သတင်း မြန်မာ့အရေးဖြေရှင်းရန် အာဆီယံ ပျက်ကွက်ကျရှုံးနေမှုအပေါ် စိုးရိမ်စိတ်ပျက်ကြောင်း လူငယ်ကိုယ်စားလှယ်များပြော အာဆီယံအထူးကိုယ်စားလှယ်က တရားမဝင်စစ်အုပ်စုနှင့် တရားဝင် ထိတွေ့ဆက််ဆံနေခြင်းအပေါ် လူငယ်တော်လှန်ရေးသမားများက ဝေဖန်ခဲ့ပြီး NUG၊ NUCC၊ EROs၊ CRPH၊ CSOs တို့နှင့် တရားဝင်ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်းကို ထောက်ပြခဲ့သည်။ LuduNwayOoဇူလိုင် 10, 2023
သတင်း စစ်ကောင်စီနှင်ဆက်ဆံမှုရှိသည့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌကို ထုတ်ပယ်ရန် ဂျပန်အစိုးရအား တိုင်ကြား၍ ဆာဆာကာဝါကို အပစ်ရပ် ၆ဖွဲ့က ထောက်ခံကြောင်းထုတ်ပြန် နီပွန်ဖောင်ဒေးရှင်သည် စစ်တပ်နှင့်အပစ်ရပ်ထားသောအဖွဲ့များထဲမှ စစ်ကောင်စီတပ်ကို မတိုက်သောအဖွဲ့များ၏ဒေသများကိုသာ လူသားချင်းစာနာထောက်ထားမှုခေါင်းစဥ်ဖြင့်ဆန်နှင့် စားနပ်ရိက္ခာများထောက်ပံ့ပေးခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 10, 2023
သတင်း ထီးချိုင့်မှ ကသာသို့ ဧရာဝတီမြစ်အတိုင်းစစ်တပ်အပြောင်းအရွေ့လုပ်စဥ်သေနတ်ဖြင့်ရမ်းပစ်၍ သားအဖနှစ်ဦးသေဆုံး ကသာမြို့နယ်၊ မိုးတာလေးကျေးရွာနှင့် အထက်ဝဲကြီးရွာတွင် စစ်ကောင်စီ စစ်ကြောင်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဇူလိုင် ၅ရက်နှင့် ၇ရက်တွင်တိုက်ခိုက်ခဲ့ကြကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။ LuduNwayOoဇူလိုင် 10, 2023
နိုင်ငံတကာ အမေရိကန် ကင်းထောက်လေယာဉ်တွေက လေပိုင်နက် ကျူးကျော်ခဲ့တယ်လို့ မြောက်ကိုရီးယား စွပ်စွဲ အမေရိကန်ရဲ့ ကင်းထောက် ပျံသန်းမှုတွေဟာ လေပိုင်နက် ကျူးလွန်တဲ့ အခြေအနေတွေ ဖြစ်နေကြောင်း၊ ဒီလုပ်ရပ်မျိုးအတွက် အဲဒီလေယာဉ်တွေကို ပစ်ချတဲ့အထိ တုံ့ပြန်ခွင့် ရှိပေမယ့် မြောက်ကိုရီးယားက ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်နေခဲ့ကြောင်းလည်း ဆိုပါတယ်။ LuduNwayOoဇူလိုင် 10, 2023
သတင်း ဖယ်ခုံမြို့နယ်တွင်စစ်တပ်ကနင်းမိုင်းများထောင်ထား၍ဒေသခံပြည်သူများနေရပ်မပြန်သေးရန်KNDFအသိပေး ယခုနှစ် မတ်လ ပိုင်းကစ၍ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ဖယ်ခုံမြို့ တောင်စလုံး၊ မြောက်စလုံး ကျေးရွာတွင် ကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်းရေးများလုပ်ဆောင်နေသည်ဟုသိရသည်။ LuduNwayOoဇူလိုင် 10, 2023