Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ချင်းမိုင်အနီးက မယ်စ​ရေတံခွန် တောင်ကျ​ရေကြီးပြီး ခရီးသွားအချို​​မျောပါ၊ အချိန်မီကယ်တင်နိုင်လို့ ပွန်းပဲ့ဒဏ်ရာ​တွေရကာ ၁ဦး​ဆေးရုံ​ရောက်

ထိုင်းနိုင်ငံ ၊ချင်းမိုင်မြို့ ၊မဲရင်ခရိုင်ထဲက မယ်စ​ရေတံခွန်မှာ ဒီ​​နေ့ည​နေပိုင်းမှာ ရုတ်တရက်​တောင်ကျ​ရေကြီးတာ​ကြောင့် ခရီးသွားအချို့​ရေထဲ​မျောပါခဲ့​ပေမယ့် ရေတံခွန်က ဥယာဥ်ဝန်ထမ်း​​တွေကအချိန်မိ​ကယ်တင်နိုင်ခဲ့ပါတယ်။

Screenshot

သြဂုတ်-၁၅၊၂၀၂၆။People’s Spring

ထိုင်းနိုင်ငံ ၊ချင်းမိုင်မြို့ ၊မဲရင်ခရိုင်ထဲက မယ်စ​ရေတံခွန်မှာ ဒီ​​နေ့ည​နေပိုင်းမှာ ရုတ်တရက်​တောင်ကျ​ရေကြီးတာ​ကြောင့် ခရီးသွားအချို့​ရေထဲ​မျောပါခဲ့​ပေမယ့် ရေတံခွန်က ဥယာဥ်ဝန်ထမ်း​​တွေကအချိန်မိ​ကယ်တင်နိုင်ခဲ့ပါတယ်။

သြဂုတ် ၁၅ ရက်၊ညနေ ၄ နာရီ ၂၀ မိနစ်လောက်မှာ ချင်းမိုင်မြို့ ရဲ့အ​နောက်​မြောက်ဘက် မြို့လယ်က​နေ ကားနဲ့ မိနစ်သုံးဆယ်ခန့်သွားရတဲ့ မယ်စ​ရေတံခွန်မှာ ရုတ်တရက် တောင်ကျရေကြီးမှုဖြစ်ပွားခဲ့တာပါ။​ ရေတံခွန်​ရေကြီးမှု​ကြောင့် ခရီးသွားအချို့​တောင်ကျ ​ရေထဲ​မျောပါသွားတဲ့သဲထိတ်ရင်ဖို ရုပ်သံမှတ်တမ်းအချို့ လူမှုကွန်ယက်မှာဒီက​နေ့ညပိုင်းပျံ့နှံ့လာပါတယ်။

ဒါ​ပေမယ့် ဒွိုင်ဆူထက်​​​ဖွေးအမျိုးသားဥယာဥ်ကထုတ်ပြန်တာမှာ ​ရုတ်တရင်တောင်ကျ​ရေကြီးတာကိုရေတံခွန်မှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေက ချက်ချင်းသတိထားမိပြီး ခရီးသွားတွေကို ရေထဲကနေ ချက်ချင်းတက်ကြဖို့ သတိပေး နှိုးဆော်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ တောင်ကျရေက ချက်ချင်းဆိုသလို အရှိန်နဲ့ ထိုးဆင်းလာတာကြောင့် ခရီးသွားအချို့ ရေထဲက မတက်နိုင်ဘဲ ရေစီးနဲ့ မျောပါသွားတာ၊ရေတံခွန်ဘက်မှာပိတ်မိကျန်ရစ်တာတွေ ဖြစ်ခဲ့တယ်လို့​ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသားဥယျာဉ်ဝန်ထမ်းတွေက​ရေစီးနဲ​​မျောသွားသူ​တွေကို ချက်ချင်း ဝင်ရောက်ကူညီခဲ့ကြလို့ ခရီးသွား အားလုံးကို ဘေးကင်း​အောင်ကယ်ထုတ်နိုင်ခဲ့ပါတယ်။​ရေထဲ​မျောပါသွားသူအများစုဟာ ပွန်းပဲ့ဒဏ်ရာ​တွေပဲရပြီး ​ရေတံခွန်က​နေ သူတို့အစီအစဥ်အတိုင်း​​ပြန်သွားတယ်လို့ဆို့ပါတယ်။

ဒါ​ပေမယ့်ရေစီးနဲ့ မျောပါသွားခဲ့တဲ့ ခရီးသွား တစ်ဦးကတော့ ထိခိုက်ဒဏ်ရာရခဲ့သလို ခေါင်းမူးနေတာကြောင့်ဆေးရုံဆီအမြန် ပို့ဆောင်ပေးခဲ့တယ်လို့ထုတ်ပြန်ပါတယ် ။ ထိခိုက်ဒဏ်ရာရတဲ့ခရီးသွား​တွေဟာ ဘယ်နိုင်ငံသား​တွေလဲဆိုတာကို​တော့မထုတ်ပြန်ပါဘူး ။

