Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သုံးဦးထက်မနည်း သေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ သုံးဦးထက်မနည်း သေဆုံးပြီး သေနတ်နှစ်လက်နှင့် ခဲယမ်းများရရှိကြောင်း ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့(ဧပြီ ၂၁ ရက်) ထုတ်ပြန်သည်။

မိုးဗြဲမြို့တိုက်ပွဲအတွင်း ရရှိသော လက်နက်။ ဓာတ်ပုံ - KNA

ဧပြီ ၂၁၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ သုံးဦးထက်မနည်း သေဆုံးပြီး သေနတ်နှစ်လက်နှင့် ခဲယမ်းများရရှိကြောင်း ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့(ဧပြီ ၂၁ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲမှာ ယခု ဧပြီ ၁၈ရက်ညတွင် အင်အား၃၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ် ကောင်စီတပ်များနှင့် KNAတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်း သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်နက် MA -1 ၂လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

KNAက ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီတပ်က ထိခိုက်မှုရှိသောကြောင့် ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း ထပ်မံ အသိပေးသည်။

“မိုးဗြဲမြို့ရဲ့ ရှေ့တန်းကာကင်းဂိတ် နှစ်ခုကို ဝင်တိုးဖို့ကြိုးစားတာ။သေဆုံးအထိနာပြီး ပြန်ဆုတ်သွားတယ် “ဟု မိုးဗြဲမြို့ ရှေ့တန်းစစ်မျက်နှာရှိ ရဲဘော်တစ်ဦးက ဧပြီ ၁၈ရက်နှင့် ၁၉ရက်တွင် စစ်ကောင်စီ၏ မိုးဗြဲ မြို့ထိုးစစ်အပေါ် ရှင်းပြသည်။

လက်ရှိစစ်ရေးအခြေအနေအရ ပြည်သူများအနေဖြင့် အထူးသတိထား သွားလာနေထိုင်ရန်လည်း KNAက တိုက်တွန်းထားသည်။

ယခုနှစ် ဇန်နဝါရီမှစ၍ စစ်ကောင်စီတပ်များသည် လွိုင်ကော်နှင့် မိုးဗြဲမြို့ဆက်ထားသည့် လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုကို ကရင်နီပြည်ရှိတပ်ပေါင်းစုံက ခုခံကာကွယ်နေ ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဧပြီ ၄ ရက်က ထုတ်ပြန် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မ‌‌ကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က လေကြောင်းကနေ အင်အားဖြည့် စစ်ကြောင်းထိုးလာတယ်လို့ မြေပြင်သတင်းရင်းမြစ်အချို့က ‌ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးလာလို့ ပြည်သူ တစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။