Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးဖြေရှင်းရန် အာဆီယံ ပျက်ကွက်ကျရှုံးနေမှုအပေါ် စိုးရိမ်စိတ်ပျက်ကြောင်း လူငယ်ကိုယ်စားလှယ်များပြော

အာဆီယံအထူးကိုယ်စားလှယ်က တရားမဝင်စစ်အုပ်စုနှင့် တရားဝင် ထိတွေ့ဆက််ဆံနေခြင်းအပေါ် လူငယ်တော်လှန်ရေးသမားများက ဝေဖန်ခဲ့ပြီး NUG၊ NUCC၊ EROs၊ CRPH၊ CSOs တို့နှင့် တရားဝင်ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်းကို ထောက်ပြခဲ့သည်။

(မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးအကြီးအကဲ သံအမတ်ကြီး Mr. Ngurah Swajaya။ ဓါတ်ပုံ-The Diplomacy)
(မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးအကြီးအကဲ သံအမတ်ကြီး Mr. Ngurah Swajaya။ ဓါတ်ပုံ-The Diplomacy)

အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို အာဆီယံမှ ထိရောက်စွာတားဆီးနိုင်မှု မရှိခြင်းနှင့် ကျရှုံးနေမှုတို့အပေါ် စိုးရိမ်စိတ်ပျက်ကြောင်း လူငယ်ကို​ယ်စားလှယ်များက အာဆီယံအထူးကို​ယ်စားလှယ်ရုံးအကြီးအကဲကို ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးအကြီးအကဲ သံအမတ်ကြီး Mr. Ngurah Swajaya သည် တိုင်းရင်းသားလူငယ်အဖွဲ့အစည်းများ၊ သမဂ္ဂများနှင့် ကွန်ရက်များ နှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများမှ လူငယ်ကိုယ်စားလှယ် ၂၆ ဦးကို ဇူလိုင် ၃ ရက်တွင် တွေ့ဆုံခဲ့ကြောင်း ဇူလိုင် ၇ ရက်တွင် သတင်းထုတ်ပြန်သည်။

လူငယ်ကိုယ်စားလှယ်များက အကြမ်းဖက်စစ်အုပ်စုမှ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအပေါ် ဆက်လက်ကျူးလွန်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရက်စက်ကြမ်းကြုတ်သောရာဇဝတ်မှုများနှင့် စပ်လျဉ်းသည့် မြေပြင်တွင် ဖြစ်ပွားနေသော လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ ရွာများကို မီးရှို့မှု၊ တရားလက်လွတ်သတ်ဖြတ်မှုများနှင့်ပတ်သက်သည့် နောက်ဆုံးရအခြေအနေများကို တင်ပြခဲ့ကြောင်း သိရသည်။

စစ်အုပ်စုကျူးလွန်သည့် ရာဇဝတ်မှုများ၏ ဆိုးရွားပြင်းထန်မှုနှင့် အရှိန်မြင့်တက်လာမှုတို့သည် မြန်မာစစ်အုပ်စုက ဘုံသဘောတူညီချက်ငါးရပ်နှင့် အာဆီယံ၏ ဂုဏ်သိက္ခာ ပျက်ပြားအောင် လျစ်လျူရှုခြင်း၏ ထင်ရှားသော အထောက်အထားများဖြစ်ကြောင်း လူငယ်များက အာဆီယံသံအမတ်ကြီးကို ပြောသည်။

Public Service Announcement

Public Service Announcement

အာဆီယံအထူးကိုယ်စားလှယ်က တရားမဝင်စစ်အုပ်စုနှင့် တရားဝင် ထိတွေ့ဆက််ဆံနေခြင်းအပေါ် လူငယ်တော်လှန်ရေးသမားများက ဝေဖန်ခဲ့ပြီး NUG၊ NUCC၊ EROs၊ CRPH၊ CSOs တို့နှင့် တရားဝင်ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်းကို ထောက်ပြခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

Facebook