Connect with us

Hi, what are you looking for?

ကဗျာ

“နောက်ဆုံး မီးခြစ်ဆံ”

▪️Burmese Core

ဒီရာစုနှစ်ရဲ့ အမှောင်ဆုံးညတွေထဲက တညပေါ့။
မိုးဒဏ်လေဒဏ်ကို အလူးအလဲခံနေရတဲ့ အထီးတည်း အိမ်ငယ်လေးတလုံး။
အိမ်ထဲမှာတော့ အလင်းရောင်ရဖို့ ကြိုးစားနေတဲ့ လူငယ်လေးတယောက်။
စိုထိုင်းမှုရှိနေတဲ့ မီးခြစ်ဆံဗူးလေးကို ခြစ်ရင်း
လွှင့်ပစ်လိုက်ရတဲ့ မီးခြစ်ဆံလေးတွေ တချောင်းပြီးတချောင်း။
အိမ်ထောင့်က အမှောင်ရိပ်ထဲမှာတော့ လှုပ်ရွေ့နေတဲ့ မျက်လုံးတစုံ။
မလှုပ်မယှက် လှဲလျောင်းနေတဲ့ အသက်ကြီးကြီးအမျိုးသမီးတဦး၊
ဒါမှမဟုတ် သူ့ရဲ့အုပ်ထိန်းသူဖြစ်ပုံရတဲ့ တယောက်ယောက်နေမှာပေါ့။
အဲဒီမျက်လုံးတွေဆီကလည်း
အလင်းကို ညှိယူလို့ မဖြစ်နိုင်တော့တာ သူသိထားနှင့်ပုံပဲ။
လူငယ်လေးဟာ တယောက်တည်း ရေရွတ်တယ်၊
ဒါ နောက်ဆုံး မီးခြစ်ဆံပဲ။
အမှောင်ထဲမှာပဲ ငြိမ်ငြိမ်လေးနေလိုက်ရင် ကောင်းမလား
သူ့အတွေးမီးတောက်လေးတောင် ငြိမ်းလုမတတ် ဖြစ်သွားခဲ့။
မီးခြစ်ဆံကို ကိုင်ထားရင်း သူ အသက်ရှူဖို့တောင် မေ့နေတယ်။
ပတ်ဝန်းကျင်တခုလုံး
မသေချာ မရေရာမှုတွေ တဝေါဝေါနဲ့
မြည်နေပေမယ့်
ဒါကလွဲရင် သူ့မှာ တခြားလုပ်စရာမှ မရှိတာ
သူ မီးခြစ်ဆံကို ခြစ်လိုက်တယ်။ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘Burmese Core’ ​ရေးဖွဲ့ ခဲ့တဲ့ “​နောက်ဆုံးမီးခြစ်ဆံ” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...

ဝတ္ထုတို

ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။

ကဗျာ

Miroslav Holuv A tree enters and say with a bow:I am a tree.A black tear falls from the sky and says:I am a bird.Down...