သတင်း KNLA နဲ့တိုက်ပွဲပေါင်းအကြိမ်တစ်ရာကျော်မှာ BGF ဘက်က အယောက် ၉၀ နီးပါးသေဆုံးခဲ့တယ်လို့ဆို ဇူလိုင်(၁)ရက်နေ့ကနေ (၃၁)ရက်အထိ တစ်လတာအတွင်း တိုက်ပွဲပေါင်း(၁၀၀)ကျော်ထဲမှာ BGF တပ်ဘက်က (၈၈)ဦးသေဆုံးခဲ့ပြီး (၅၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ LuduNwayOoဩဂုတ် 3, 2022
သတင်း စစ်ကောင်စီတပ်နှင့်ပျူများအား မိုင်းဆွဲတိုက်ခိုက်စစ်သား ၄ ဦးသေဟု နတ်တောင်နဂါး(ပကဖ) ပြောက်ကျားတပ်ဖွဲ့ပြော အထိနာသွားသည့်အကြမ်းဖက်စစ်တပ်သည်လက်နက်အမြောက်အများ ရမ်းသမ်းပစ်ခတ်ကာမခေါက်ရွာဘက်သို့ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း နတ်တောင်နဂါးအဖွဲ့က ပြောသည်။ LuduNwayOoဩဂုတ် 3, 2022
သတင်း နတ္တလင်းမြို့နယ်မှစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်တစ်ဦးကိုနတ်တလင်းစစ်သည်အဖွဲ့ ပစ်ခတ်ရှင်းလင်း ယမန်နေ့ည ၉ နာရီ ၄၅ ခန့်က နတ္တလင်းမြို့နယ် လယ်မအင်းအုပ်စု၊ အောင်သုခကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး လှစိုးဆိုသူကို သေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်ခဲ့ရာ နေရာတင်သေဆုံးသွားကြောင်းဖော်ပြသည်။ LuduNwayOoဩဂုတ် 3, 2022
သတင်း မုံရွာနှင့် အရာတော်တွင် ပြည်သူများ မလိုအပ်ဘဲ အပြင်ထွက်ခြင်းနှင့် ခရီးသွားလာခြင်းများ မပြုလုပ်ကြရန် ဒေသတွင်းအဖွဲ့များ သတိပေး မုံရွာမြို့တွင် သြဂုတ် ၃ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အနက်ရောင် စစ်ဆင်ရေး အရှိန်တိုးမြင့်မည်ဖြစ်ပါသဖြင့် အပြင်မထွက်ရန် ပြည်သူများအား မြို့ပြပြောက်ကျား ၁၄ဖွဲ့က မေတ္တာရပ်ခံထားသည်။ LuduNwayOoဩဂုတ် 3, 2022
သတင်း ခရမ်းမြို့ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တစ်ခုကို ၄၀ မမဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်သေဆုံးရှိနိုင် ခရမ်းပြည်သူများအနေဖြင့် သွေးမအေးဘဲ စစ်အာ ဏာရှင်အား ရရာနည်းလမ်းဖြင့် အစွမ်းကုန်တော်လှန်သွားမည်ဟု PDF - Khayan က အငိပေးထုတ်ပြန်ထားသည်။ LuduNwayOoဩဂုတ် 3, 2022