Connect with us

Hi, what are you looking for?

ဆောင်းပါး

မိုးရာသီ ရေဘေးကြားက ရန်ကုန် ဝမ်းရောဂါ ဘာကြောင့် ရုတ်တရက် ပျံ့နှံ့လာရသလဲ ?

မိုးသည်းထန်စွာ ရွာသွန်းမှုတွေနဲ့အတူ ရေကြီးရေလျှံမှုတွေကို ရင်ဆိုင်နေရတဲ့ ရန်ကုန်မြို့ကြီးမှာ သာမန် ဝမ်းပျက်ဝမ်းလျောသာ မဟုတ်တဲ့ စိုးရိမ်စရာ ပြင်းထန်တဲ့ဝမ်းပျက်ဝမ်းလျောရောဂါ (သိုမဟုတ်) ကာလဝမ်းရောဂါ ကူးစက်ပျံ့နှံ့မှုနဲ့ ရင်ဆိုင်နေရပါတယ်။

(ဓာတ်ပုံ - အလုံကြက်ခြေနီ )

သန္တာဖြူ ရေးသားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုတွေနဲ့အတူ ရေကြီးရေလျှံမှုတွေကို ရင်ဆိုင်နေရတဲ့ ရန်ကုန်မြို့ကြီးမှာ သာမန် ဝမ်းပျက်ဝမ်းလျောသာ မဟုတ်တဲ့ စိုးရိမ်စရာ ပြင်းထန်တဲ့ဝမ်းပျက်ဝမ်းလျောရောဂါ (သိုမဟုတ်) ကာလဝမ်းရောဂါ ကူးစက်ပျံ့နှံ့မှုနဲ့ ရင်ဆိုင်နေရပါတယ်။

လတ်တလော သတင်းများအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ရက်ပိုင်းအတွင်း ဝမ်းပျက်ဝမ်းလျှော လူနာ ၁၈၀ ကျော် တက်ရောက်ကုသခဲ့ပြီး၊ ပြင်းထန်ကာလဝမ်းရောဂါပိုး တွေ့ရှိသူ ၉၃ ဦးအထိ ရှိလာခဲ့ပါတယ်။ ဒီအထဲက အသက် (၉၂) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အထူးသဖြင့် လူနေထူထပ်တဲ့ လသာမြို့နယ်၊ လှိုင်သာယာနဲ့ သာကေတမြို့နယ်တွေမှာ ရောဂါကူးစက်မှုတွေ မြင့်တက်လာနေတာကြောင့် ဒီအခြေအနေဟာ သာမန်ကျန်းမာရေးပြဿနာ တစ်ခုထက် ပိုမိုကြီးမားတဲ့ လူထုကျန်းမာရေးအရေးပေါ်အခြေအနေတစ်ရပ်အဖြစ် သတ်မှတ်ရမယ့် အဆင့်ကို ရောက်ရှိလာပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုရောဂါဆိုးကို ဘာကြောင့် မထိန်းချုပ်နိုင်ဘဲ ခေါင်းထောင်ထလာရသလဲဆိုတဲ့ အဓိက အကြောင်းရင်းကတော့အာဏာသိမ်းပြီးနောက်ပိုင်းအစစအရာရာယိုယွင်းပျက်စီးသွားတဲ့ အခြေခံ အဆောက်အအုံတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။

စစ်အုပ်ချုပ်ရေးအောက်မှာမြို့တော်စည်ပင်ရဲ့အမှိုက်သိမ်းစနစ်၊မြောင်းဖောက်စနစ်နဲ့ သန့်ရှင်းရေး လုပ်ငန်းစဉ်တွေဟာသိသိသာသာ ယိုယွင်းလာခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ မိုးရာသီ ရေကြီးရေလျှံမှု တွေကြောင့် အမှိုက်၊ မိလ္လာနဲ့ သောက်သုံးရေအရင်းအမြစ်တွေရောနှောညစ်ညမ်းလာပြီးတစ်မြို့လုံးဟာ ရောဂါပိုးမွှားပျံ့နှံ့လွယ်တဲ့အန္တရာယ်မြင့်မားတဲ့အခြေအနေတစ်ခုကိုရောက်ရှိလာခဲ့ပါတယ်။

လမ်းဘေးစားသောက်ကုန်တွေ မသန့်ရှင်းတာထက်အခြေခံစည်ပင်စနစ် ပျက်စီးနေတာက ဒီပြဿနာရဲ့ မီးပွားကို ကောက်ရိုးမီးလို ကူးစက်စေခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အထွေထွေအကျပ်အတည်းကြောင့် ဝင်ငွေများကျဆင်းလာပြီးကုန်ဈေးနှုန်းနဲ့ ဆေးဝါး ဈေးနှုန်းတွေ မြင့်တက်နေချိန်မှာ ဒီလိုရောဂါအန္တရာယ်ကို ရင်ဆိုင်ရခြင်းကပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးကို ပိုမိုကြီးမားစေပါတယ်။ဒါ့အပြင်လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုကြောင့် အခြေခံ လိုအပ်ချက်တွေကိုပင် မနည်းရုန်းကန်နေရချိန်မှာ ပြည်တွင်း အရည်အသွေးမီ ဆေးဝါးရှားပါးမှုနဲ့ ဆေးဈေးနှုန်း အဆမတန် ကြီးမြင့်မှုတွေကြောင့် ပြည်သူ အများစုဟာ ရောဂါဖြစ်လာရင်တောင် ဆေးရုံဆေးခန်း စောစောမပြနိုင်ကြပါဘူး။

