Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း ဒရုန်းရန်ကြောက်လို့ ရုရှားရေတပ်နေ့ စစ်ရေးပြပွဲတွေ ၂ နှစ်ဆက်တိုက် မကျင်းပခဲ့

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။

ဓာတ်ပုံ - Getty Images

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။

ပုံမှန်ဆိုရင် ရုရှားရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ စိန့်ပီတာစဘာ့ဂ်မှာ စစ်ရေယာဉ်တွေ တန်းစီခုတ်မောင်းပြီး အင်အားပြလေ့ရှိတဲ့ အစီအစဉ်ကို ဇူလိုင် ၂၆ ရက်နေ့တိုင်းမှာ ကျင်းပလေ့ ရှိပါတယ်။ ဒါပေမဲ့ ယူကရိန်းရဲ့ တာဝေး ပျံသန်းနိုင်တဲ့ ဒရုန်းတွေက ရုရှားပိုင်နက်ထဲ နက်နက်ရှိုင်းရှိုင်း ဝင်ရောက် တိုက်ခိုက်နိုင်စွမ်း ရှိလာတဲ့ အခါမှာတော့ လုံခြုံရေးကြောင့် မနှစ်ကရော၊ အခုနှစ်မှာပါ ရေတပ်နေ့ စစ်ရေးပြပွဲတွေကို ဖျက်သိမ်းခဲ့ရပါတ်ယ။

ဟိုးအရင် နှစ်တွေတုန်းက စိန့်ပီတာစဘာ့ဂ်မြို့ရဲ့ နီဗာမြစ်ထဲမှာ စစ်သင်္ဘောတွေ ခုတ်မောင်းရင်း ကောင်းကင်မှာ လေယာဉ်တွေ ဖြတ်ပျံသွားတဲ့ မြင်ကွင်းမျိုး အခုနှစ်မှာတော့ လုံးဝကင်းမဲ့ပြီး အရမ်း အကျဉ်းချုံးထားတဲ့ အခမ်းအနား တစ်ခုကိုသာ တိတ်တိတ်ဆိတ်ဆိတ် ကျင်းပခဲ့ပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အခမ်းအနားမှာ ရေတပ်သားတွေကို စစ်ဆေးပြီး အလေးပြုမှု ခံယူတဲ့အခါ သင်္ဘောတွေအစား နောက်ကွယ်မှာ ရေငုပ်သင်္ဘော ပိုစတာ အကြီးကြီး တစ်ခုသာ ထောင်ထားတာကြောင့်လည်း လူမှုကွန်ရက်တွေပေါ်မှာ အတော်လေး လှောင်ပြောင် ခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကတော့ သင့်တော်တဲ့ အခြေအနေ၊ အချိန်အခါ မဟုတ်တာကြောင့် အခုနှစ် ရေတပ်နေ့အတွက် လူစုလူဝေးနဲ့ အခမ်းအနားတွေ၊ ပျော်ပွဲရွှင်ပွဲတွေ မကျင်းပဖို့ ညွှန်ကြားထားတာဖြစ်ကြောင်း ပြောပါတယ်။

ရေတပ်နေ့ မတိုင်ခင် ၂ ရက်အလို ဇူလိုင် ၂၄ ရက်နေ့မှာတင် ယူကရိန်းဟာ စိန့်ပီတာစဘာ့ဂ်မှာ ရှိနေတဲ့ ကုန်လှောင်ရုံတွေကို တိုက်ခိုက်ပြီး ဖောက်ခွဲခဲ့ပါသေးတယ်။ ပုံမှန်အားဖြင့် ရုရှားရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေဟာ စိန့်ပီတာစဘာ့ဂ်ရဲ့ ဝေဟင်လုံခြုံရေးကို ထိထိရောက်ရောက် စောင့်ရှောက်နိုင်ခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ ယူကရိန်း ဒရုန်းတွေရဲ့ စွမ်းဆောင်ရည်က ပိုမိုမြင့်မားလာပြီး ရုရှားရဲ့ ကာကွယ်ရေး စနစ်တွေကို ကျော်လွှားလာနိုင်ခဲ့ပါတယ်။

ရေတပ်သားတွေနဲ့ တွေ့ဆုံရာမှာတော့ ပူတင်ဟာ မိန့်ခွန်းကို ခပ်တိုတိုပဲ ပြောကြားခဲ့ပြီး ယူကရိန်း စစ်ဆင်ရေးမှာ ရုရှားရဲ့ ရည်မှန်းချက်တွေ အထမြောက်စေရေးအတွက် ရုရှားရေတပ်ရဲ့ စွမ်းဆောင်မှုတွေက ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ အသိအမှတ် ပြုသွားပါတယ်။

ကျူးကျော်စစ်နဲ့ ပတ်သက်လို့ ရုရှားအတွက် ပေးဆပ်မှု ကြီးမားတာတွေ ရှိနေတာကို ဝန်ခံခဲ့ပေမယ့် ရှေ့ဆက်ပြီး စစ်ရေး အသုံးစရိတ် အမြောက်အမြား ချဲ့ထွင် သုံးစွဲသွားမယ်လို့လည်း ပူတင်က ပြောကြားခဲ့ပါတယ်။

ရုရှားအစိုးရဟာ ယူကရိန်းမှာ ဆင်နွှဲနေတဲ့ အထူးစစ်ဆင်ရေး အောင်မြင်နိုင်စေဖို့အတွက် အရင်းအမြစ် အများအပြားကို ခွဲဝေ သတ်မှတ်ပေးထားပြီးဖြစ်ကြောင်း ပူတင်က သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား: News Week

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Facebook