Connect with us

Hi, what are you looking for?

သတင်း

KNLA နဲ့တိုက်ပွဲပေါင်းအကြိမ်တစ်ရာကျော်မှာ BGF ဘက်က အယောက် ၉၀ နီးပါးသေဆုံးခဲ့တယ်လို့ဆို

ဇူလိုင်(၁)ရက်နေ့ကနေ (၃၁)ရက်အထိ တစ်လတာအတွင်း တိုက်ပွဲပေါင်း(၁၀၀)ကျော်ထဲမှာ BGF တပ်ဘက်က (၈၈)ဦးသေဆုံးခဲ့ပြီး (၅၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

KNLA နဲ့တိုက်ပွဲပေါင်းအကြိမ်တစ်ရာကျော်မှာ BGF ဘက်က အယောက် ၉၀ နီးပါးသေဆုံးခဲ့တယ်လို့ဆို
KNLA နဲ့တိုက်ပွဲပေါင်းအကြိမ်တစ်ရာကျော်မှာ BGF ဘက်က အယောက် ၉၀ နီးပါးသေဆုံးခဲ့တယ်လို့ဆို

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင်ထဲမှာ KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ်(BGF)တပ်တို့အကြား တစ်လအတွင်း တိုက်ပွဲပေါင်းတစ်ရာကျော်ဖြစ်ပွားခဲ့ပြီး BGF ဗိုလ်အဆင့်ရှိသူအပါအဝင် ယောက်(၉၀)နီးပါး သေဆုံးခဲ့တယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်(၁)ရက်နေ့ကနေ (၃၁)ရက်အထိ တစ်လတာအတွင်း တိုက်ပွဲပေါင်း(၁၀၀)ကျော်ထဲမှာ BGF တပ်ဘက်က (၈၈)ဦးသေဆုံးခဲ့ပြီး (၅၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ထောက်ပံ့ပို့ဆောင်ရေးမြင်းလား ရှစ်ကောင်သေဆုံးပြီး ငါးကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်လက်နက်နဲ့ကျည်ဆံတွေသယ်ဆောင်လာတဲ့ စစ်ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ တပ်မဟာ ၅ က ဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်ကတော့ ကျဆုံးမှုမရှိပဲ ကိုးဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနဲ့ KNLA တပ်မဟာ ၅ တို့အကြား နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေဖြစ်တိုင်း စစ်ကောင်စီဘက်က အမြောက်လက်နက်ကြီးတွေ အများအပြားအသုံးပြုပြီး ဒေသခံပြည်သူတွေနေထိုင်တဲ့ ကျေးရွာ၊ လယ်ယာဥယျာဉ်ခြံမြေထဲကို တမင်ရည်ရွယ်ပစ်ခတ်ခဲ့လို့ အရပ်သားနှစ်ဦး သေဆုံးခဲ့ရကာ ငါးဦးက ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ဇူလိုင်လတစ်လတာအတွင်း မူတြော်ခရိုင်အောက်က ဘူးသို၊ လူသော၊ ဒွယ်လိုးမြို့နယ်သုံးမြို့နယ်လုံးမှာ စစ်ကောင်စီ BGF တပ်ဘက်က ပြည်သူတွေရဲ့လယ်ယာဥယျာဉ်ခြံမြေထဲကို အမြောက်လက်နက်ကြီးကျည် (၆၇)လုံး ပစ်ချသွားခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။