Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယကပြန်ပို့လိုက်တဲ့ရေလုပ်သား ၂၆ ဦး စစ်သင်တန်းကျောင်းသို့အပို့ခံရ

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

(​ အိန္ဒိယအစိုးရက ပြန်ပို့တဲ့ရေလုပ်သား​တွေရန်ကုန်​လေဆိပ်ပြန်​ရောက်စဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ )

ဇူလိုင်-၂၈၊၂၀၂၆။တာရာ/People’s Spring

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

အိန္ဒိယနိုင်ငံ ပို့ဘလဲမြို့မှာ ထိန်းသိမ်းထားတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယအစိုးရက ဇူလိုင် ၂၃ ရက်က လေကြောင်းနဲ့မြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

“ထိုင်းပဲဖြစ်ဖြစ် ၊ဘယ်နိုင်ငံပဲဖြစ်ဖြစ် ၊ပြန်ပို့တဲ့ နိုင်ငံသားတွေကို အိမ်ကိုပြန်မလွှတ်ဘူး။ စစ်မှုထမ်းဖို့ စစ်သင်တန်းကျောင်းကို ပို့တာများတယ်။ ဟိုတနေ့က အိန္ဒိယနိုင်ငံကနေ ပြန်ပို့လိုက်တယ့် ၂၆ ယောက်ကိုလည်း စာရင်းဘာညာသေချာကောက်ပြီး စစ်သင်တန်းကျောင်းကို ပို့လိုက်တာ။ တိုင်းရင်းသားတွေများတယ်။ တချို့ကနိုင်ငံအချင်းချင်းလွှဲပေးလိုက်မှာကိုကြောက်ကြတယ်။ ဘာလို့ဆို အိမ်ကိုပြန်ရတာမဟုတ်ဘူး။ စစ်မှုထမ်းခိုင်းတာ။ ဒီဘက်ကကျတော့ စစ်မှုမထမ်းချင်လို့ သူများနိုင်ငံကိုပြေးသွားတယ်လို့ထင်တာ”လို့ စစ်တပ်နဲ့နီးစပ်သူတဦးက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်က အဆိုပါလူငယ် ၂၆ ဦးဟာ စစ်မှုထမ်းဖို့ အကျုံးဝင်တယ်ဆိုပြီးစစ်သင်တန်းကျောင်းကို ပို့လိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံထဲမှာ ထိန်းသိမ်းထားတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို လွတ်ရက်စေ့လို့ ရနောင်းဆိပ်ကမ်းကနေတဆင့် မြန်မာဘက်ခြမ်းကို ပြန်ပို့တာတွေရှိပြီး သူတို့ကိုလည်း စစ်အုပ်စုက စစ်တပ်ထဲ တန်းထည့်​နေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူ​တွေက​ပြောပါတယ်။

နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေမှာ စစ်မှုထမ်းနဲ့စု​ဆောင်းထားသူ ၊​ပေါ်တာဆွဲထားသူ​တွေကို စစ်သင်တန်းပို့ပြီး ဆင်းလာတဲ့ ပြည်သူ့စစ် (ပစ)စစ်သားသစ်​တွေကို စစ်တပ်ကအဓိက​​စေလွှတ်ပြီး တိုက်ခိုက်ခိုင်းတာမှာ​သေဆုံးသူ ဒဏ်ရာရသူ ၊ထွက်​ပြေးသူ များ​နေတာ​ကြောင့် စစ်တပ်က စစ်သားသစ်​တွေကို ပုံစံမျိုးစုံနဲ့ အဓမ္မစူ​ဆောင်း​နေပါတယ် ။ စစ်သားသစ် အဓမ္မစု​ဆောင်းခံရပြီး ​ရှေ့တန်းပို့စစ်တိုက်ခိုင်းတာမှာ ​တော်လှန်​ရေးတပ်​တွေနဲ့ ပူး​ပေါင်းတဲ့ လူငယ်​တွေလည်းများစွာရှိ​နေပါတယ်။

နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေမှာ စစ်တပ်က စစ်သားသစ်​​တွေကို​ရှေ့က​နေ အ​သေခံစစ်တိုက်ခိုင်း​​နေတာ​ကြောင့် ​ ပြည်သူ​တွေအ​နေနဲ့ မိမိတို့ မိသားစုဝင်​တွေ စစ်သားသစ်စု​ဆောင်းမခံရရ​အောင် ၊​ပေါ်တာဆွဲမခံရ​အောင် ပါးပါးနပ်နပ် ​နေထိုင်ကြဖို့ ​တော်လှန်​ရေးအဖွဲ့​တွေကတိုက်တွန်းထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။

နိုင်ငံတကာ

အငြင်းပွားစရာ အခြေအနေဆိုးတွေ ကြုံခဲ့တဲ့နောက် နိုင်ငံရဲ့ စာမေးပွဲ စနစ်တစ်ခုလုံးကို အကြီးစား သုံးသပ်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ အထူးအဖွဲ့ တစ်ခုကို အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက တာဝန်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းသား လူငယ်တွေ ဦးဆောင်ပြီး ဆန္ဒပြမှုတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် အိန္ဒိယ အစိုးရရဲ့ ပညာရေး ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်စာ တင်ခဲ့ပါတယ်။

Facebook