သတင်း ကျပ်သိန်း ခုနှစ်သောင်းကျော်တန်ကြေးရှိ ရွှေဆိုင်ဓားပြတိုက်သူပျူများဖမ်းမိရေး ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ကို စစ်ကောင်စီရဲ အကူအညီတောင်းခဲ့ရ မန္တလေးမြို့တွင် စစ်ကောင်စီလက်အောက်ခံပျူ စောထီးများ ကျူးလွန်သည့် ရွှေ ၁၀ ပိဿာ ကျော်နှင့် ကျပ်သိန်း ၁,၀၀၀ ကျော် ဓားပြတိုက်မှု တရားခံများဖမ်းမိရေးအတွက် ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်ကို မန္တလေးတိုင်းရဲတပ်ဖွဲ့က အကူအညီတောင်းခဲ့ရသည်။ ludunwayooစက်တင်ဘာ 15, 2024
သတင်း မိသားစုတစ်စုကိုကယ်တင်ဖို့ကြိုးစားရင်း လှေမှောက် ပြီး သရက်ပင်ပေါ် နာရီ ၂၀ နီးပါးခိုခဲ့ရတဲ့ အမျိုးသားကြီးတစ်ဦးကို ကယ်တင်နိုင်ခဲ့ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ ရေစီးနဲ့မျောပါသွားတဲ့မိသားစုတစ်စုကို ကယ်ဖို့ကြိုးစားရင်း လှေမှောက်ပြီး နာရီပေါင်း ၂၀နီးပါး သရက်ပင် ပေါ်ခိုကပ်နေခဲ့ရတဲ့ အမျိုးသားကြီးတစ်ဦးကို လူမှုကူညီရေးအသင်းတစ်ခုက ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 15, 2024
နိုင်ငံတကာ အမေရိကန် သမ္မတလောင်း နှစ်ဦးရဲ့ စကားစစ်ထိုးပွဲ ဘယ်သူ အခြေအနေ ကောင်းခဲ့သလဲ အမေရိကန် ရွေးကောက်ပွဲကြို ကာလတွေနဲ့ ဆက်စပ်ပြီး လူတွေ စိတ်အဝင်စားဆုံး ခေါင်းစဉ် တစ်ခုကတော့ အဓိကပြိုင်ဘက် သမ္မတလောင်း နှစ်ဦးရဲ့ စကားစစ်ထိုးမှု အစီအစဉ် ဖြစ်ပါတယ်။ ludunwayooစက်တင်ဘာ 15, 2024
သတင်း လင်းနစ်၏ ရေဘေးအလှူသီချင်း ကန်ဒေါ်လာ တစ်သောင်းကျော်ဖြင့် လေလံဆွဲ မြန်မာနိုင်ငံတွင် လက်တလောရင်ဆိုင်နေရသည့် ရေဘေးလှူဒါန်းရန် လေလံတင်ရောင်းချခဲ့သည့် သီချင်းကို အမေရိကန်ဒေါ်လာ တစ်သောင်းကျော်ဖြင့်လေလံအောင်ခဲ့ကြောင်း တော်လှန်အနုပညာရှင် အဆိုတော်လင်းနစ်က အသိပေးထားသည်။ ludunwayooစက်တင်ဘာ 15, 2024
သတင်း စစ်ကိုင်းတိုင်းအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၅)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 15, 2024