မယ်စ​ရေတံခွန်ဟာ ချင်းမိုင်မှာ လူသိများတဲ့​ရေတံခွန်တစ်ခုဖြစ်ပြီး မြန်မာခရီးသွား​တွေလည်းသွား​လေ့ရှိတဲ့ ​ရေတံခွန်ဖြစ်ပါတယ် ။ ချင်းမိုင်ခရိုင်မှာ မြန်မာနိုင်ငံသား တစ်သိန်းခွဲက​နေ နှစ်သိန်း​ကျော်အထိ့ရှိနိုင်တယ်လို့ IOM နဲ့ သု​တေသန အဖွဲ့အချို့ကခန့်မှန်းထားပါတယ်။

မိုးရာသီမှာရေတံခွန်ကို လာရောက်လည်ပတ်ကြမယ့် ခရီးသွား​တွေအနေနဲ့ မိုးလေဝသအခြေအနေကို ကြိုတင်စစ်ဆေးကြဖို့၊ သဘာဝဘေးအန္တရာယ်တွေကို သတိထားကြဖို့နဲ့ တာဝန်ရှိသူတွေရဲ့သတိပေးချက်၊ညွှန်ကြားချက်​တွေကိုစနစ်တကျလိုက်နာကြဖို့ ဥယျာဉ်က မေတ္တာရပ်ခံထားပါတယ်။

ထိုင်းနိုင်ငံမှာ မိုးရာသီကို အကြမ်းဖျင်း ​မေလလယ်က​နေ ​​အောက်တိုဘာလအထိသတ်မှတ်ထားပြီ သြဂုတ်လ နဲ့ စက်တင်ဘရင်​တောငာလဟာမိုးအ​များဆုံးလ​တွေဖြစ်ပါတယ်။ချင်းမိုင်အပါအဝင်ထိုင်းနိုင်ငံ​မြောက်ပိုင်းမှာ အခုရက်ပိုင်းအတွင်းမိုး​ကောင်း​နေပါတယ်။ချင်းမိုင်မြို့အနီးဝန်းကျင်မှာ ​ရေတံခွန်​တွေများစွာရှိပြီး မိုးရာသီမှာ မိုးသည်းထန်ရင် အခုလို​တောင်ကျ​ရေကြီး​တက်ပါတယ် ။

ဥယာဥ်က​တော့လာ​ရောက်လည်ပတ်သူ​တွေကို ​ရေတံခွန်​ရေ​တွေဟာ ချက်ချင်းတိုးလာရင် ၊​ရေအ​ရောင်ဟာ ​ရုတ်တရက်ကော်ဖီ​ရောင်လို​နောက်ကျိလာရင် ၊မဲနက်လာရင် ဒါမှမဟုတ် ​ရေတံခွန်အ​ပေါ်ပိုင်းက ပုံမှန်မဟုတ်ပဲ​ကျယ်​လောင်တဲ့အသံ​တွေ ကြားရရင် ​ရေထဲက​နေ ကုန်း​ပေါ်ကိုအမြန်တက်ကြဖို့ သတိ​ပေးဆိုင်းဘုတ်မှာ​ရေးသားသတိ​ပေးထားတာ​တွေ့ရပါတယ် ။အဲဒီလိုဖြစ်လာရင် ကိုယ်နဲ့အတူပါလာတဲ့ ပစ္စည်း​တွေ​ရေထဲ​မျောပါသွားလို့ လိုက်ဆယ်ယူတာမျိုးလည်းမလုပ်ရဘဲ ​​​ဘေးကင်း​တဲ့ကုန်း​ပေါ်မှာပဲ​နေရမယ်လို့ အကြံပြုကြပါတယ်။

ကိုးကား-Doi Suthep-Pui National Park

ဆက်စပ်သတင်းများ

သတင်း

CI အဂတိကိစ္စတွေကြောင့် မြန်မာလုပ်သား တစ်သန်းလောက် တရားဝင်စနစ်ပြင်ပ ရောက်သွားနိုင်တယ်လို့ လုပ်သားအရေး ဆောင်ရွက်သူတွေ သတိပေး

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက်မည်သူမည်ဝါဖြစ်​ကြောင်းသက်​သေခံလက်မှတ် (CI) ထုတ်ပေးတဲ့စင်တာမှာ အာဏာသိမ်း မြန်မာစစ်တပ်က ခန့်အပ်တဲ့ အာဏာပိုင်တွေ ခြယ်လှယ် ကြီးစိုးနေသလို ၊စစ်​ခေါင်း​ဆောင်မိသားစုနဲ့ နီးစပ်သူ​တွေလုပ်ခွင့်ရထားကြောင်း ထိုင်းသတင်းထောက်တဦးကထပ်မံဖော်ထုတ်ရေးသားပါတယ်။

သတင်း

အွန်လိုင်းမှာ ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ပြီး ဈေးရောင်းတဲ့ မြန်မာအမျိုးသမီး တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် စစ်အုပ်စုက လုပ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးမှု လုပ်ငန်းစဉ်ကို သတင်းလာယူတဲ့ ထိုင်းသတင်းထောက်တစ်ဦးကို အာဏာသိမ်းစစ်တပ် လက်အောက်ခံ အရာရှိတွေက ခြိမ်းခြောက်တာ၊ နှောင့်ယှက်တာ၊ သတင်းရယူခွင့် ကန့်သတ်တာတွေ လုပ်ခဲ့တယ်လို့ ကာယကံရှင် သတင်းထောက်က လူမှုကွန်ရက်မှာ ဒီကနေ့ ရေးသားပါတယ်။