Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းရေဘေး ရေပြန်ကျပေမယ့် ရိက္ခာနဲ့ ဆေးဝါးအကူအညီ လိုအပ်နေ

စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ ရေပြန်လည်ကျဆင်းနေပေမဲ့ ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေကြောင်း ရေဘေးကူညီနေသူတွေက ပြောပါတယ်။

(ရေဘေးအလှူသွားရောက်နေသော စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုမှ ရဲဘော်များအား တွေ့ရစဥ် ဓါတ်ပုံ-စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု)

သြဂုတ် ၁၅၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ ရေပြန်လည်ကျဆင်းနေပေမဲ့ ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေကြောင်း ရေဘေးကူညီနေသူတွေက ပြောပါတယ်။

​ရေ​ဘေးဒဏ် အဆိုးဆုံးရင်ဆိုင်​နေရတဲ့ စစ်ကိုင်းတိုင်းက မြို့နယ် ၁၃ မြို့နယ်မှာ ရေ​ကြီး​ရေလျှံ​မှူတွေ ဖြစ်ပွားခဲ့ရာမှာ ယခုရက်ပိုင်း ရေပြန်လည်ကျဆင်းလာပေမဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေး​ပေါ် လိုအပ်နေကြောင်း ရေဘေးကူညီနေသူတွေက ပြောပါတယ်။

“ရေဘေးအခြေအနေကတော့ အောက်ပိုင်းမြို့နယ်တွေကတော့ ကူညီနေရဆဲဖြစ်တယ်။ အဓိကကတော့ ရိက္ခာနဲဆေးဝါး အဓိကလိုမယ်လို့ ယူဆပါတယ်။ ပြီးရင်တော့ ပြန်လည်ထူထောင်ရေးအတွက်လည်း လိုအပ်ပါတယ်”လို့ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုမှ ကိုရှင်းသန့်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ရွှေဘိုပကဖ တာဝန်ရှိသူကလည်း “ရေသန့်နဲ့ ဆေးဝါးတွေ အဓိက လိုအပ်ပါတယ်”လို့ ပြောပါတယ်။

ရေကြီးရေလျှံမှုကြောင့် လမ်းပိုင်းတွေလည်း ပျက်စီးသွားတာမို့ ရေဘေးကူညီမှုသွားတဲ့နေရာမှာ ကြန့်ကြာမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ရေကြီးတဲ့ဒေသတွေဟာ စစ်တ​ပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ စစ်ကြောင်းထိုးမီးရှိူ့မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ အ​ကြိမ်ကြိမ်ခံခဲ့ရတဲ့ဒေသတွေ ဖြစ်ပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်းက အဲဒီဒေသတွေမှာ ရေဘေးသင့် ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိ​နေပါတယ်။ စစ်ကိုင်းတိုင်းမှာ ရေ​ဘေး​ကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦး​ပျောက်ဆုံး​နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

သဖန်းဆိပ်ဆည်က ​ရေလွှတ်တာ၊ မိုးသည်းထန်စွာရွာသွန်းတာ​တွေ​ကြောင့် သဖန်းဆိပ်ဆည်​အောက်ဘက် မူးမြစ်ကမ်းတ​လျှောက်မြို့နယ်​တွေမှာ ​သြဂုတ် ၆ ရက်ကစပြီး ရေ​ဘေးရင်ဆိုင်​နေရတာဖြစ်ပါတယ်။ ​

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။