စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ဧရာဝတီမြစ်ကြောင်းမှတဆင့် တပ်အပြောင်းအရွှေ့ပြုလုပ်သည့် စစ်ကောင်စီတပ်ကမြစ်ကမ်းဘေးကျေးရွာများကိုသေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်၍ ဒေသခံသားအဖနှစ်ဦးသေဆုံးသွားကြောင်း ဒေသခံများကပြောသည်။
ယမန်နေ့(ဇူလိုင်လ ၉ရက်) နေ့လည်က စစ်ကောင်စီတပ်သည် ဧရာဝတီမြစ်ကြောင်းမှတဆင့်သံခွန်(ရေယာဉ်)ဖြင့် ကသာဖက်သို့ ဆန်တက်စဉ် မြစ်ကမ်းဘေးရွာများကို သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။စစ်တပ် ပစ်ခတ်မှုကြောင့်ထီချိုင့်မြို့နယ် ၊ကမ်းနီရွာမှ သားအဖနှစ်ဦး သေနတ်ကျည်ဆန်ထိမှန်သေဆုံးခဲ့ကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကပြောသည်။
“မြတောက်ဆိပ်ကနေထွက်သွားတာ။ ကသာဖက်ကို ဆန်သွားတာ။ စစ်ေးတွေ ရမ်းပစ်သွားလို့ ကမ်းနီရွာက သားအဖနှစ်ယောက်သေဆုံးတယ်။ ဒီရက်ပိုင်း ထီးချိုင့်နယ်ထဲမှာ စစ်တပ်က အင်အားတိုးနေတယ်”ဟု ၎င်းကပြောသည်။

Public Service Announcement

သေဆုံးသည့် ကမ်းနီရွာမှ သားအဖနှစ်ဦး၏အချက်အလက်အသေးစိတ်ကိုမသိရသေးဘဲ People’s Spring ကစုံစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီတပ်သည် ဇူလိုင်လ ၈ ရက်ကလည်း ထီးချိုင့်မြို့ပေါ်သို့ ရဟတ်ယာဉ်ဖြင့် စစ်သားများထပ်ပို့၍အင်အားဖြည့်သွားသည်ဟု မြို့ခံများကပြောသည်။ ယခုရက်ပိုင်းတွင် ထီးချိုင့်နှင့် ကသာမြို့တို့တွင် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ ရှိနေ၍ ဒေသခံများ သတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များကသတိပေးသည်။
ကသာမြို့နယ်၊ မိုးတာလေးကျေးရွာနှင့် အထက်ဝဲကြီးရွာတွင် စစ်ကောင်စီ စစ်ကြောင်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဇူလိုင် ၅ရက်နှင့် ၇ရက်တွင်တိုက်ခိုက်ခဲ့ကြကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။
