သတင်း ငဖဲနှင့် ပဒါန်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ဗိုလ်မှူးသီဟအောင်အပါအဝင် ၆၀ကျော် သေဆုံး မကွေးတိုင်း၊ ငဖဲနှင့် ပဒါန်းမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် ၆၀ကျော်သေဆုံးပြီး ဗိုလ်ကြီးနှစ်ဦးအပါအဝင် ၁၈ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများစွာရရှိကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway)က ယနေ့ (ဧပြီ ၂၁ရက်) ထုတ်ပြန်သည်။ ludunwayooဧပြီ 21, 2025
သတင်း ကျုံဒိုးမြို့ဆီ စစ်ကူပို့ပြီး စစ်ကောင်စီတပ် ခံစစ်ပြင်ဆင် ကရင်ပြည်နယ် ၊ကော့ကရိတ် - ကျုံဒိုးလမ်းတလျောက်က တိုက်ပွဲတွေ ကျုံဒိုးမြို့နားထိ ရောက်လာချိန်မှာ ကျုံဒိုးမြို့မှာ စစ်ကောင်စီတပ်က ခံစစ်အခိုင်အမာပြင်ဆင်နေတယ်လို့ ကရင် အရပ်ဘက်နဲ့ စစ်ဘက် သတင်းရင်းမြစ်တွေထံကသိရပါတယ်။ ludunwayooဧပြီ 21, 2025
သတင်း မန္တလေးမှာ မီးသင်္ဂြိုဟ်ခ ထက်ဝက်ခန့် စျေးတက်သွား ငလျင်ဒဏ်သင့် မန္တလေး မြို့က သုသာန်တွေမှာ မီးသင်္ဂြိုဟ်ခ ဟာ ယခင်ကထက် ထက်ဝက် ဈေးတက်သွားတယ်လို့ လူမှုကူညီရေးအသင်းအချို့ဆီကသိရပါတယ်။ ludunwayooဧပြီ 21, 2025
သတင်း နေပြည်တော်၌ လမ်းပိုင်းစစ်ဆေးစဉ် ကပစ−၁၃ မှ ဗိုလ်မှူးနှင့်အဖွဲ့အား ဖမ်းမိဟု PLAပြော စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တနေရာ၌ လမ်းပိုင်းထိန်းချုပ်စစ်ဆေးမှုအတွင်း စစ်ကောင်စီ၏ အမှတ်(၁၃)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ−၁၃)မှ ဗိုလ်မှူးနှင့်အဖွဲ့အား ဖမ်းဆီးရမိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLAက ယနေ့(ဧပြီ ၂၁ရက်)တွင် ထုတ်ပြန်သည်။ ludunwayooဧပြီ 21, 2025
သတင်း လားရှိုးမြို့မှ MNDAAအလံ ဖြုတ်ချခံရ တရုတ်အကူအညီဖြင့် လားရှိုးမြို့သို့ စစ်ကောင်စီတပ်ပြန်ဝင်လာပြီးနောက် လားရှိုးမြို့တော်ခန်းမရှေ့တွင် လွှင့်ထူထားသော MNDAAနှင့် ကိုးကန့်အထူးဒေသ(၁) အလံကို ပြန်လည်ဖြုတ်ချလိုက်ပြီဟု ဒေသခံများက ပြောသည်။ ludunwayooဧပြီ 21, 2025