Connect with us

Hi, what are you looking for?

သတင်း

သာယာဝတီထောင်မှာ ငွေမပေးတဲ့ နိုင်ကျဥ်းတွေကို မိလ္လာရေ သယ်ခိုင်းနေ

သာယာဝတီအကျဉ်းထောင်ကို ထောင်ပြောင်းလာရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ဦးကို ထောင်အရာရှိတွေက တစ်ဦး ကျပ် ၃သိန်းစီပေးဖို့ အတင်းအဓမ္မ တောင်းယူနေပြီး မပေးနိုင်ပါက မိလ္လာရေ သယ်ခိုင်းနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

(သာယာဝတီအကျဥ်းထောင်အား တွေ့ရစဥ်။ ဓာတ်ပုံ – AAPP)

ဩဂုတ်-၁၆၊၂၀၂၆။ ဟာနာဆန်/People’s Spring

သာယာဝတီအကျဉ်းထောင်ကို ထောင်ပြောင်းလာရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ဦးကို ထောင်အရာရှိတွေက တစ်ဦး ကျပ် ၃သိန်းစီပေးဖို့ အတင်းအဓမ္မ တောင်းယူနေပြီး မပေးနိုင်ပါက မိလ္လာရေ သယ်ခိုင်းနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ် ဒုတိယပတ်က ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်ကို ထောင်ပြောင်းနဲ့ ရောက်ရှိလာတဲ့ တောင်ငူထောင်က နိုင်ငံ​​ရေးအကျဥ်းသား ၁၀၀ဦးဆီကနေ ထောင်အရာရှိတွေဟာ ထောင်တွင်းအခေါ် ဘောင်ချာလို့ ခေါ်တဲ့ သက်သောင့်သက်သာရှိတဲ့ အလုပ်တွေသာ လုပ်ကိုင်ခွင့်ရဖို့နဲ့ အကျဥ်းထောင်အတွင်း အေးဆေးစွာ နေထိုင်ခွင့်ရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အကျဉ်းသားတစ်ဦးကို ကျပ် ၃သိန်းစီပေးဖို့ ဖိအားပေးတောင်းခံနေတယ်လို့ PPNMက ထုတ်ပြန်အသိပေးပါတယ်။

အဲဒီ ငွေကြေးတောင်းခံရာမှာ အကျဉ်းဦးစီးဌာနက ဦးစီးအရာရှိ ပြည့်ဖြိုးအောင်နဲ့ ဦးစီးအရာရှိ သန်းဝင်းတို့က အဓိက ဖိအားပေးတောင်းခံနေတယ်လို့ PPNMက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

“ထောင်တွေတိုင်းလိုလိုမှာလည်း ငွေကြေးအတင်းအဓမ္မကောက်ခံနေတာမျိုးတွေ ရှိပါတယ်။ တချို့ထောင်တွေမှာဆိုရင် ငါးသိန်းအထိ ကောက်ခံနေတာမျိုးတွေရှိတယ်။”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

တောင်းခံတဲ့ ငွေကြေး မပေးနိုင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အခြားအကျဉ်းသားတွေ မလုပ်လိုတဲ့ မိလ္လာရေ သယ်ယူရှင်းလင်းတာတွေနဲ့ တောင်ယာလုပ်ငန်းတွေကို အတင်းအဓမ္မ ခိုင်းစေနေတယ်လို့ PPNMက ထပ်မံ အသိပေးပါတယ်။

အကျဉ်းထောင်အာဏာပိုင်တွေ၊ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေအနေနဲ့ မိမိတို့ရဲ့ ကိုယ်ကျိုးစီးပွားနဲ့ ငွေကြေးရရှိရေးအတွက် နိုင်ငံရေးအကျဉ်းသားတွေအပေါ် အာဏာအလွဲသုံးစားပြုပြီး အတင်းအဓမ္မ ငွေကြေးတောင်းခံတာ၊ငွေကြေးမပေးနိုင်သူတွေကို အလုပ်ကြမ်းတွေ ဖိအားပေးခိုင်းစေတာတွေဟာ အကျဉ်းသားတွေရဲ့ အခြေခံအခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ လုပ်ရပ်တွေဖြစ်တာကြောင့် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း PPNM က သတိပေးပါတယ်။

သာယာဝတီအကျဉ်းထောင်ဟာ နိုင်ငံရေးအကျဥ်းသားတွေကို ဖိနှိပ်ရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားပြီး နိုင်ငံရေးအကျဥ်းသားတွေဟာ ထောင်ဘူးဝမှာတင် အစုလိုက်၊အပြုံလိုက် ရိုက်နှက်ခံရတာ၊ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်တာ၊ တိုက်ပိတ်တာ၊ အခြေခံလူ့အခွင့်အရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုမပေးတာတွေ ရင်ဆိုင်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကလေးအကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၅၀ အပါအဝင် ၈၀ ခန့်ဟာ အရေးပေါ် ဆေးရုံတက်ကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကဒီက​နေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို ရိုက်နှက်နှိပ်စက်ပြီး ၃ ဦးတိုက်ပိတ်ခံထားရကာ ဆေးကုသခွင့်လည်း ပိတ်ပင်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ တရားမျှတရေးကွန်ရက်(Justice Network For Political Prisoners)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

Trending

Facebook