အခြေခံလူတန်းစားတွေဟာဆိုရင်လည်း ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်နိုင်ရန် လိုအပ်တဲ့ သန့်ရှင်းသော အစားအသောက်နဲ့ သောက်သုံးရေကိုပင် ဝယ်ယူနိုင်ရန် ခက်ခဲနေကြသလို၊ ရောဂါ ဖြစ်ပွားလာပါကလည်း လိုအပ်တဲ့ ဓာတ်ဆားနဲ့ ဆေးဝါးတွေကို အချိန်မီ မရရှိနိုင်ခြင်းကြောင့် အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့အခြေအနေကိုရင်ဆိုင်နေရပါတယ်။

၂၀၂၄ ခုနှစ်ကလည်း ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် လူပေါင်း ၂,၂၀၀ ကျော် ဆေးရုံတက်ခဲ့ရပြီး ၁၅ ဦး သေဆုံးခဲ့ဖူးပါတယ်။အခုနှစ်မှာလည်း အလားတူ အခြေအနေမျိုးမ​ရောက်​အောင် အထူးသတိထားကြဖို့ လိုအပ်နေပါတယ်။ဒီလိုအကျပ်အတည်းများကြားမှာ မိမိကိုယ်တိုင်နဲ့ မိသားစုကို ကာကွယ်နိုင်ဖို့ အခြေခံကျန်းမာရေးအသိနဲ့ သန့်ရှင်းရေးအလေ့အကျင့်တွေကိုအလေးထားလိုက်နာကြရမှာ ဖြစ်ပါတယ်။

မည်သည့်ရေအမျိုးအစားဖြစ်စေ မဖြစ်မနေ ဆူပွက်အောင်ကျိုချက်ပြီးမှသောက်သုံးတာ၊လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ ခန့် စနစ်တကျ ဆေးကြောတာ ၊ ယင်နားသော သို့မဟုတ် မသန့်ရှင်းနိုင်တဲ့ အစားအစာ​တွေကို ရှောင်ကြဉ်တာတို့ကို လိုက်နာသင့်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောစတင်ဖြစ်ပွားပါကခန္ဓာကိုယ်ရေဓာတ်မခမ်းခြောက်စေဖို့ ၊ဓာတ်ဆားရေကိုအမြန်ဆုံးသောက်သုံးပြီးရောဂါ လက္ခဏာများ မသက်သာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း သိုမဟုတ် ကျန်းမာရေးဝန်ထမ်းများထံအချိန်မီဆက်သွယ်ကုသမှုခံယူသင့်ပါတယ်။

ဘက်စုံယိုယွင်းပျက်စီးနေတဲ့ စနစ်အောက်မှာ ပြည်သူတွေရဲ့ ကျန်းမာရေးအသိပညာနဲ့ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီမှုကသာ ရောဂါအန္တရာယ်တွေကို လျှော့ချနိုင်မယ့် အရေးကြီးတဲ့ အားထားရာတစ်ခု ဖြစ်လာပါတယ်။

ဒါကြောင့်လက်ရှိဖြစ်ပေါ်နေတဲ့ ကာလဝမ်းရောဂါအန္တရာယ်ကို ပေါ့ဆမထားဘဲ တဦးချင်းစီကသန့်ရှင်းရေးနဲ့ ကာကွယ်ရေးအလေ့အကျင့်တွေကို အလေးထားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်း ကျေးရွာတွေက ပြည်သူတွေ ရေ ဘေးကြုံနေချိန်မှာ စစ်တပ်က စစ်ကြောင်းဆက်ထိုးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

"ဈေးရောင်းရတာထက် ကျားမြီးသာပြေးဆွဲချင်တယ်"လှ်ိုင်မြို့နယ်မှာ လမ်းဘေးဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးက သူမခံစားချက်ကိုပြောပါတယ်။လမ်းဘေးဈေးရောင်းသူတွေ ဈေးခင်းပြီးချိန်မှ အပြာဝတ်​တွေလာပြီဆိုရင်ပြန်သိမ်းရတာအကြိမ်ကြိမ်။

သတင်း

မြန်မာဖက်ကသဖန်းဆိပ်ဆည်ရေလွှတ်လို့ ထိုင်းဖက်ခြမ်းမှာရေကြီးမှာမဟုတ်ဘူးလို့ ထိုင်းမိုးလေဝဌာန(TMD)ကရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ဒေါ်လာတစ်သန်း၀န်းကျင်တန်တဲ့ အခန်းတွေ အပါအ၀င် ရန်ကုန်မြို့က ကွန်ဒိုတွေမှာ ကြိုပွိုင့် ၀ယ်ယူထားသူတွေ အခန်းရဖို့ မရေမရာဖြစ်နေပြီးတာဝန်ယူ၊တာဝန်ခံကာဖြေရှင်းပေမယ့် သူမရှိဖြစ်နေတယ်လို့ နစ်နာသူတွေက လူထုနွေဦးကို ပြောပါတယ်။

Trending

Facebook