Connect with us

Hi, what are you looking for?

သတင်း

ပလက်၀မြို့ကို စစ်တပ် ဗုံးကြဲ၊ မိန်းကလေး ၂ ဦး ဒဏ်ရာရ

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၁၁၊ ၂၀၂၆။ ခိုင်မြတ်/ People’s Spring

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မနက် ၇ နာရီခွဲဝန်းကျင်မှာ ပလက်၀မြို့အဝင်ဆိုင်းဘုတ်အနီးဝန်းကျင်ကို ဂျက်ဖိုက်တာ ၁ စီးနဲ့ ပေါင် ၅၀၀ဗုံး ၁လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။

“မနက်က အိမ်မှာ TV ကနေ သတင်းကြည့်နေကြတာပြောတယ်။ ဘေးအိမ်ကလူတွေရော ရှိတယ်။ အဲဒါကို ဘာမ ဆိုင်ညာမဆိုင် ဂျက်ကရောက်လာပြီး ကြဲသွားတာ။ လေယာဉ်က တခါတည်း လာပြီး ကြဲတာ၊ ပုန်းဖို့ အချိန်တွေလည်း မရလိုက်ကြဘူး”လို့ ပလက်၀မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဗုံးကြဲမှုကြောင့် ပလက်၀မြို့ကို ကျောင်းတက်ဖို့ရောက်နေတဲ့ ၆တန်းကျောင်းသူ၊ အသက် ၁၃ နှစ်အရွယ် မသန္တာထိုက်နဲ့ အသက် ၁၉ နှစ်အရွယ် မထွေးစိန်တို့ ဒဏ်ရာရခဲ့တာဖြစ်ပြီး ၂ ဦးလုံးဟာ ခူမီးလူမျိုး‌တွေ ဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ပလက်၀မြို့နယ်ကို AA က ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းမှာ သိမ်းပိုက် ထိန်းချုပ်ခဲ့ပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေစိုမိုးရေးယန္တရားတွေနဲ့ ပညာရေး၊ ကျန်း မာရေးဝန်ဆောင်မှုတွေ ပေးနေတာဖြစ်ပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်ကလည်း ပလက်၀မြို့နယ် ဝါးရူးနဲ့ ကယက်ကျေးရွာကြားကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၄လုံး ကြဲချ၊ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့ပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်အပါအဝင် AA ထိန်းချုပ်ဒေသတွေ ကို လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေတာပါ။

စစ်တပ်ဟာ နိုင်ငံအနှံ့မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ပြည်သူတွေ နေထိုင်ရာ လူနေရပ်ကွက်၊ စာသင် ကျောင်းတွေ၊ စျေးတွေ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ဘာသာရေးအဆောက်အဦးတွေကို တိုက်လေယာဉ်အုပ်လိုက်နဲ့ နေ့စဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေဆဲဖြစ်တယ်လို့ AA က ဆိုပါတယ်။

အဲဒီလို စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ နေ အိမ်အက်အဦးတွေပျက်စီးမှုဟာလည်း နေ့စဉ်နဲ့အမျှ မြင့်တက်နေပြီး စစ်တပ်ရဲ့ အောက်တန်းကျတဲ့ အဲဒီလုပ်ရပ် တွေအပေါ် မှတ်တမ်းတင်ထားကာ တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်၊ သတိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက် ကနေ ဇွန်လကုန်ထိ ၆ လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရေဘေးဒဏ်ခံစားနေရတဲ့ ခင်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်တွေမြို့အနီးပတ်လည်မှာရှိတဲ့ ရွှေမင်းဂံရေတပ်၊ ဒကစ(စစ်တွေ)အပါအဝင် တပ်ရင်း၊ စခန်းတွေ တိုက်ခိုက်ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ကုလားတန်မြစ်နဲ့ ဆတ်ရိုးကျချောင်း ဆုံရာနေရာမှာ ရေတပ်စခန်းချဖို့ အဆောက်အ ဦးသစ်တွေ ဆောက်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။