Hi, what are you looking for?
■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...
မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...
ငြိမ်းကိုငြိမ်း ၁။ ဒီတနှစ်မိုးကတော့ ကောင်းဆဲ။ တောင်ပေါ်ဒေသလည်းဖြစ်တာမို့ ရွာရင်လည်း လေးငါးရက်ဆက်တိုက် မစဲတော့။ တခါတရံ နေကျဲကျဲပူတာမို့ ကျောင်းကို ထီးမယူဖြစ်တော့ဘဲ သွားမိတဲ့အခါမျိုး ရှိဖူးတယ်။ တောင်ပေါ်မိုးက အစိုးမရရယ်။ နေကျဲကျဲပူရာက ချက်ချင်းဆိုသလို အုံ့ဆိုင်းမှုန်မှိုင်းလာပြီး ဗြုန်းဆို မစဲဘဲ သည်းသည်းထန်ထန်ရွာချတတ်တာမျိုး။ အထူးသဖြင့် ကျောင်းဆင်းချိန်...
မောင်သုည (ရှပ်ပုံသားလေး) (၁) သာတချီ မှိန်တလှည့် အသက်ရှူကြပ်နေသော လရောင်အောက် လွတ်နိုင်သမျှလွတ်အောင် ပြေးရင်း ညောင်ပင်ကြီးဆီရောက်လာသည်။ ထိုညောင်ပင်အောက်ကို တိုးဝင်သွားသောအရိပ်တခုကြောင့် ကျီးမဲတအုပ်သည် တထိတ်တလန့် ဖရိုဖရဲ ထပျံသန်းသွားကြ၏။ ”အမေ့သားလေး ” အမေ ဆက်ပြေးလိုက်သည်။ ဗွက်အိုင်ထနေသော ရေမျက်နှာပြင်လမ်းမပေါ်က လဆန်း၏လခြမ်းသည် လှုပ်ခတ်ကျန်ခဲ့လေတော့သည်။...
After You ဆိုတဲ့ စာသားကလေးကို မထင်မှတ်ဘဲ ဒီရက်ပိုင်းကြားခွင့်ရခဲ့ချိန် အတော်လေး ကျမစိတ်ထဲ သဘောကျမိတယ်။ After You ဆိုတာ ‘မင်းအရင်သွားပါ၊ မင်းအရင်စားပါ” ဆိုတာမျိုး ကိုယ်မဟုတ်တဲ့ တခြားတယောက်ယောက်ကို ဦးစားပေး လိုက်တာမျိုး၊ အဲ့ဒီလိုဦးစားပေးလိုက်လို့ ကိုယ့်အတွက် နစ်နာသွားတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။
လက်ဖက်ရည်ဆိုင် တဆိုင်မှာ အချိန်အကြာကြီးထိုင်ဖူးခဲ့တယ်။ ခဏခဏလဲ သွားထိုင်ဖြစ်တဲ့ဆိုင်ပါ။ နေတဲ့အဆောင်နဲ့ နီးလို့ မကြာခဏရောက်ဖြစ်တဲ့ ဆိုင်ဆိုလည်း မမှားပါဘူး။ ကိုယ်နေတဲ့နေရာနဲ့နီးလို့ လက်ဖက်ရည်သောက်ချင်လာတဲ့အခါ သွားထိုင်ဖြစ်တာလဲ ရှိတယ်။ တနေရာက မိတ်ဆွေအပေါင်းအသင်းတွေ လာရင်လဲ အဲ့ဒီလက်ဖက်ရည်ဆိုင်မှာပဲ ဧည့်ခံဖြစ်တယ်။