Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေယာဉ်တင် သင်္ဘောပေါ်က ရေတပ်သားတွေ အရမ်းဖိစီးမှု များနေတယ် ဆိုတာကို ထရမ့်ပယ်ချ

ပင်လယ်ပြင်မှာ ဖြန့်ကျက် တာဝန်ပေးထားချိန် ကြာမြင့်လွန်းလို့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး တစ်စီးပေါ်က ရေတပ်သားတွေ စိတ်ပိုင်း၊ ရုပ်ပိုင်း အလွန်အမင်း ဖိအားဝင်နေကြောင်း သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပယ်ချလိုက်ပါတယ်။

ဓာတ်ပုံ - AP

ပင်လယ်ပြင်မှာ ဖြန့်ကျက် တာဝန်ပေးထားချိန် ကြာမြင့်လွန်းလို့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး တစ်စီးပေါ်က ရေတပ်သားတွေ စိတ်ပိုင်း၊ ရုပ်ပိုင်း အလွန်အမင်း ဖိအားဝင်နေကြောင်း သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပယ်ချလိုက်ပါတယ်။

လောလောဆယ် အရှေ့အလယ်ပိုင်း ရေပြင်တစ်နေရာမှာ ရှိနေတဲ့ USS Abraham Lincoln လေယာဉ်တင် သင်္ဘောကြီးပေါ်က ရေတပ်သားတွေဟာ အမေရိကန်ကနေ ထွက်ခွာသွားပြီးချိန်ကစလို့ ရက်ပေါင်း ၂၅၀ ကျော်လာတဲ့ထိ ဆက်တိုက် တာဝန်ထမ်းဆောင်နေကြရပါတယ်။

ဒါ့အပြင် သင်္ဘောပေါ်မှာ ရိက္ခာလျော့နည်းတာ၊ အဓိက လိုအပ်တဲ့ အခြေခံ လူသုံးကုန်တွေ ပြတ်လပ်တာ၊ အိမ်သာစနစ်တွေ ယိုယွင်းတာတွေပါ ကြုံနေရပါတယ်။ အနည်းဆုံး သင်္ဘောသား တစ်ဦးဟာ ကုန်းပတ်ပေါ်ကနေ ပင်လယ်ထဲ ခုန်ချခဲ့လို့ လိုက်လံ ကယ်ဆယ်ခဲ့ရပြီး စိတ်ဖိစီးလွန်းလို့ သေကြောင်းကြံချင်သူတွေ ရှိနေကြောင်း ရေတပ်သားတွေရဲ့ မိသားစုဝင်တွေကပါ ထုတ်ဖော် ပြောဆိုလာပါတယ်။

အဲဒီ အခြေအနေတွေကြောင့် USS Abraham Lincolnနဲ့ တာဝန် လဲလှယ်ပေးဖို့အတွက် နောက်ထပ် လေယာဉ်တင် သင်္ဘောတစ်စီးဖြစ်တဲ့ USS George Washingtonကို စေလွှတ်ဖို့ ပြင်ဆင်နေတဲ့အကြောင်း အမေရိကန် ရေတပ်က ဩဂုတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်တင် သင်္ဘောပေါ်က ရေတပ်သားတွေ အလွန်အကျွံ နွမ်းနယ်ပြီး စိတ်ပိုင်းရုပ်ပိုင်း ဖိစီးနေတဲ့ သတင်းတွေကြောင့် လွှတ်တော်ထဲမှာပါ သမ္မတ ထရမ့်ရဲ့ အီရန်စစ်ပွဲဆိုင်ရာ မူဝါဒတွေကို ဝေဖန် မေးခွန်းထုတ်မှုတွေ မြင့်တက်လာပါတယ်။

ဩဂုတ် ၁၄ ရက်နေ့မှာတော့ ထရမ့်က USS Abraham Lincolnရဲ့ ဖြန့်ကျက်မှုဟာ တကယ်ဆိုရင် လုံလုံလောက်လောက် ကြာညောင်းခဲ့ပြီးပြီလို့တောင် မဆိုနိုင်သေးကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ၉ လနီးပါး ကြာတဲ့ထိ ပင်လယ်ပြင်ကို ရောက်ရှိနေတဲ့ လေယာဉ်တင် သင်္ဘောကြီးဟာ လောလောဆယ် အီရန်မှာ ဆင်နွှဲနေတဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေကို အကူအညီ ပေးနေပါတယ်။

