Connect with us

Hi, what are you looking for?

သတင်း

ရေဘေးသင့်ပြည်သူတွေ ဝမ်းရောဂါမဖြစ်ဖို့ ရွှေဘိုမြို့နယ် ပကဖ ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းမှာ ရေဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ ပြည်သူတွေကို ဝမ်းရောဂါ မဖြစ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း ပကဖ အသံက ဒီကနေ့ (သြဂုတ် ၁၆) ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - ပကဖအသံ

သြဂုတ် ၁၆၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းမှာ ရေဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ ပြည်သူတွေကို ဝမ်းရောဂါ မဖြစ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း ပကဖ အသံက ဒီကနေ့ (သြဂုတ် ၁၆) ထုတ်ပြန်ပါတယ်။

ရေဘေးသင့်ပြည်သူတွေနဲ့ ဝမ်းပျက်ဝမ်းလျှော၊ အရေပြားရောဂါနဲ့ ဖျားနာမှုတွေ ခံစားရနိုင်တာကြောင့် သောက်သုံးရေနဲ့ အစားအစာတွေကို သန့်ရှင်းစွာစားသုံးဖို့နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ကြဖို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ကျန်းမာရေးမူမမှန်မှုတွေ ဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းတွေထံ အမြန်ဆုံး ဆက်သွယ်ကုသမှုခံယူကြပါဖို့လည်း အသိပေးနှိုးဆော်ထားပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ် အပါအဝင် အခြားသော မြို့နယ်တွေမှာလည်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပါဝင် သောက်သုံးရေ၊ ဓာတ်ဆားနဲ့ ဆေးဝါးတွေ လိုအပ်လျက်ရှိပြီး တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

GPL-1 ထိုးဆေးတွေဟာ ရုတ်တရက် အမြင်အာရုဏ်ကွယ်သွားနိုင်တဲ့ ရှားပါး မျက်စိရောဂါဖြစ်ပွားနိုင်ခြေရှိတဲ့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဆေးဝါးထုတ်လုပ်တဲ့ကုမ္ပဏီကို ဒါဇင်နဲ့ချီတဲ့ အမေရိကန်နိုင်ငံသားတွေက တရားဆွဲဆိုထားတာလည်းရှိပါတယ်။

ဆောင်းပါး

အငွေ့တစ်ထောင်းထောင်း ထွက်နေတဲ့ ကော်ဖီပူပူ တစ်ခွက်ဟာ စိတ်ကို ကြည်လင်လန်းဆန်းစေပြီး၊ ခန္ဓာကိုယ်ကို နွေးထွေးစေသလို သက်တောင့်သက်သာ ခံစားချက်ကိုလည်း ပေးနိုင်တယ်လို့ သုတေသနတွေက အကြံပြုထားပါတယ်။ စက်တင်ဘာ ၈ ရက်နေ့က နိုင်ငံတကာ ကင်ဆာသုတေသနဂျာနယ် (International Journal of Cancer) မှာ ဖော်ပြခဲ့တဲ့...

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

သတင်း

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Trending

Facebook