Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးဖြေရှင်းရန် အာဆီယံ ပျက်ကွက်ကျရှုံးနေမှုအပေါ် စိုးရိမ်စိတ်ပျက်ကြောင်း လူငယ်ကိုယ်စားလှယ်များပြော

အာဆီယံအထူးကိုယ်စားလှယ်က တရားမဝင်စစ်အုပ်စုနှင့် တရားဝင် ထိတွေ့ဆက််ဆံနေခြင်းအပေါ် လူငယ်တော်လှန်ရေးသမားများက ဝေဖန်ခဲ့ပြီး NUG၊ NUCC၊ EROs၊ CRPH၊ CSOs တို့နှင့် တရားဝင်ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်းကို ထောက်ပြခဲ့သည်။

(မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးအကြီးအကဲ သံအမတ်ကြီး Mr. Ngurah Swajaya။ ဓါတ်ပုံ-The Diplomacy)
(မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးအကြီးအကဲ သံအမတ်ကြီး Mr. Ngurah Swajaya။ ဓါတ်ပုံ-The Diplomacy)

အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို အာဆီယံမှ ထိရောက်စွာတားဆီးနိုင်မှု မရှိခြင်းနှင့် ကျရှုံးနေမှုတို့အပေါ် စိုးရိမ်စိတ်ပျက်ကြောင်း လူငယ်ကို​ယ်စားလှယ်များက အာဆီယံအထူးကို​ယ်စားလှယ်ရုံးအကြီးအကဲကို ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးအကြီးအကဲ သံအမတ်ကြီး Mr. Ngurah Swajaya သည် တိုင်းရင်းသားလူငယ်အဖွဲ့အစည်းများ၊ သမဂ္ဂများနှင့် ကွန်ရက်များ နှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများမှ လူငယ်ကိုယ်စားလှယ် ၂၆ ဦးကို ဇူလိုင် ၃ ရက်တွင် တွေ့ဆုံခဲ့ကြောင်း ဇူလိုင် ၇ ရက်တွင် သတင်းထုတ်ပြန်သည်။

လူငယ်ကိုယ်စားလှယ်များက အကြမ်းဖက်စစ်အုပ်စုမှ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအပေါ် ဆက်လက်ကျူးလွန်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရက်စက်ကြမ်းကြုတ်သောရာဇဝတ်မှုများနှင့် စပ်လျဉ်းသည့် မြေပြင်တွင် ဖြစ်ပွားနေသော လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ ရွာများကို မီးရှို့မှု၊ တရားလက်လွတ်သတ်ဖြတ်မှုများနှင့်ပတ်သက်သည့် နောက်ဆုံးရအခြေအနေများကို တင်ပြခဲ့ကြောင်း သိရသည်။

စစ်အုပ်စုကျူးလွန်သည့် ရာဇဝတ်မှုများ၏ ဆိုးရွားပြင်းထန်မှုနှင့် အရှိန်မြင့်တက်လာမှုတို့သည် မြန်မာစစ်အုပ်စုက ဘုံသဘောတူညီချက်ငါးရပ်နှင့် အာဆီယံ၏ ဂုဏ်သိက္ခာ ပျက်ပြားအောင် လျစ်လျူရှုခြင်း၏ ထင်ရှားသော အထောက်အထားများဖြစ်ကြောင်း လူငယ်များက အာဆီယံသံအမတ်ကြီးကို ပြောသည်။

Public Service Announcement

Public Service Announcement

အာဆီယံအထူးကိုယ်စားလှယ်က တရားမဝင်စစ်အုပ်စုနှင့် တရားဝင် ထိတွေ့ဆက််ဆံနေခြင်းအပေါ် လူငယ်တော်လှန်ရေးသမားများက ဝေဖန်ခဲ့ပြီး NUG၊ NUCC၊ EROs၊ CRPH၊ CSOs တို့နှင့် တရားဝင်ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်းကို ထောက်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူများအပေါ် အကြမ်းဖက်မှုများလုပ်နေသည့် စစ်ကောင်စီကိုထောက်ခံကာ မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရ၏ လုပ်ရပ်များ ချက်ချင်းရပ်တန့်ရန် နှင့် စစ်ကောင်စီကို ကူညီအားပေးနေခြင်းကိုကန့်ကွက်ကြောင်းဂျပန်ရောက်မြန်မာများကချီတတ်ဆန္ဒပြခဲ့သည်။

သတင်း

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးရှေ့တွင် ပြည်ပရောက်မြန်မာများ စုပေါင်း၍ တရုတ်အစိုးရက စစ်ကောင်စီဘက်၌ ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီး မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်နေခြင်းအား ဆန့်ကျင်ရှုတ်ချကြောင်း ယမန်နေ့ (ဇွန်လ ၆) ညနေက ဆန္ဒပြခဲ့ကြသည်။

သတင်း

အာဆီယံဟာ မြန်မာပြည်သူတွေအပေါ် ထပ်မံတာဝန်ပျက်ကွက် ကျရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)က မနေ့က ထုတ်ပြန်လိုက်ပါတယ်။

သတင်း

​မေ-၂၈၊၂၀၂၅။ People’s Spring အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့ ယိုယွင်းပျက်စီးနေတဲ့ အခြေအနေတွေ၊ ကြမ်းတမ်းခက်ထန်တဲ့ ပဋိပက္ခတွေအတွက် အလေးအနက် စိုးရိမ်ကြောင်း ကြေညာခဲ့ပေမယ့် အာဏာသိမ်းပြီး ၄ နှစ်ကျော် ကြာလာတဲ့ထိ လူထုအပေါ် အကြမ်းဖက် သတ်ဖြတ်နေတဲ့...