ကဗျာ
Burmese Core ဒီရာစုနှစ်ရဲ့ အမှောင်ဆုံးညတွေထဲက တညပေါ့။မိုးဒဏ်လေဒဏ်ကို အလူးအလဲခံနေရတဲ့ အထီးတည်း အိမ်ငယ်လေးတလုံး။အိမ်ထဲမှာတော့ အလင်းရောင်ရဖို့ ကြိုးစားနေတဲ့ လူငယ်လေးတယောက်။စိုထိုင်းမှုရှိနေတဲ့ မီးခြစ်ဆံဗူးလေးကို ခြစ်ရင်းလွှင့်ပစ်လိုက်ရတဲ့ မီးခြစ်ဆံလေးတွေ တချောင်းပြီးတချောင်း။အိမ်ထောင့်က အမှောင်ရိပ်ထဲမှာတော့ လှုပ်ရွေ့နေတဲ့ မျက်လုံးတစုံ။မလှုပ်မယှက် လှဲလျောင်းနေတဲ့ အသက်ကြီးကြီးအမျိုးသမီးတဦး၊ဒါမှမဟုတ် သူ့ရဲ့အုပ်ထိန်းသူဖြစ်ပုံရတဲ့ တယောက်ယောက်နေမှာပေါ့။အဲဒီမျက်လုံးတွေဆီကလည်းအလင်းကို ညှိယူလို့ မဖြစ်နိုင်တော့တာ...




















































