Connect with us

Hi, what are you looking for?

သတင်း

ကျပ်သိန်း ခုနှစ်သောင်းကျော်တန်ကြေးရှိ ရွှေဆိုင်ဓားပြတိုက်သူပျူများဖမ်းမိရေး ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ကို စစ်​ကောင်စီရဲ အကူအညီတောင်းခဲ့ရ

မန္တလေးမြို့တွင် စစ်ကောင်စီလက်အောက်ခံပျူ စောထီးများ ကျူးလွန်သည့် ရွှေ ၁၀ ပိဿာ ကျော်နှင့် ကျပ်သိန်း ၁,၀၀၀ ကျော် ဓားပြတိုက်မှု တရားခံများဖမ်းမိရေးအတွက် ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်ကို မန္တလေးတိုင်းရဲတပ်ဖွဲ့က အကူအညီတောင်းခဲ့ရသည်။

စစ်​ကောင်စီက ဖမ်းဆီးထားသူများ။ ဓာတ်ပုံ - စစ်​​ကောင်စီ

မိထက်/People’s Spring

မန္တလေးမြို့တွင် စစ်ကောင်စီလက်အောက်ခံပျူ စောထီးများ ကျူးလွန်သည့် ရွှေ ၁၀ ပိဿာ ကျော်နှင့် ကျပ်သိန်း ၁,၀၀၀ ကျော် ဓားပြတိုက်မှု တရားခံများဖမ်းမိရေးအတွက် ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်ကို မန္တလေးတိုင်းရဲတပ်ဖွဲ့က အကူအညီတောင်းခဲ့ရသည်။

စက်တင်ဘာ ၁၀ရက် နံနက် ၈နာရီခန့်က မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်၊ စစ်ကောင်စီတပ်အသိုင်းအဝိုင်းအများစုနေထိုင်သည့်ဗိုလ်ချုပ်ရွာရပ်ကွက်၊ ၁၀၁ ဘီလမ်းနှင့် ၇၁ လမ်းရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်သည် ဆိုင်သွားဖွင့်ရန် နေအိမ်မှ ရွှေထည်ပစ္စည်းများအား ‌ကားပေါ်သယ်နေစဉ် သေနတ်နှင့် ဓါးများကိုင်ဆောင်လာသော မျက်နှာဖုံးစွပ်လူ ခုနစ်ဦးက AD Vanကားတစ်စီးဖြင့် ရောက်ရှိလာပြီး ခြံတံခါးအားတွန်းဖွင့်ဝင်ရောက်ကာ ရွှေထည်များအား ဓါးပြတိုက်ခဲ့ခြင်းဖြစ်သည်။ရွှေ ၁၀ ပိဿာကျော် နှင့် ကျပ်သိန်း ၁,၀၀၀ ကျော်ပါသွားခဲ့သည်။

Public Service Announcement

Public Service Announcement

တရားခံများဖမ်းပေးရေးအတွက် စစ်​ကောင်စီ၏မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးကစက်တင်ဘာလ ၁၄ ရက်က ဖုန်းဆက်အကူအညီတောင်းလာပြီးဖမ်းမိထားပြီဟု စစ်တပ်အမာခံ​ထောက်ခံသူပေါက်ကိုယ်တော်ကလူမှုကွန်ရက်မှတဆင့်ယနေ့(စက်တင်ဘာလ ၁၅ရက်)ပြောသည်။

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များကလည်း ဓါးပြတိုက်သူများကိုဖမ်းမိပြီဖြစ်​ကြောင်း​ရေးသား​နေကြသည်။

“တိုင်းက အရမ်းရင်းနီးတဲ့ရဲက ဘုန်းဘုန်းကူညီအုံးတဲ့။ ဘာမှမပူနဲ့လို့ ဒကာကြီး။ ခများတို့ တစ်ပါတ်မကြာဘူး ချက်ချင်းမိလိမ့်မယ်လို့။ ဒီဓားမြတွေ မန္တလေးမြို့ထံပဲ ရှိအုံးမှာလို့။ ပူမနေနဲ့လို့။ ချက်ချင်းလက်ငင်းမိမှာလို့ ဦးဇင်းကတောင် ပြောလိုက်သေးတယ်။တိုင်းရဲကိုလည်းလှမ်းမေးလို့ရပါတယ်”ဟု ပေါက်ကိုယ်တော်က ဆိုသည်။

ဓားပြတိုက်ခံရသူသည် စစ်အုပ်စုနှင့် နီးစပ်သူဖြစ်ပြီး ကာလတန်ကြေး ကျပ်သိန်း ခုနှစ်သောင်းခန့်တန်သည့် ရွှေထည်များ ပြန်ရရှိရေးအတွက် ပေါက်ကိုယ်တော်ထံအကူအညီတောင်းခဲ့သည်ဟု ကြားသိထားကြောင်း မန္တလေးမြို့ခံ ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

” ပေါက်ကိုယ်တော်ကို ကပ်မှ ရတာ။ ရဲကလည်း ပေါက်ကိုယ်တော်ကို ဆရာတင်ထားရတယ်။ မန္တလေးမြို့ထဲ ဖြစ်တဲ့ ဓားပြမှုတွေမှာ ပျူစောထီးတွေ မကင်းဘူး။ ဒါကြောင့် ပေါက်ကိုယ်တော်က ဝင်ပါပေးနေတာ”ဟု မန္တလေးမြို့မှ နာမည်ကြီးရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

တရားခံများအနက်နှစ်ဦး လွတ်မြောက်နေဆဲဖြစ်သော်လည်း ရွှေထည်များ‌နှင့် သိန်း ၁၀၀၀ ပါပြန်ရပြီဖြစ်ကြောင်း၊ အလွန်ဝမ်းသာကြောင်း ပေါက်ကိုယ်တော််က ဆိုသည်။ ထို့အပြင်အမှုဖမ်းဆီးပေးသည့် ရဲများကို ရာထူးတိုးပေးရန်လည်း ပေါက်ကိုယ်တော်က တိုက်တွန်းသွားသည်။

“စစ်အုပ်စုနဲ့နီးစပ်လို့ ပြန်ရတာ။ မဟုတ်ရင် ဒီအမှုလည်း ပေါ်မှာမဟုတ်ဘူး။ ဖမ်းမှာမဟုတ်ဘူး”ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့မှ ရွှေဆိုင်များ ဓားပြတိုက်ခံရမှု မကြာခဏဖြစ်နေသည်။မန္တလေးမြို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ဓါးပြတိုက်လုယက်မှုများ မကြာခဏဖြစ်ပွားနေပြီး ယခုနှစ်အတွင် မန်းမြို့စျေးရှိ ဆယ်သန်းရွှေဆိုင်သည် ဇန်နဝါရီနှင့် မေလကနှစ်ကြိမ် ဓါးပြတိုက်ခံခဲ့ရသည်။၂၀၂၃အတွင်းကလည်း မန္တလေးမြို့ရှိ ထက်ဝေယံရွှေဆိုင်၊ ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံရသေးသည်။

အဆိုပါဓားမြမှုများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ပျူစောထီးများကျုးလွန်ခြင်းဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။