အန်ဒရူး လေတပ်စခန်းမှာ သတင်းထောက်တွေက လေယာဉ်တင်သင်္ဘော အမှုထမ်းတွေရဲ့ စိတ်ကျန်းမာရေးနဲ့ နေရာထိုင်ခင်း အခြေအနေတွေအတွက် မိသားစုဝင်တွေက စိုးရိမ်သင့်သလားလို့ မေးတဲ့အခါ ထရမ့်က စိုးရိမ်စရာ မလိုဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ ပြီးတော့ USS Abraham Lincolnဟာ မကြာခင်မှာ အရှေ့အလယ်ပိုင်း ဒေသကနေ ပြန်လည် ထွက်ခွာမှာဖြစ်ပြီး အရမ်းတူညီတဲ့ နောက်ထပ် သင်္ဘော တစ်စီးနဲ့ အစားထိုး ဖြန့်ကျက်သွားမယ်လို့လည်း ထရမ့်က ဆိုပါတယ်။

သတင်းထောက် တစ်ဦးက USS Abraham Lincolnရဲ့ ပင်လယ်ပြင်မှာ ၈ လခွဲကျော် ၉ လနီးပါး ဖြန့်ကျက်ထားမှုဟာ အရမ်း ရှည်ကြာသလားလို့ မေးတဲ့အခါမှာတော့ ထရမ့်က ငြင်းပယ်ခဲ့ပြီး တကယ်ဖြစ်သင့်တဲ့ ကာလမျိုးနဲ့ နီးနီးစပ်စပ်တောင် မဟုတ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ အဲဒီနောက် သူဟာ ရုတ်တရက်ပဲ သမ္မတ စီးတော်လေယာဉ် Air Force Oneပေါ်ကို တက်သွားခဲ့ပါတယ်။

USS Abraham Lincolnဟာ မနှစ်က နိုဝင်ဘာလတုန်းက ဆန်ဒီယေဂိုမှာရှိတဲ့ ဆိပ်ကမ်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ ကနဦးမှာတော့ တောင်တရုတ်ပင်လယ် ရေပြင်ဆီကို သွားရောက်ခဲ့ပြီး အဲဒီနောက် အရှေ့အလယ်ပိုင်း ဒေသမှာ ၅ လကျော်၊ ၆ လဝန်းကျင်ထိ ဖြန့်ကျက်ထားတာပါ။ လေယာဉ်တင် သင်္ဘောကြီးမှာတော့ ရေတပ်သားနဲ့ မရိန်းတပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၀၀ လောက် စီးနင်း လိုက်ပါလာပါတယ်။ USS Abraham Lincolnဟာ လုံးဝ ကမ်းမကပ်ဖြစ်ဘဲ ပင်လယ်ပြင်မှာချည်း ရှိနေတာ ရက်ပေါင်း ၂၀၀ ကျော်လွန်သွားပြီလို့လည်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိုင်နက်အဖြစ် မကြာခင် ကြေညာသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူနှစ်ဦး သေဆုံးခဲ့တဲ့ ပျက်ကျမှုတစ်ခုအပြီး အမေရိကန် ကြည်းတပ်ဟာ AH64 Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အားလုံးရဲ့ လေ့ကျင့် ပျံသန်းမှုတွေကို ဆိုင်းငံ့ထားဖို့ အမိန့်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရေတပ် သင်္ဘောတွေကို ပြည်ပနိုင်ငံတွေမှာ တည်ဆောက်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခွင့်ပြုပေးလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေယာဉ်တင် သင်္ဘောကြီး တစ်စီးပေါ်မှာ ရက်ပေါင်း ၂၅၀ ကျော်ဆက်တိုက် တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ရေတပ်သားတွေထဲမှာ စိတ်ပိုင်းရုပ်ပိုင်း နွမ်းနယ်မှုတွေ စိုးရိမ်စရာ မြင့်တက်လာနေကြောင်း သိရပါတယ်။