Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမြို့နယ် စစ်တပ် ဗုံးကြဲလို့ ကလေးငယ် အပါအဝင် ၃ဦး သေဆုံး ၊ ၈ဦးဒဏ်ရာရ

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

(စစ်တပ် ဗုံးကြဲမှုကြောင့် ပျက်စီးမှုတွေကို တွေလရစဉ်။ ဓာတ်ပုံ - KNU)

‎ဩဂုတ် ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

‎ဩဂုတ် ၁၀ရက် ညနေပိုင်းက ကျောက်ကြီးမြို့နယ် ဘုရားကြီးကျေးရွာကို ဖျက်အားပြင်းဗုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ (၃)ဦး သေဆုံးခဲ့ရပြီး (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၃)လုံး ထိခထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

‎စစ်တပ်က‎ ဘုရားကြီးကျေးရွာအတွင်းသို့ ပေါင် (၅၀၀) ဗုံး (၂)လုံး လာရောက်ကျဲချခဲ့ရာ မာပီဖိုးကျေးရွာမှ စစ်ဘေးရှောင် (၁)ဦးဖြစ်တဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့သလို ဘုရားကြီးကျေးရွာက ၉ နှစ် ကလေးငယ်နဲ့ အမျိုးသမီး ၁ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ကလေးငယ် ၄ဦး အပါအဝင် ၈ဦးဒဏ်ရာရခဲ့ကြောင်း KNU က အသိပေးထားပါတယ်။

‎အာဏာသိမ်းစစ်တပ်ဟာ အာဆီယံ ဘုံသဘောတူညီချက် (Five-Point Consensus) အား လိုက်နာဆောင်ရွက်င်း မရှိဘဲ နိုင်ငံတစ်၀န်းရှိ အပြစ်မဲ့ အရပ်သားပြညသူများသို့ လေယာဉ်များ၊ ဒရုန်းများ၊ လက်နက်ကြီးများဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်း သော်လည်းကောင်း၊ အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း နဲ့ စစ်ရာဇ၀တ်မှုဆိုင်ရာများအား နေ့စဉ်နဲ့အမျှ ကျူးလွန်လျှက်ရှိဟု KNU က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook