Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခရမ်းမြို့ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တစ်ခုကို ၄၀ မမဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်သေဆုံးရှိနိုင်

ခရမ်းပြည်သူများအနေဖြင့် သွေးမအေးဘဲ စစ်အာ ဏာရှင်အား ရရာနည်းလမ်းဖြင့် အစွမ်းကုန်တော်လှန်သွားမည်ဟု PDF – Khayan က အငိပေးထုတ်ပြန်ထားသည်။

(PDF - Khayan မှ တပ်ဖွဲ့ဝင် တော်လှန်ရေးရဲဘော်များအားတွေ့ရစဥ်။ ။ဓါတ်ပုံ-PDF ခရမ်း)
(PDF - Khayan မှ တပ်ဖွဲ့ဝင် တော်လှန်ရေးရဲဘော်များအားတွေ့ရစဥ်။ ။ဓါတ်ပုံ-PDF ခရမ်း)

ရန်ကုန်တိုင်း ခရမ်းမြို့ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သော သစ်တောဂိတ်ကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PDF – Khayan က ယနေ့(သြဂုတ် ၂)ထုတ်ပြန်သည်။

ယမန်နေ့ည ၉ နာရီခန့်က ခရမ်း – သက္ကလ – ပဲခူးလမ်းပိုင်း ခရမ်းမြို့အထွက်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သော သစ်တောဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ပြည်သူ့ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု PDF – Khayan က အသိပေးသည်။

ဒေသသနင်းရင်းမြစ် Khayan Channal ၏ဖော်ပြချက်အရ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရပြီး ဒဏ်ရာရသူများတွင် တစ်ဦးဒဏ်ရာပြင်း ထန်ကာ စစ်ဆေးရေးဂိတ်ရှိဘန်ကာများပျက်စီးသည့်အပြင် အဆောက်အအုံတစ်ခုထိခိုက်ပျက်ဆီးကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ခရမ်းပြည်သူများအနေဖြင့် သွေးမအေးဘဲ စစ်အာ ဏာရှင်အား ရရာနည်းလမ်းဖြင့် အစွမ်းကုန်တော်လှန်သွားမည်ဟု PDF – Khayan က အငိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။