်မှာ ပြုလုပ်တဲ့ လွှတ်တင်မှုမှာ ချောချောမောမော ဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာလည်း ကမ္ဘာပတ်လမ်းထဲကို ၁၆ ကြိမ်ဆက်တိုက် ပျံတက်နိုင်ခဲ့ပါတယ်။

Long March 7A ပေါက်ကွဲမှုဟာ တရုတ်ရဲ့ လကမ္ဘာ စူးစမ်းရေး သီးခြားမစ်ရှင်ဖြစ်တဲ့ Chnag’e-7အတွက်တော့ တိုက်ရိုက် သက်ရောက်မှု ရှိစေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီ မစ်ရှင်အတွက်ကိုတော့ အရွယ်အစား ပိုကြီးမားပြီး အမျိုးအစားလည်း ကွဲပြားတဲ့ Long March 5 ဒုံးပျံကို အသုံးပြုဖို့ ရွေးချယ်ထားပါတယ်။

အမေရိကန် အာကာသ စူးစမ်းရေး နည်းပညာ လုပ်ငန်းစုကြီး SpaceXရဲ့ အမှုဆောင်ချုပ် အီလွန်မတ်စ်ခ်ကတော့ ဒုံးပျံတွေ လွှတ်တင်ရတယ် ဆိုတာက အင်မတန် ခက်ခဲကြောင်း၊ ဒီအခြေအနေကနေ အမြန်ဆုံး နာလန်ပြန်ထဖို့ မျှော်လင့်ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားပြီး တရုတ်အာကာသ အေဂျင်စီ (CNSA)အတွက် စာနာစကား ပြောခဲ့ပါတယ်။

တရုတ်ရဲ့ အစိုးရနဲ့ ပုဂ္ဂလိကပိုင် လုပ်ငန်း အများအပြားဟာ SpaceXရဲ့ အာကာသ စူးစမ်းရေးနဲ့ ဒုံးပျံနည်းပညာပိုင်း အသာစီး ရမှုကို အမီလိုက်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား နိုင်ငံက ဖိုရမ်တစ်ခုမှာ တရုတ် လိုလားသူတစ်ဦးက တောင်တရုတ်ပင်လယ် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး နှောင့်ယှက် ဆန္ဒပြတဲ့သဘော စာတိုတစ်စောင် ပေးပို့ခဲ့တဲ့နောက် ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးက တရုတ်အပေါ် ချက်ကျလက်ကျနဲ့ တုံ့ပြန် ဝေဖန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ အီဂျစ် လေတပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ Eagles of Civilization 2026 စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေ ပြီးဆုံးခဲ့ကြောင်း နှစ်နိုင်ငံ စစ်ဘက်က အသီးသီး ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီက ပုဂ္ဂလိက လေကြောင်းသိပ္ပံ ကုမ္ပဏီ တစ်ခုဟာ အာကာသထဲကို ဒုံးပျံတစ်စင်း ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ပစ်လွှတ်နိုင်ခဲ့ပါတယ်။