Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီ ဗုံးကြဲနေ၊ အရပ်သား သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာ သုံးရွာကို စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးအလုံး ၄၀နီးပါး ကြဲချသောကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သလို ယနေ့(ဧပြီ၂၇ရက်) နံနက်ပိုင်းတွင်လည်း လေကြောင်းမှထပ်မံ ဗုံးကြဲနေသည်။

ကလေးမြို့နယ်တောင်ဘက်တွင် ၂၀၂၅ ဇန်နဝါရီ ၃၁ ရက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်မှုများရှိခဲ့သည့် တင်သားရွာကို တွေ့ရစဥ်။ဓာတ်ပုံ - သူရိန်

‌ဧပြီ၂၇၊၂၀၂၅။ ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာ သုံးရွာကို စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးအလုံး ၄၀နီးပါး ကြဲချသောကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သလို ယနေ့(ဧပြီ၂၇ရက်) နံနက်ပိုင်းတွင်လည်း လေကြောင်းမှထပ်မံ ဗုံးကြဲနေသည်။

ယမန်နေ့ ညနေက ဂျက်ဖိုက်တာဖြင့် ဗုံး ၆လုံး၊ Y12လေယာဉ်ဖြင့် ဗုံး ၃၃လုံး ကြဲချခြင်းဖြစ်ပြီး စစ်ကောင်စီသည် အရပ်သားများအား ဦးတည်၍ ဗုံးကြဲခဲ့ခြင်းဟု ကလေးမြို့ခံများက ပြောသည်။

” ကြားရတာ စိတ်ပျက်စရာပဲဗျာ။ ဘာစစ်ရေးလှုပ်ရှားမှုမှမရှိတဲ့နေရာတွေကို ကြဲတာဗျာ။ ဒီမနက်လည်း ထပ်ကြဲနေတယ်”ဟု ကလေးမြို့ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က ဗုံးကြဲမှုတွင် အရပ်သားလေးဦးသေဆုံးခဲ့ပြီး ဗုံစထိမှန်၍ ဒဏ်ရသူများလည်းရှိခဲ့သည်။

” လေအဟုန်ကြောင့် ပိတ်ထားတဲ့ ပြတင်းတံခါးက ဝုန်းဆို ပွင့်သွားတယ်။ အသံတွေက ခေါင်းပေါ်မှာ တဝီဝီနဲ့။ ဂျက်ဖိုက်တာ ကြဲပြီး မိန်းမနဲ့သမီးဆီ အပြေးသွားရတယ်။ Y-12 ကတော့ အလုံး ၃၃ လုံးကြဲသွားတယ်။ ကိုယ့်ရွာကို သုံးလုံးချတယ်။ အသေအပျောက်တွေ ရှိပါတယ်။ ရွာသုံးရွာကို ပတ်ပြီး ကြဲတယ်။ မနေ့က အဖြစ်အပျက်ဟာ အိပ်မက်ဆိုးတစ်ခု မက်နေရသလိုပါပဲ။ စစ်ရေးဖြစ်နေချိန်လည်းမဟုတ်။ ဘာပွဲမှလည်း မရှိချိန် ဘလိုင်းကို လာကြဲသွားတာပါ။ မသေလို့ကျန်နေခဲ့ရသူတွေပဲပေါ့”ဟု ဒေသခံတဦးက လူမှု့ကွန်ရက်တွင် ရေးသားထားသည်။

ယနေ့နံနက်ပိုင်း ဗုံးကြဲမှုနှင့်ပတ်သက်ပြီး ထိခိုက်မှုအခြေအနေကို မသိရှိရသေးပေ။

စစ်ကောင်စီသည် ကလေးမြို့နယ်တောင်ပိုင်းကျေးရွာများကို ပြီးခဲ့သည့် ဖေဖော်ဝါရီကလည်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်အချို့အပါအဝင် ၇ဦးထက်မနည်းသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်က တလိုင်းတောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။