Connect with us

Hi, what are you looking for?

သတင်း

အာဇာနည်နေ့လှုပ်ရှားမှုမှာ ပြည်သူတွေ ပါဝင်ဖို့ ရွှေဘိုမြို့နယ်အတွင်း တိုက်တွန်းနှိုးဆော်

စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ်မှာသပိတ်အင်အားစုတွေက ဦးဆောင်ပြီး အာဇာနည်နေ့လှုပ်ရှားမှုမှာ ပြည်သူလူထုပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ဒီကနေ့ (ဇူလိုင် ၁၅) ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွှေဘိုမြို့နယ်သပိတ်အင်အားစု

ဇူလိုင်-၁၅၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ်မှာသပိတ်အင်အားစုတွေက ဦးဆောင်ပြီး အာဇာနည်နေ့လှုပ်ရှားမှုမှာ ပြည်သူလူထုပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ဒီကနေ့ (ဇူလိုင် ၁၅) ပြုလုပ်ခဲ့ပါတယ်။

သပိတ်​အင်အားစုဝင်တွေက အာဇာနည်နေ့ အကြိုလှုပ်ရှားမှုအဖြစ် “အာဇာနည်တိုင်းသမိုင်းမသေ” လက်ကမ်းစာစောင်တွေကို ဒေသခံပြည်သူထံ ဖြန့်ဝေခဲ့ပြီး အာဇာနည်နေ့လူထုလှုပ်ရှားမှုမှာ ပြည်သူတွေ ပါဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

လာမယ့်ဇူလိုင် (၁၉) ရက်မှာ ကျရောက်မယ့် အာဇာနည်နေ့ လူထုလှုပ်ရှားမှုမှာ ပြည်သူတွေ တတ်နိုင်တဲ့နည်းလမ်းနဲ့ ပူးပေါင်းပါဝင်ကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) နဲ့အတူ သပိတ်အင်အားစုတွေက တိုက်တွန်းလှုံ့ဆော်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင်၁၉မနက် (၁၀) နာရီ (၃၇) မိနစ်မှာ ရောက်ရာနေရာမှ ငြိမ်သက်ခြင်း၊ ဥဩဆွဲခြင်း၊ ဟွန်းတီးခြင်းတို့နဲ့ အလေးပြုပေးကြဖို့၊ အနက်ရောင် အဝတ်အစား၊ ဖဲကြိုး၊ ဦးထုတ်တွေ ဝတ်ဆင်ကာ ဝမ်းနည်းခြင်းနဲ့ ဆက်လက် တော်လှန်လိုသော စိတ်ဓာတ်ကို “အနက်ရောင်လှုပ်ရှားမှု (Black Movement)” နဲ့ ဖော်ပြပေးကြဖို့နဲ့ ဗိုလ်ချုပ်ရုပ်တု၊ လွတ်လပ်ရေးကျောက်တိုင်၊ ကျဆုံးအာဇာနည်တွေရဲ့ ဂူဗိမာန်တွေဆီသို့ ချီတက်ပြီး အာဇာနည်တို့ရဲ့ သမိုင်းကို အစဉ်အမှတ်ရနေကြောင်း သက်သေပြဖို့ GSCB က လှုံ့ဆော်ခဲ့ပါတယ်။

အဆိုပါလူထုလှုပ်ရှားမှုဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်ပေးဖို့၊ အဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲဥပဒေကို ချက်ချင်း ဖျက်သိမ်းဖို့၊ မြန်မာပြည်ရဲ့ သမ္မတဟာ ဦးဝင်းမြင့်သာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ကြောင်း ဖော်ပြတဲ့ တောင်းဆိုမှုလို့ GSCB က ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စဥ့်တုံံကျေးရွာအနီးမှာ ရွှေဘိုမြို့နယ်ကို အဓိက ရေပေး​ဝေနေတဲ့ မူးကြီး(တူးမြောင်း) ကျိုးသွားလို့ စပါးခင်းတွေအတွက် ရေအခက်အခဲ ရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်​နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

သတင်း

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေဟာ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။