Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်မှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်လှုပ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - Reuters

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ဂျပန်ရဲ့ ငလျင်တိုင်းတာရေး စနစ်အရ အမြင့်ဆုံးလို့ သတ်မှတ်တဲ့ ရှင်ဒို ၇ အဆင့် ငလျင်ဟာ ကျူရှူးကျွန်းရဲ့ ကူမာမိုတို ဒေသမှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ဟာ မြေအနက် ၁၀ ကီလိုမီတာလောက်ကို ဦးတည်တဲ့ မြေတိမ်ငလျင် အမျိုးအစား ဖြစ်တာကြောင့်လည်း မြေပြင်ပေါ်မှာ သက်ရောက် ယိမ်းခါမှုက ပိုပြီး ပြင်းပြင်းထန်ထန် သိရှိ ခံစားခဲ့ရပါတယ်။

ဂျပန်မိုးလေဝသနဲ့ ငလျင်အေဂျင်စီက အရီရာကီနဲ့ ယတ်ဆူရှီရို ပင်လယ်ကမ်းရိုးတန်းတဝိုက်မှာ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဒေသခံတွေကို ကုန်းတွင်းပိုင်းဆီ ရွှေ့ပြောင်းဖို့ ညွှန်ကြားခဲ့ပါတယ်။

ဇူလိုင် ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်မှုအပြီး မိနစ်ပိုင်းအတွင်းမှာတင် ဆူနာမီလှိုင်း အငယ်စားလေးတွေ ပင်လယ်ကမ်းရိုးတန်းဆီ ရောက်ရှိခဲ့တယ်လို့ ယုံကြည်ရပြီး နောက်ဆက်တွဲ လှိုင်းလုံးတွေလည်း ရိုက်ခတ်လာနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ဟာ ကူမာမိုတို မြို့ရဲ့ တောင်ဖက်မှာရှိတဲ့ ယူကီဆိုတဲ့ ပိုသေးတဲ့ မြို့တစ်ခုကို ဦးတည် လှုပ်ခတ်ခဲ့တာပါ။ ငလျင်ကြောင့် ဓာတ်အားလိုင်းတွေ ပြတ်တောက်ကုန်ပြီး အိမ်ခြေ ၄၅၆၀၀ လောက် မီးပြတ်ကုန်တယ်လို့ ကျူရှူး ဓာတ်အားပေး ဌာနက ပြောပါတယ်။

ငလျင်လှုပ်ခတ်ခဲ့ချိန်အတွင်း အဆောက်အအုံတွေ အကြီးအကျယ် ယိမ်းထိုးတာ၊ တချို့နေရာတွေမှာ မီးလောင်တာ၊ လူတွေ အနာတရဖြစ်တာမျိုး သတင်းတွေ ကြားရပေမယ့် ထိခိုက်ပျက်စီးမှုနဲ့ သေကြေဒဏ်ရာရမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

၂၀၁၆ တုန်းက ကူမာမိုတိုမြို့မှာ ငလျင်နှစ်ခု လှုပ်ခတ်မှုတွေကြောင့် လူ ၂၇၈ ဦးသေဆုံးပြီး ၂၈၀၀ လောက် ဒဏ်ရာရခဲ့ဖူးပါတယ်။ အဲဒီငလျင်တွေဒဏ်ကြောင့် သမိုင်းဝင် ကူမာမိုတို ရဲတိုက်ကြီးမှာ ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပြီး ရှေးမူမပျက် ပြန်လည် ထိန်းသိမ်းမှုတွေဟာ ၂၀၅၂ ခုနှစ်ထိ ကြာမြင့်နိုင်ဖွယ် ရှိနေကြောင်း သိရပါတယ်။

ကိုးကား: A News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပီရူးနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နှစ်ခုကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးခဲ့သလို ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မက္ကဆီကို တောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ လှုပ်ခတ်သွားတဲ့ မဂ္ဂနီကျု ၇.၃ အဆင့် အင်အားပြင်း ငလျင်ကြီးကြောင့် ထုတ်ပြန်ခဲ့တဲ့ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေကို နာရီပိုင်း အကြာမှာ ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ မန္တလေးတိုင်း၊ စဥ်ကူးမြို့တို့မှာ ဒီကနေ့ မနက်က ငလျင် ၂ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Facebook