Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့ ခမရ(၅၈၈)တပ်ရင်းမှူးနေအိမ်နှင့်လက်နက်တိုက်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ဟု ဒေါနစစ်ကြောင်းမှူးပြော

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ​၏ ခမရ(၅၈၈) တပ်ရင်းမှူးနေအိမ်နှင့်လက်နက်တိုက်ကို တော်လှန်​ရေးတပ်များ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) စစ်ဆင်ရေးမှူး၊ ဒေါနစစ်ကြောင်းမှူးလည်းဖြစ်သူ စောဒါးကိုက လူထုနွေဦးသို့ပြောသည်။

ခမရ(၅၈၈)တပ်ရင်းမှူးနေအိမ်နှင့်လက်နက်တိုက်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် နေစဉ်။ ဓာတ်ပုံ - ဒေါနတပ်ရင်း

ဧပြီ၂၇၊၂၀၂၅။ရဲခေါင်/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ​၏ ခမရ(၅၈၈) တပ်ရင်းမှူးနေအိမ်နှင့်လက်နက်တိုက်ကို တော်လှန်​ရေးတပ်များ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) စစ်ဆင်ရေးမှူး၊ ဒေါနစစ်ကြောင်းမှူးလည်းဖြစ်သူ စောဒါးကိုက လူထုနွေဦးသို့ပြောသည်။

ရေးမြို့နယ် မော့ကနင်ရွာအခြေစိုက် ခမရ(၅၈၈) တပ်ရင်းအား ဧပြီ၂၄ရက် နေ့လည် ၁နာရီ၃၀မိနစ် ခန့်က ၁၀၇မမ ရှော့တိုက်ဒုံး ၅လုံးဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ထိရောက်မှု ရှိတယ်။သေဆုံးထိခိုက်မှုကို ကျွန်တော်တို့ စုံစမ်းဆဲဖြစ်တယ်။လောလောဆယ် ဒီကောင်တွေဘက်က သတင်းကိုလုံးဝဖျောက်ထားတယ်”ဟု စစ်ဆင်ရေးမှူးစောဒါးကို က ခမရ(၅၈၈)တပ်ရင်း၏ အခြေအနေကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ခမရ(၅၈၈)တပ်ရင်း တိုက်ခိုက်ရာတွင် မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့(NMSP-AD)နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်‌ရေးတပ်မတော် ဒေါနတပ်ရင်းက ယနေ့ (ဧပြီ၂၇ရက်) ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုကြောင့် ရန်သူစစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကာ တော်လှန်ရေးပူးပေါင်းတပ်များမှ ထိ ခိုက်မှု မရှိဟု ဖော်ပြသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီသည် အခြေစိုက်တပ်အများဆုံးတပ်တည်ထားပြီး စကခ – ၁၉ လက်အောက်ခံ ခလရ(၃၁)၊ ခလရ (၆၁)၊ ခလရ (၁၀၆)၊ ခမရ (၂၉၉)၊ ခမရ (၃၄၃)၊ ခမရ (၅၈၆)၊ ခမရ (၅၈၇)၊ ခမရ(၅၈၃)၊ ခမရ (၅၉၁)၊ အမတ(၃၁၆တပ်ရင်း တို့ရှိသည်။

ဒေသတွင်းတော်လှန်ရေးအရှိန်မြှင့်ရန်အတွက် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုး သားလွတ်မြောက်ရေး တပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နှင့် မွန်ပြည်တော် လှန်ရေးတပ် (MSRF)တို့သည် ယခုနှစ်စပိုင်းတွင် “ရာမညပူးတွဲစစ်ကြောင်း”ကို ဖွဲ့စည်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေး-သံဖြူဇရပ်ကားလမ်းပိုင်းမှာ လက်ပြန်ကြိုးတုပ်ခံထားရပြီးဦးခေါင်းသေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့အမျိုးသားရုပ်အလောင်းသုံးလောင်းကိုဒီနေ့ (မေလ ၁၄ ရက်) မနက်ပိုင်းကတွေ့ခဲ့တယ်လို့လူမူကူ ညီရေးလုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)အတွင်း မ​နေ့က လက်နက်တိုက်မီးလောင်​ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေကို နေရာနှစ်ခုမှာတိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်အရာရှိ အပါအဝင် ၃ဦး သေဆုံးခဲ့ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမှာရှိတဲ့ ဘုရင့်နောင်တိုက်ခိုက်ရေး သင်တန်း‌ကျောင်းမှာပြုလုပ်တဲ့ စစ်တပ်ရဲ့ တပ်မတော်နေ့ အခမ်းအနားကို ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar -BWM အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။