Connect with us

Hi, what are you looking for?

သတင်း

အာရှလမ်းမကြီးကို စစ်ကောင်စီ ပြန်လည်ဖွင့်လှစ်

ထိုင်း -မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အာရှလမ်းမကြီးကို ဒီနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စတင်ဖွင့်လှစ်လိုက်ပြီး အိမ်စီးကားငယ်တွေနဲ့ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာနေကြတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ဧပြီ – ၂ ၊၂၀၂၆ ၊နိုင်ပကောင်း /People’s Spring

ထိုင်း -မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အာရှလမ်းမကြီးကို ဒီနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စတင်ဖွင့်လှစ်လိုက်ပြီး အိမ်စီးကားငယ်တွေနဲ့ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာနေကြတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

အာရှလမ််းမ လို့ လူသိများတဲ့လမ်းပိုင်းဟာ ထိုင်း -မြန်မာနယ်စပ် မြဝတီမြို့ နဲ့ကော့ကရိတ်မြို့ကိုဆက်သွယ်ထားတာဖြစ်ပြီး ထိုင်းကုန်စည်တွေ မြန်မာပြည်ထဲ စီးဆင်းမှုမှာ အရေးပါတဲ့ လမ်းပိုင်းဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် အဲဒီလမ်းပိုင်းကို ကာလအတန်ကြာ ပိတ်ထားခဲ့ရတာဖြစ်ပြီး အစောပိုင်းမှာ လမ်းပိုင်းကို KNU နဲ့ ပူးပေါင်းတပ်က ထိန်းချုပ်ထားတာပါ။

Public Service Announcement

Public Service Announcement

အဲဒီနောက်စစ်ကောင်စီတပ်က ပြန်လည်စိုးမိုးနိုင်ခဲ့ပြီး ဒီနေ့ လမ်းဖွင့်ပွဲကိုတော့ ဘားအံ နဲ့ မြဝတီ မှာ နှစ်နေရာခွဲပြီး ကျင်းပစေပါတယ်။

လမ်းဖွင့်ပွဲကို ဘားအံမြို့နယ်ထဲက ဘားအံ-ကော့ကရိတ်-မြ၀တီ အာရှလမ်းပိုင်း တံတားဦးကျေးရွာမှာ ကျင်းပခဲ့သလို မြ၀တီမြို့နယ်၊ အာရှလမ်းမပေါ်က သင်္ဃန်းညီနောင်တပ်နယ်မှာလည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

လမ်းဖွင့်ကို စစ်ကောင်စီရဲ့အုပ်ချုပ်ရေးပိုင်းက သံဃာတော်တွေပါ ပင့်ဖိတ်ပြီး လမ်းပိုင်းမှာ ပရိတ်ရွတ်တာတွေပြုလုပ်ခဲ့တယ်လို့ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

“အိမ်စီးကား ဆိုင်ကယ် သွားနေပြီ၊ လမ်းဖွင့်တာနဲ့ပဲ အတော်လေးဝမ်းသာရပါပြီ၊ သွားလာရအဆင်ပြေလွယ်ကူတာပေါ့” လို့ အဲဒီမြို့ခံက ဆိုပါတယ်။

အာရှလမ်းကို ပြန်လည်ဖွင့်လှစ်လိုက်ပေမယ့် ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေး တံတား ဖြစ်တဲ့ မြ၀တီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားနဲ့ ကုန်သွယ်ရေးဇုန်ကိုတော့ စစ်ကောင်စီ က မဖွင့်ပေးပါဘူး။

ပြန်လည်ဖွင့်လှစ်လိုက်တဲ့ အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ်က လုံခြုံ ရေးယူထားပြီး အာရှလမ်းရဲ့ အနောက်မြောက်ဘက်၊ ကော့ကရိတ်မြို့မြောက်ခြမ်းက မြ၀တီ-ကော့ကရိတ် ဒေါနတောင်ပေါ်လမ်းဟောင်းမှာတော့ တိုက်ပွဲတွေရှိနေဆဲလို့သိရပါတယ်။

အာရှလမ်းပိတ်ထားချိန်က ဒေါနတောင်ပေါ်လမ်းတွေ ဖြစ်တဲ့ ထို့ကော်ကိုးလမ်း ၊ကြက်ဥတောင်(သေ့ကတေ)လမ်း နဲ့ ၁၀၁၈ လမ်းတွေကို အသုံးပြုခဲ့ကြတာပါ။

အဲဒီလမ်းပိုင်းတွေကို အပစ်ရပ် ကရင်ငြိမ်းချမ်းရေးကောင်စီ နဲ့ ကရင့်နယ်ခြားစောင့်တပ် တို့က ထိန်းချုပ်ထားပါတယ်။

ဒါပေမယ့် အဲဒီလမ်းပိုင်းတွေမှာ ဂိတ်တွေများသလို ငွေကြေးကောက်ခံတာလည်း များပြီး တောလမ်းလည်းဖြစ်တာကြောင့် သွားရလာရခက်ခဲကာ ကုန်ကျစရိတ်တွေလည်း အဆမတန်များပြားတယ်လို့ ဒေသခံတွေက အသိပေးပါတယ်။

အခုလို ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းပြန်မဖွင့်ခင် ပြီးခဲ့တဲ့လ က ထိုင်းစစ်တပ်ကာကွယ်ရေးဦးစီးချုပ်ဟာနေပြည်တော်ကိုလာပြီး အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်နဲ့တွေ့ခဲ့သလို အဲဒီခရီးစဉ်အပြီးမှာ မြဝတီမြို့စောင့်တပ် တပ်ရင်းမှုးအဖွဲ့နဲ့ ထိုင်း စစ်တပ်ခေါင်းဆောင်တွေ မဲဆောက်မြို့မှာ တွေ့ဆုံကြတာရှိခဲ့ပါတယ်။

ဓာတ်ပုံ – MOI (ရုပ်ပုံဟောင်း)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook