Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်ကို စစ်တပ်က စက်တပ်လေထီးသုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ သုံးဦးသေဆုံး

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကို စစ်ကောင်စီက ယနေ့(ဧပြီ ၂၁ ရက်) နံနက်စော ၂နာရီခန့်တွင် စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူသုံးဦး သေဆုံးခဲ့ရသည်။

စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများနှင့် နေအိမ်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - လူထုလှုပ်ရှားမှုကော်မတီတောင်သာ

ဧပြီ၂၁၊၂၀၂၅။ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကို စစ်ကောင်စီက ယနေ့(ဧပြီ ၂၁ ရက်) နံနက်စော ၂နာရီခန့်တွင် စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူသုံးဦး သေဆုံးခဲ့ရသည်။

လူထုလှုပ်ရှားမှုကော်မတီ တောင်သာ၏ ထုတ်ပြန်ချက်အရ သံဘို(ရွာသစ်)ကျေးရွာပေါ်သို့ စစ်ကောင်စီ၏ စက်တပ်လေထီး Paramotor သုံးစီးဖြင့် ဗုံးသီး ၁၁လုံးကြဲချခဲ့ခြင်းဟု ဆိုသည်။

ထို့သို့ ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူသုံးဦး အသက်ဆုံးရှုံးခဲ့ရာ လေးဦးဒဏ်ရာရခဲ့ပြီး နေအိမ်နှစ်လုံးလည်း ပျက်စီးခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဘာမှ တိုက်ပွဲမရှိဘူး။ပြီးတော့ အဲဒီဘက်တွေဆို မိတ္ထီလာနဲ့က မဝေးဘူး။တောင်သာရဲ့ အရှေ့အစွန်ဘက်ခြမ်း မှာရှိတာ။အကြောင်းမဲ့ကို ပြည်သူကိုလာသတ်တာ”ဟု တောင်သာဒေသခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီသည် ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ ကျူးလွန်လျက်ရှိသောကြောင့် ဗုံးခိုကျင်းများ စနစ်တကျ တူးဖော်ထားရန်နှင့် လေကြောင်းအန္တရာယ်သတိ ပေးချက်ကြားရသည့်အခါ ဗုံးခိုကျင်းများအတွင်း နေထိုင်ရန်လည်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာက တိုက်တွန်းသည်။

ထို့အပြင် ဧပြီ ၁၈ရက်ကလည်း တောင်သာမြို့နယ်၊နန်းတည်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ပြီး ပြည်သူ သုံးဦးသေဆုံးထားရသည်။

လွန်ခဲ့သည် သုံးရက်အတွင်းဧပြီ ၁၈၊၁၉နှင့် ၂၀ ရက်က မန္တလေးတိုင်း၊ သပိတ်ကျင်း၊စဥ့်ကူး၊တောင်သာနှင့် ရခိုင်ပြည်နယ် ကျောက်တော်၊စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်များကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ပြည်သူ ၅၀ကျော် သေဆုံးခဲ့သည်။

ထိုသို့ စစ်ကောင်စီ၏ လေကြောင်းမှ အရပ်သားများကို ပစ်မှတ်ထားသတ်ဖြတ်မှုများကို နိုင်ငံတကာအနေဖြင့် အရေးယူပေးရန်လည်း တော်လှန်ရေးအင်အားစုများက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကိုစစ်တပ်က ၄ ရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့လို့ အနည်းဆုံး ပြည်သူ ၃ဦး သေဆုံးပြီး နေအိမ်တွေပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်က ထိုးစစ်ဆင်နေတဲ့ KNU တပ်မဟာ ၆ နယ်မြေ မြ၀တီမြို့တောင်ဘက်က မင်းလက်ပံရွာမှာ မနေ့(ဧပြီလ ၁၄)ရက်က စစ်တပ်က ဗုံးကြဲလို့ နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ပြီး အရပ်သားတချို့ ထိခိုက်မှုရှိတယ်လို့ ကြားသိရကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကမ်းပြူကျေးရွာမှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ ဘုန်းကြီးကျောင်း ၃ကျောင်းကို ဗုံးကြဲတိုက်ခိုက်လို့ သံဃာတော် ၂ ပါး ဒဏ်ရာရရှိပြီး သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။

သတင်း

ကနီမြို့ထဲကနေ ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေကို နွားလှည်းတွေနဲ့ ဆွဲထုတ်သွားပါတယ်။