Connect with us

Hi, what are you looking for?

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲဝင် ၆၅၀ နီးပါး ဇွန်လအတွင်းချေမှုန်းနိုင်ခဲ့ဟု NUG ကာကွယ်ရေးပြော

အာဏာသိမ်းစစ်တပ်က အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဇွန်လအတွင်းမှာ ထိခိုက်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ ဇွန်လအတွင်း စစ်ရေးဖော်ဆောင်မှုများ။ ဓာတ်ပုံ - PDF)

ဇူလိုင် ၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဇွန်လအတွင်းမှာ ထိခိုက်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြလာတဲ့ အချက်အလက်တွေအရ ဇွန်လအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၄၄ဦးသေဆုံးကာ ဒဏ်ရာရသူ ၂၀၉ ဦးရှိတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူ၊ဖမ်းမိသူတွေထဲမှာ အရာရှိ ၂၀ဦး ပါဝင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်စခန်း သိမ်းပိုက်နိုင်တာ ၉ကြိမ်ရှိခဲ့ပြီး တပ်စခန်းတိုက်ခိုက်မှု ၁၅ကြိမ်ရှိခဲ့ကြောင်း၊ စစ်ကောင်စီ ရဟတ်ယာဉ်ကို တိုက်ခိုက်မှု ၁ကြိမ်ရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ယခု ထုတ်ပြန်ချက်မှာ စစ်ရေးဖော်ဆောင်မှု အခြေအနေ အသေးစိတ်၊ တော်လှန်ရေးရဲဘော်တွေ ထိခိုက်ကျဆုံးမှု အခြေအနေတွေကိုတော့ ဖော်ပြမထားပါဘူး။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်ကတော့ ဇွန်၊ ဇူလိုင်လတွေအတွင်း မန္တလေးတိုင်း စစ်ဌာန ၊ မကွေတိုင်းစစ်ဌာန၊ စစ်ကိုင်းတိုင်းစစ်ဌာန၊ နေပြည်တော်တိုင်း စစ်ဌာန တွေမှာ စစ်ကောင်စီတပ် အထိနာအောင် စစ်ရေးဖော်ဆောင်နိုင်ခဲ့ကြောင်း အသိပေးထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ် ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်ကက မေလကုန်ပိုင်းက စစ်ရေး အခြေအနေအချို့ကို အသိပေးထားရာ နိုင်ငံတဝန်းတိုက်ပွဲတွေမှာ စစ်တပ်က အကျအဆုံးအထိအခိုက်များစွာရှိနေတယ်လို့ဆိုပါတယ်။

” စစ်မြေပြင်မှာ ရန်သူဘက်က အကျအဆုံး အင်မတန်များပါတယ် ။ တနေရာ/ နှစ်နေရာမှာဘဲ ဒီလို ဖြစ်နေတာ မဟုတ်ပါဘူး ။မြန်မာတနိုင်ငံလုံးက စစ်ဂွင်အသီးသီးမှာ ရန်သူဘက်က အကျအဆုံး အထိအခိုက်ဟာ ကြောက်ခမန်းလိလိ ဖြစ်ပါတယ် ။ တရားဝင် သတင်းမထုတ်ပြန်ပေမယ့် ကျွန်တော်တို့ဆီ တက်လာတဲ့ Daily Report တွေအရ နေ့စဉ်တိုက်ပွဲအသီးသီးကနေ သိမ်းဆည်းရမိတဲ့ ရန်သူ့အလက် ၊ အလောင်းတွေဟာ မနည်းပါဘူး”လို့ ဒေါက်တာစိုးသူရဇော်က ပြောထားတာပါ။

တကယ့်စစ်မြေပြင်ရဲ့ အဖြစ်သနစ်ကို ရန်သူကိုယ်တိုင်လည်း ကောင်းကောင်းသိပေမယ့် ပြည်သူလူထုအနေနဲ့ အခြေအနေမှန်ကို သိဖို့ ခက်ခဲနေကြောင်း PDF တပ်မှူးက ပြောကြားခဲ့ပြီး အာဏာသိမ်းစစ်တပ်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းမှု မခံရအောင် ရှောင်ဖို့၊ တကယ်လို့ စုဆောင်းခံရရင် လွတ်အောင်ပြေးဖို့ ၊လွတ်လမ်းမရှာနိုင်ဘဲ စစ်မြေပြင် ရောက်လာရင် တော်လှန်ရေးဘက် ကူးပြောင်းပြီး လက်နက်ချဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုရဲ့အခုတစ်ကြိမ် ပေါက်ကွဲမှုက ခေတ်ဟောင်းရဲ့ နိဂုံး၊ခေတ်သစ်ရဲ့ နိဒါန်းဖြစ်လိမ့်မယ်လို့ ​ဖော်ပြ

သတင်း

သမိုင်းတရားခံတွေနဲ့ ခေတ်သစ်အာဏာရှင်တွေကို ဥပဒေအကြောင်းအရ တရားစီရင်ဖို့ဟာ တော်လှန်ပြည်သူတရပ်လုံးရဲ့ သမိုင်းပေးတာဝန်ဖြစ်ပြီး အဲဒီ သမိုင်းပေးတာဝန်ကို အရိုးကြေကြေ အရည်ခမ်းခမ်း၊ ဦးလည်မသုန် ထမ်းရွက်သွားမှာဖြစ်ကြောင်း သစ္စာဓိဌာန် ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်တွေ အထိနာနေတဲ့ ဖားကန့်မှာ စစ်ကောင်စီတပ်သားတချို့ KIA၊KPDF ပူးပေါင်းတပ်ထံ လက်နက်ချအလင်းဝင်လာကြပါတယ်။