Connect with us

Hi, what are you looking for?

သတင်း

ရဲဘော် တစ်ရာကျော်အတွက် ခြေတုတွေတပ်ဆင်ပေးနိုင်ခဲ့တဲ့ မင်းမော်ကွန်းရဲ့ မွေးနေ့လက်ဆောင်ကမ်ပိန်း

နွေဦးတော်လှန်ရေးမှာ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် ရည်ရွယ်ပြုလုပ်ခဲ့တဲ့ မင်းမော်ကွန်းရဲ့ မွေးနေ့လက်ဆောင် ကမ်ပိန်းက ရရှိငွေတွေနဲ့ ရဲဘော် တစ်ရာကျော်အတွက် ခြေတုတပ်ဆင်ပေးနိုင်ခဲ့တယ်လို့ Artists’ Shelter က အသိပေးထားပါတယ်။

ဇူလိုင်-၂၈၊၂၀၂၆။ ဆဏ်း/People’s Spring

နွေဦးတော်လှန်ရေးမှာ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် ရည်ရွယ်ပြုလုပ်ခဲ့တဲ့ မင်းမော်ကွန်းရဲ့ မွေးနေ့လက်ဆောင် ကမ်ပိန်းက ရရှိငွေတွေနဲ့ ရဲဘော် တစ်ရာကျော်အတွက် ခြေတုတပ်ဆင်ပေးနိုင်ခဲ့တယ်လို့ Artists’ Shelter က အသိပေးထားပါတယ်။

မွေးနေ့လက်ဆောင်ကမ်ပိန်းကနေ ရန်ပုံငွေ ကျပ်သိန်း ၆၃၀၀ ကျော်ရရှိခဲ့ပြီး ရခိုင်ပြည်နယ်မှာ ခြေတုလက်တုတပ်ဆင်ရေး တပ်ဆင်ရေးစင်တာတည်ဆောက်ဖို့ ငွေကျပ်သိန်း ၅၇၀ ကျော် မတည်ပေးခဲ့ကာ ရဲဘော် ၁၁၁ ဦးအတွက် ခြေတုတွေတပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ဒီနေ့(ဇူလိုင်၂၈) သတင်းထုတ်ပြန်ထားတာပါ။

“တိုက်ပွဲအတွင်းမှာ နိုင်ငံနဲ့ ပြည်သူအတွက် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေရဲ့ စိတ်ဓာတ်က ဘယ်တော့မှ ကျရှုံးမှာ မဟုတ်ပါဘူး။ အခု ရရှိလာတဲ့ ခြေတုတွေက ရဲဘော်တွေ မားမားမတ်မတ် ပြန်လည်ရပ်တည်နိုင်ဖို့အတွက် အကြီးမားဆုံး အားဖြည့်မှုတခု ဖြစ်စေခဲ့ပါတယ်။” လို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၆ ရက်မွေးနေ့ရှင် မင်းမော်ကွန်းရဲ့ မွေးနေ့လက်ဆောင်ကမ်ပိန်းက ဖေဖော်ဝါရီ ၂ ကနေ ၂၄ အထိပြုလုပ်ခဲ့တာပါ။

ကမ်ပိန်းTarget သိန်း ငါးထောင် ရည်မှန်းခဲ့ပေမယ့် ရန်ပုံငွေ ပိုမိုရရှိခဲ့တာဖြစ်ပါတယ်။

ကမ်ပိန်းမှာပါဝင်ခဲ့သူတွေကို မင်းမော်ကွန်းရဲ့ မွေးနေ့မှာ 24FM ကနေ သူရဲ့စိတ်ကူးကို ရိုက်ကူးပုံဖော်ထားတဲ့ The Rubbish ဇာတ်လမ်းတိုကို အခမဲ့ ပြသပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဩစတေးလျနိုင်ငံ ဆစ်ဒနီမှာ ပွဲဦးထွက်ပြသခဲ့တဲ့ တော်လှန်ရုပ်ရှင် RAY ဇာတ်ကားကို ပရိသတ်အားပေးမှု များပြားခဲ့တယ်လို့ သွားရောက်ကြည့်ရှူသူတွေကပြောပါတယ်။

သတင်း

တော်လှန်အနုပညာရှင် သုံးဦး ခေါင်းဆောင် ပါဝင်ထားတဲ့ Ray ရုပ်ရှင်ကို ဇွန် ၂၇ ရက် ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပထမဆုံးပြသသွားမှာဖြစ်ပါတယ်။

သတင်း

ရုပ်ရှင်အစည်းအရုံးတည်ထောင်တဲ့ နှစ်(၈၀) ပြည့်အထိမ်းအမှတ် နှင်းဆီအဖွဲ့ရဲ့ ‌ဖျော်ဖြေပွဲက စစ်ကောင်စီဘက်က ဖိအားတွေကြောင့် လုပ်တာမဟုတ်ပဲ အဖွဲ့သားတွေကိုယ်တိုင် တတ်တတ်ကြွကြွလုပ်ဆောင်နေတာဖြစ်တယ်လို့ ရုပ်ရှင်လောကက သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရဲဘော်တွေအတွက် ခြေတု၊လက်တု တပ်ဆင်ပေးနိုင်ဖို့ရည်ရွယ်တဲ့ တော်လှန်အနုပညာရှင် မင်းမော်ကွန်းရဲ့ မွေးနေ့ လက်ဆောင်ကမ်ပိန်းက အောင်မြင်ခဲ့ပြီး မျှော်မှန်းထားတဲ့ ပမာဏထပ် ရန်ပုံငွေ ပိုရခဲ့တယ်လို့ Artists' Shelter က ထုတ်ပြန်ပါတယ်။

Facebook