Connect with us

Hi, what are you looking for?

သတင်း

အင်း​တော် နဲ့ ​မော်လူးကိုစစ်တပ်ကဗုံးမကြာခဏကြဲ​နေလို့ စစ်​ဘေး​ရှောင်​တွေကို​တော်လှန်​ရေးအင်အားစု​တွေသတိ​ပေး

အင်းတော်နဲ့မော်လူးမြို့နယ်ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင် တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

Screenshot

ဇူလိုင်-၁၅၊၂၀၂၆။ဇော်ရမ်း/People’s Spring

အင်းတော်နဲ့မော်လူးမြို့နယ်ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင် တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

ဇူလိုင်လဆန်းကနေ ဇူလိုင်လလယ်အထိ အင်းတော်မြို့နယ်မဲဇာဒေသက ပင်သချေရွာနဲ့ မော်လူးမြို့နယ်ထဲကို ပစ်မှတ်ထားပြီးစစ်တပ်ကဗုံးမကြာခဏကြဲနေဝာာလို့သိရပါတယ်။

“ထင်ရာမြင်ရာကိုရမ်းသမ်းပြီးပစ်နေတာ။ပင်သချေရွာကိုဆိုရင် အရပ်သားတွေရှိနေတဲ့နေရာကို နှစ်ကြိမ်ဗုံးကြဲသွားတယ်။ ပထမ နေ့က ကြဲတာဒဏ်ရာရကြတယ်။ နောက်ရက်ကျတော့အဲဒီနေရာကိုထပ်ပစ်တယ်။ စာသင်ကျောင်းတွေရောအိမ်တွေရောပျက်စီးတယ်” လို့ အင်း‌တော်မြို့ခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းမှာ ကသာ၊ အင်းတော်၊ မော်လူးမြို့နယ်တွေမှာ စစ်ရေးတင်းမာနေသလို စစ်တပ်ရဲ့လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေလည်းရှိနေတာပါ။မြေပြင်တိုက်ပွဲတွေမှာအထိနာနေတဲ့စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကိုပါဗုံးကြဲနေတာလို့ တော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။

“စစ်တပ်ကတော့ရှုံးမဲမဲပြီးလုပ်နေတာပဲ။ အရပ်သားတွေဘေးကင်းလုံခြုံရေးကိုဦးစားပေးပြီး သတိပေးချက်တွေကိုရတဲ့နည်းနဲ့ထုတ်ပြန်ပေးနေတယ်”လို့ ၎င်းကပြောပါတယ်။

ဇူလိုင်လ၇ရက်နေ့က ကသာမြို့နယ်ထဲက ပင်းမလွတ်ရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှာထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းမြစ်တွေကပြောပါတယ်။ အဲဒီနေ့ကတိုက်ပွဲမှာ စစ်တပ်က လေယာဉ်နဲ့ဗုံးအလုံး၄၀ကျော်ကြဲချသွားတယ်လို့ ဒေသတွင်း စစ်ရေးနဲ့လုံခြုံ ရေးသတင်းတွေဖော်ပြပေးနေတဲ့ Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ဘက်ကရုပ်အလောင်းတွေနဲ့လက်နက်ခဲယမ်းတွေကို တော်လှန်ရေးတပ်တွေကရရှိခဲ့တယ်လို့ Indaw Revolution-IR က ထုတ်ပြန်ပါတယ်။မန္တလေး – မြစ်ကြီးနားကားလမ်းပေါ်မှာရှိတဲ့အင်းတော်မြို့နယ် နးဘားလမ်းဆုံအနီးက ကမ်းနီရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ အရပ်သားနှစ်ဦး သေဆုံးခဲ့ပါတယ်။

ဇူလိုင်လဆန်းက တိုက်ပွဲတွေမှာ အင်းတော်မြို့နယ်အတွင်း မြစ်ကြီးနား-ရွှေဘို မီးရထားလမ်းပေါ်က မဲဇာရွာနဲ့ နန့်သဲရွာက‌နေ တော်လှန်ရေးတပ်တွေဆုတ်ခွာခဲ့ရပေမယ့် တခြားစစ်မျက်နှာတွေကို တော်လှန်ရေးတပ်တွေက စစ်ရေးဖော်ဆောင်နေတာလို့စစ်​​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

ဒါ့အပြင် ကသာမြို့နဲ့ဆက်စပ်နေတဲ့ ကချင်ပြည်နယ်ရွှေကူမြို့နယ်မှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဇူလိုင်လ၁၅ရက် မနက်ပိုင်းအထိအခြေအနေကို မြို့ခံတစ်ဦးကပြောပါတယ်။

အလားတူရွှေကူမြို့နယ်နဲ့ဆက်စပ်နေတဲ့ ငါးအိုးဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဇွန်လအတွင်းက လက်လွှတ်ခဲ့ရတဲ့ စခန်းတချို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။အင်းတော်၊ ကသာ၊ ရွှေကူ၊ ငါးအိုးဒေသတွေဟာ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဆက်စပ်နေတဲ့ ဒေသဖြစ်ပြီး တိုက်ပွဲဧရိယာကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတာဖြစ်ပါတယ်။

ဇူလိုင်လ ၁၄ရက်နဲ့ ဇူလိုင် ၁၅ ရက်​နေ့​တွေမှာပဲ စစ်တပ်က စစ်ကိုင်းတိုင်းထဲက အရာတော်မြို့နယ်၊ မကွေးတိုင်းထဲက နတ်မောက်မြို့နယ်၊ ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော