Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံတည်တံ့ရေးအတွက် အမေရိကန်နဲ့ စစ်တိုက်နေရတာလို့ အီရန်ပြော

နိုင်ငံတည်တံ့ရေးကို ဆက်လက်ထိန်းသိမ်း ကာကွယ်ဖို့အတွက် အမေရိကန်နဲ့ စစ်ခင်း တိုက်ခိုက်နေရကြောင်း အီရန် အစိုးရက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty

နိုင်ငံတည်တံ့ရေးကို ဆက်လက်ထိန်းသိမ်း ကာကွယ်ဖို့အတွက် အမေရိကန်နဲ့ စစ်ခင်း တိုက်ခိုက်နေရကြောင်း အီရန် အစိုးရက ပြောကြားခဲ့ပါတယ်။

အီရန် ဆိပ်ကမ်းတွေကို ပစ်မှတ်ထားတဲ့ ရေတပ် ဖြန့်ကျက် ပိတ်ဆို့မှုကို အမေရိကန်က ပြန်လည် သတ်မှတ်ခဲ့တဲ့နောက် ဇူလိုင် ၁၅ ရက်နေ့မှာတော့ အီရန်ရဲ့ ကမ်းရိုးတန်း ကာကွယ်ရေး စခန်းတွေနဲ့ ဒုံးကျည်ပစ်စင်တွေကို အမေရိကန်က တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။

တစ်ဖက်မှာလည်း အီရန်က နိုင်ငံတောင်ပိုင်းမှာရှိတဲ့ စွမ်းအင်တင်ပို့မှု အချက်အခြာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို ပိတ်လိုက်ကြောင်း ကြေညာပြီး နောက်ထပ် စွမ်းအင် တင်ပို့မှုဆိုင်ရာ လမ်းကြောင်းတွေကို နှောင့်ယှက် ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)က ဇူလိုင် ၁၅ ရက်နေ့မှာ အီရန်အပေါ် တိုက်ခိုက်တဲ့ လှိုင်းအသစ်တွေ လုပ်ဆောင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးတွေရဲ့ ရည်ရွယ်ချက်ကတော့ ဟောမုဇ် ရေလက်ကြားထဲက အရပ်ဖက် ရေယာဉ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အီရန်ရဲ့ စစ်ရေးစွမ်းရည်ကို ထပ်မံ ယုတ်လျော့သွားအောင် လျှော့ချဖို့ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီရန်ရဲ့ Mehr သတင်းဌာနကတော့ ဟောမုဇ် ရေလက်ကြားမှာရှိတဲ့ အီရန်ပိုင် ဟန်ဂမ်ကျွန်းကို အမေရိကန် ဒုံးကျည်တွေ ထိမှန်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေမှာ ဦးဆောင်နေတဲ့ အီရန် လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာကာ ဂါလီဘက်ဖ်ကတော့ အီရန်ဟာ နိုင်ငံတည်တံ့ရေးအတွက် မဖြစ်မနေ ဆင်နွှဲရမယ့် စစ်ပွဲတစ်ခုကို အမေရိကန်နဲ့ တိုက်ခိုက်နေရတာ ဖြစ်တယ်လို့ သူ့ရဲ့ ကြေညာချက်ထဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဘာရိန်း၊ ကူဝိတ်နဲ့ ဂျော်ဒန်တို့မှာရှိတဲ့ အမေရိကန် စစ်ရေးပစ်မှတ်တွေကို ပစ်မှတ်ထား ချေမှုန်းခဲ့တယ်လို့ အီရန်ရဲ့ အကြီးဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က ဇူလိုင် ၁၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်တို့ဟာ စစ်ပြေငြိမ်းရေးကိစ္စ အပြီးသတ် ဆွေးနွေး ညှိနှိုင်းနိုင်ဖို့ ကြားကာလ အပစ်ရပ် သဘောတူညီမှု တစ်ခုကို ပြီးခဲ့တဲ့လက လက်မှတ် ရေးထိုးထားပေမယ့် အခုတော့ အပစ်ရပ် သဘောတူညီမှုဟာ လုံးဝ ပျက်စီးသွားပြီလို့ ယူဆရတဲ့ အခြေအနေတွေ ဖြစ်လာနေပါတယ်။

လောလောဆယ်မှာတော့ အမေရိကန်နဲ့ ဆက်ပြီး ညှိနှိုင်းမှုတွေလုပ်ဖို့ အစီအစဉ်မရှိဘဲ နိုင်ငံကို ကာကွယ်ဖို့ပဲ အပြည့်အဝ အာရုံစိုက်ထားကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အီစမေးလ် ဘက်ဟိုင်းက ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ လက်မှတ်ရေးထိုးထားတဲ့ နားလည်မှု စာချွန်လွှာ (MoU)က အီရန်အတွက် ဘာကောင်းကျိုးမှ မရှိတော့ဘူးလို့ ယူဆရင် အီရန်ကလည်း ဆက်ပြီး လေးစားလိုက်နာနေစရာ အကြောင်းမရှိဘူးလို့ ဂါလီဘက်ဖ်ကလည်း ပြောဆိုထားပါတယ်။

အီရန်ဟာ စစ်ပွဲကို ဘယ်တော့မှ မကြိုဆိုကြောင်း၊ ဒါပေမဲ့ အမျိုးသား လုံခြုံရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်အောင် တိုက်ခိုက်ဖို့တော့ အမြဲ အသင့်ရှိနေကြောင်း သူက မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နဲ့ ယှဉ်ရင် တရုတ်နဲ့ ဆက်ဆံရတာကို ကမ္ဘာ့နိုင်ငံ အများအပြားက ပိုမိုလိုလားလာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို နည်းနည်းလေး ရန်စရင်တောင် အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ဖြတ်သန်းတဲ့ ရေယာဉ်တွေကို အခွန်ကောက်မယ်လို့ ပြောပြီး နောက်တစ်နေ့မှာပဲ အဲဒီစကားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြန်ရုပ်သိမ်းသွားပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ပထမဆုံး အကြိမ်အဖြစ် ရေပေါ်သွား ဖောက်ခွဲရေး ဒရုန်းတွေကို စစ်ပွဲမှာ လက်တွေ့ အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။