Connect with us

Hi, what are you looking for?

သတင်း

နတ္တလင်းမြို့နယ်မှစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်တစ်ဦးကိုနတ်တလင်းစစ်သည်အဖွဲ့ ပစ်ခတ်ရှင်းလင်း

ယမန်နေ့ည ၉ နာရီ ၄၅ ခန့်က နတ္တလင်းမြို့နယ် လယ်မအင်းအုပ်စု၊ အောင်သုခကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး လှစိုးဆိုသူကို သေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်ခဲ့ရာ နေရာတင်သေဆုံးသွားကြောင်းဖော်ပြသည်။

နတ္တလင်းမြို့နယ်
နတ္တလင်းမြို့နယ်

ပဲခူးတိုင်း နတ္တလင်းမြို့နယ် မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ၎င်း၏နောက်လိုက်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်ခရိုင်PDFတပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၃)နတ်စစ်သည်တပ်ဖွဲ့ ကယနေ့(သြဂုတ် ၂)ထုတ် ပြန်သည်။

ယမန်နေ့ည ၉ နာရီ ၄၅ ခန့်က နတ္တလင်းမြို့နယ် လယ်မအင်းအုပ်စု၊ အောင်သုခကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး လှစိုးဆိုသူကို သေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်ခဲ့ရာ နေရာတင်သေဆုံးသွားကြောင်းဖော်ပြသည်။

တဆက်တည်းတွင် အုပ်ချုပ်ရေးမှူး လှစိုး၏နောက်လိုက်တစ်ဦးကိုပါ ပစ်ခတ်ရှင်းလင်းခဲ့ရာ ဒဏ်ရာအပြင်းအထန်ရသွားပြီး ဆေးရုံသို့ရောက်သွားကြောင်းအသိပေးသည်။

အထက်ပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး လှစိုးသည် စစ်အာဏာရှင်အလိုကျ သတင်းပေခြင်း၊ ဆည်အထက်ပိုင်းနှင့် အတွင်းပိုင်းရှိ ပြည်သူများအား ရိက္ခာဖြတ်တောက်ခြင်း၊ စက်လှေများအား ဆပ်ကြေးကောက်ခံခြင်းအပါအဝင် ပြည်သူကို အနိုင့်ကျင်ဗိုလ်ကျနေသူဖြစ်ကြောင်း​​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အုပ်ချုပ်ရေးမှူးလှစိုးသည် ၎င်း၏သားဖြစ်သူအား ပျူစောထီးအဖွဲ့ထဲဝင်စေပြီး ပြည်သူကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသူဖြစ်ကြောင်း လည်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။