Connect with us

Hi, what are you looking for?

Latest News

သတင်း

အမေရိကန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်မှတဆင့် ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် မြန်မာနိုင်ငံရှိ တော်လှန်ရေးတပ်ဖွဲ့အချို့အား စစ်ဘက်ဆိုင်ရာ အကူအညီများပေးအပ်ရန်စီစဥ်​နေသည်ဆိုသည့် သတင်းကို ပြည်ပသတင်းဌာနချို့က​ဖော်ပြခဲ့ပြီး​နောက်အိန္ဒိယအစိုးရကပါ မေးမြန်းစုံစမ်းလာကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ သုံးဦးထက်မနည်း သေဆုံးပြီး သေနတ်နှစ်လက်နှင့် ခဲယမ်းများရရှိကြောင်း ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့(ဧပြီ ၂၁ ရက်) ထုတ်ပြန်သည်။

သတင်း

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ မန္တလေး စျေးချိုတော် တောင်၊မြောက် တိုက်တန်းစျေးရုံ တွေကို အနီရောင်အဆင့်သတ်မှတ်ပြီး ဖြိုဖျက်သွားမယ်လို့ စျေးအကျိုးတော်ဆောင်အဖွဲ့က ဧပြီ ၂၀ ရက်မှာထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်သို့ တပ်ကူလာသည့် ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့နယ်အခြေစိုက် ခမရ(၅၁၇) တပ်ရင်းမှ တပ်သားသစ်နှစ်ဦး အလင်းဝင်လာကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကို စစ်ကောင်စီက ယနေ့(ဧပြီ ၂၁ ရက်) နံနက်စော ၂နာရီခန့်တွင် စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူသုံးဦး သေဆုံးခဲ့ရသည်။