သတင်း ဖားကန့်မှာ စစ်တပ်ရဲ့ကာကင်းစခန်းတစ်ခုကိုတော်လှန်ရေးတပ်တွေသိမ်းယူ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့(ဧပြီ၂ ရက်) မနက်ပိုင်းကဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ် ရှေ့တန်းစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFက သိမ်းယူထားကြောင်း သတင်းရရှိပါတယ်။ LuduNwayOoဧပြီ 3, 2026
သတင်း ဖာပွန်မှာ စစ်တပ်စခန်းနှစ်ခုကို KNU တပ်မဟာ ၅ သိမ်းယူ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ စစ်ရေးလှုပ်ရှားရာနယ်မြေထဲမှာရှိတဲ့စစ်တပ်စခန်းနှစ်ခုကို ပြီးခဲ့တဲ့ မတ်လ တတိယပတ်အတွင်းသိမ်းယူလိုက်နိုင်တယ်လို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။ LuduNwayOoဧပြီ 3, 2026
သတင်း အာရှလမ်းမကြီးကို စစ်ကောင်စီ ပြန်လည်ဖွင့်လှစ် ထိုင်း -မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အာရှလမ်းမကြီးကို ဒီနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စတင်ဖွင့်လှစ်လိုက်ပြီး အိမ်စီးကားငယ်တွေနဲ့ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာနေကြတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ LuduNwayOoဧပြီ 3, 2026
သတင်း ဝေါ်လေဗျုဟာအနီးက ထီးသဲလယ်ရွာ ဗုံးကြဲခံရလို့ တစ်ရွာလုံးနီးပါးပျက်စီး ထိုင်း - မြန်မာ နယ်စပ်အနီး မြဝတီမြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ဝေါ်လေဗျုဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလေတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အဲဒီဗျုဟာအနီးက ထီးသဲလယ်ရွာ တစ်ရွာလုံးနီးပါး ပျက်စီးသွားပြီလို့ ဒေသခံ အချို့ဆီကသိရပါတယ်။ LuduNwayOoဧပြီ 3, 2026
သတင်း ဖက်ဒရယ်ဦးဆောင်ကောင်စီမှာ ကျန်တော်လှန်ရေးအဖွဲ့တွေပါဝင်ရေး ကြိုးပမ်းဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ တိုက်တွန်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းတဲ့အပေါ် ထောက်ခံကြိုဆိုကြောင်းနဲ့ ကျန်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ပါဝင်လာရေး ဆက်ကြိုးပမ်းဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက ထုတ်ပြန်ပါတယ်။ LuduNwayOoဧပြီ 3, 2026