Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မှာ စစ်ရှောင်တဲအလုံး ၃ဝ ခန့် ရေမျောပါ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ဧရာဝတီမြစ်ဘေးမှာ စစ်ဘေးရှောင်နေကြတဲ့ စစ်ရှောင် တစ်ထောင်နီးပါး ရေဘေးသင့်နေပြီး စစ်ရှောင်တဲအလုံးရေ ၃၀ ခန့် ရေထဲမျောပါသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

(ရေဝင်နေသော ငါန်းဇွန် မြို့ပေါ်ရပ်ကွက်တစ်ခုအား တွေ့ရစဥ်။ ဓါတ်ပုံံ-File Video)

သြဂုတ် ၁၁၊၂၀၂၆။မေရီ/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ဧရာဝတီမြစ်ဘေးမှာ စစ်ဘေးရှောင်နေကြတဲ့ စစ်ရှောင် တစ်ထောင်နီးပါး ရေဘေးသင့်နေပြီး စစ်ရှောင်တဲအလုံးရေ ၃၀ ခန့် ရေထဲမျောပါသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ငါန်းဇွန်မြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးမှာ ယာယီနေထိုင်ကြတဲ့ စစ်ရှောင်ပြည်သူတွေဟာ မြစ်ရေတက်လာလို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

“စစ်ရှောင်တွေ ရေဘေးဒုက္ခ အကြီးအကျယ်ရောက်နေကြပါတယ်။ လူနေတဲတွေလည်း ရေထဲမျောပါသွားပါတယ်။ ၅ ရက်နေ့ကစပြီး ရေကြီးလာတာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရှောင်ပြည်သူ ၉၀၀ ခန့်ဟာ ရေလွတ်တဲ့နေရာကို ထပ်မံပြောင်း ရွှေ့ပြောင်းနေထိုင်နေရပြီး စားသောက်နေထိုင်ရေး အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

နိုင်ငံအထက်ပိုင်းဒေသတွေမှာ နေ့စဥ် ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ဆည်ရေတွေဖောက်ထုတ်တာတွေကြောင့် ရေကြီးရေလျှံကာ စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းတို့က မြို့နယ်ပေါင်း ၁၇ ခုမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေပြီး လူဦးရေ ၄၄၁,၇၈၈ ဦးခန့် ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၁၀ရက်အထိ ဆန်းစစ်ချက်တွေအရ စစ်ကိုင်းတိုင်းအတွင်း အင်းတော်မြို့နယ်မှာ ရေပြန်ကျဆင်းနေပြီး စစ်ကိုင်းမြို့နယ်၊ ကလေးမြို့နယ်နဲ့ မြောင်မြို့နယ်တွေက ကျေးရွာအချို့မှာ ရေဝင်ရောက်နေတဲ့အတွက် အခြေအနေကို ဆက်လက်စောင့်ကြည့်ပြီး လိုအပ်တဲ့ အရေးပေါ် တုံ့ပြန်မှုလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ အထက်ပါဌာနက အသိပေးပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ ရပ်ကွက် တချို့မှာလည်း ရေဝင်ရောက်နေပြီး ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ် ရွှေ့ပြောင်းတာ၊ ယာယီနေရာချထားတာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

လာမယ့် ဩဂုတ် ၁၃ ရက်မှာလည်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအား နည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး ထိုင်းနိုင်ငံဘက်မှ မုတ်သုံအားမြှောင်တန်းဟာ မြန်မာနိုင်ငံ ဘက်သို့ ရွေ့လျားမှာဖြစ်လို့အနောက်တောင်မုတ်သုံလေဟာ အားကောင်းရာကနေ အားအလွန်ကောင်း နိုင်တယ်လို့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သံလွင်မြစ်၊ ဧရာဝတီမြစ်နဲ့ ၎င်းတို့ရဲ့ မြစ်လက်တက်တွေမှာ မြစ်ရေ ဆက်တိုးနေပြီး မိုးသည်းထန်စွာရရင် ရေထပ်မံ တိုးလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားလေ့ရှိတဲ့ မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းဒေသတွေက မြို့နယ်တွေနဲ့ ကျေးရွာတွေအနေနဲ့ မိုးလေဝသအခြေအနေတွေကို အထူးသတိပြုနေထိုင်ကြဖို့နဲ့ လိုအပ်ပါက ကြိုတင်ရွှေ့ပြောင်းနေထိုင်ကြဖို့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုင်း​လေးခုမှာ​ရေ​ဘေးသင့်ပြည်သူ ၄၅၀,၀၀၀ ကျော် ရှိပြီး ၊စစ်ကိုင်းမှာပဲ ၂၂၀,၀၀၀ ကျော်

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

မြန်မာနိုင်ငံအလယ်ပိုင်းအညာဒေသစစ်ကိုင်းတိုင်းထဲကရွှေဘို ၊ခင်ဦး၊ ဒီပဲယင်းနဲ့ ရေဦးမြို့နယ်တွေရှိ မူးမြစ်ဘေးတလျှောက်ရှိရေဘေးသင့်နေတဲ့ ရွာတွေကို သြဂုတ်လ ၁၀ ရက် ညနေပိုင်းကတွေ့မြင်ရတာပါ။

သတင်း

စစ်ကိုင်းမှာ​ရေ​ဘေ​ကြောင့်​သေဆုံးသူ ၂၀ ဦးရှိလာ