Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သုံးဦးထက်မနည်း သေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ သုံးဦးထက်မနည်း သေဆုံးပြီး သေနတ်နှစ်လက်နှင့် ခဲယမ်းများရရှိကြောင်း ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့(ဧပြီ ၂၁ ရက်) ထုတ်ပြန်သည်။

မိုးဗြဲမြို့တိုက်ပွဲအတွင်း ရရှိသော လက်နက်။ ဓာတ်ပုံ - KNA

ဧပြီ ၂၁၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ သုံးဦးထက်မနည်း သေဆုံးပြီး သေနတ်နှစ်လက်နှင့် ခဲယမ်းများရရှိကြောင်း ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့(ဧပြီ ၂၁ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲမှာ ယခု ဧပြီ ၁၈ရက်ညတွင် အင်အား၃၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ် ကောင်စီတပ်များနှင့် KNAတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်း သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်နက် MA -1 ၂လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

KNAက ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီတပ်က ထိခိုက်မှုရှိသောကြောင့် ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း ထပ်မံ အသိပေးသည်။

“မိုးဗြဲမြို့ရဲ့ ရှေ့တန်းကာကင်းဂိတ် နှစ်ခုကို ဝင်တိုးဖို့ကြိုးစားတာ။သေဆုံးအထိနာပြီး ပြန်ဆုတ်သွားတယ် “ဟု မိုးဗြဲမြို့ ရှေ့တန်းစစ်မျက်နှာရှိ ရဲဘော်တစ်ဦးက ဧပြီ ၁၈ရက်နှင့် ၁၉ရက်တွင် စစ်ကောင်စီ၏ မိုးဗြဲ မြို့ထိုးစစ်အပေါ် ရှင်းပြသည်။

လက်ရှိစစ်ရေးအခြေအနေအရ ပြည်သူများအနေဖြင့် အထူးသတိထား သွားလာနေထိုင်ရန်လည်း KNAက တိုက်တွန်းထားသည်။

ယခုနှစ် ဇန်နဝါရီမှစ၍ စစ်ကောင်စီတပ်များသည် လွိုင်ကော်နှင့် မိုးဗြဲမြို့ဆက်ထားသည့် လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုကို ကရင်နီပြည်ရှိတပ်ပေါင်းစုံက ခုခံကာကွယ်နေ ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဧပြီ ၄ ရက်က ထုတ်ပြန် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က လယ်မကျေးရွာသား လူငယ် ၁၁ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ခလရ(၅၀)တပ်ရင်းဟာ ဒီကနေ့(မေလ ၁၃ရက်) နေ့လည်းမှာ ကျေးရွာတွေကို ထပ်မံစစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက တိုက်ပွဲအတွင်း အဆိပ်ငွေ့ဗုံးများကြဲ တိုက်ခိုက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)စစ်ဗျူဟာ အမှတ် (၁)က ယနေ့(မေ ၆ ရက်) ထုတ်ပြန်သည်။

သတင်း

မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အတွင်းကို စစ်ကောင်စီက အင်အားအများအပြားဖြည့်တင်းနေပြီး မန္တလေးတိုင်းအတွင်း စစ်ကြောင်းထိုး စစ်ရေးပြင်းထန်လာနိုင်ဖွယ်ရှိတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တော်လှန်ရေးတပ်တွေက သုံးသပ်ပြောဆိုပါတယ်။

သတင်း

စစ်​ကောင်စီက ​ရေကိုအဆိပ်ခတ်ခြင်းဖြစ်နိုင်​ကြောင်း​ဒေသခံ နှင့်​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့သုံးသပ်

Facebook