Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်နှင့်ပျူများအား မိုင်းဆွဲတိုက်ခိုက်စစ်သား ၄ ဦးသေဟု နတ်တောင်နဂါး(ပကဖ) ပြောက်ကျားတပ်ဖွဲ့​ပြော

အထိနာသွားသည့်အကြမ်းဖက်စစ်တပ်သည်လက်နက်အမြောက်အများ ရမ်းသမ်းပစ်ခတ်ကာမခေါက်ရွာဘက်သို့ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း နတ်တောင်နဂါးအဖွဲ့က ပြောသည်။

(နတ်တောင်နဂါး(ပကဖ) ပြောက်ကျားတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-နတ်တောင်နဂါး)
(နတ်တောင်နဂါး(ပကဖ) ပြောက်ကျားတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-နတ်တောင်နဂါး)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဧရာဝတီမြစ်ဘေးကျေးရွာများတွင် စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်နှင့်ပျူ​စောထီးများအား ​မိုင်းဆွဲတိုက်ခို​က်ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကြောင်း နတ်တောင်နဂါး(ပကဖ) ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ်လ၁ရက်) နံနက်၁၀ နာရီခွဲခန့်က ရွှေဘိုမြို့နယ်အရှေ့ခြမ်း၊ဧရာဝတီမြစ်ဘေးရှိမခေါက်ရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့် ပျူအင်အား ၅၀ခန့်သည် မခေါက်ရွာမှတောင်ဘက် ဟင်္သာကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့သည်။

ထိုစစ်ကြောင်းကို ကြိုတင်ပြင်ဆင်ထားသော မိုင်းကွင်းထဲအရောက်တွင် အဝေးထိန်းစနစ်ဖြင့် ရှေ့ထွက်မိုင်း ၃လုံးအား ဖေါက်ခွဲတိုက်ခိုက်ခဲ့ရာ၄ဦးသေဆုံးပြီး ၇ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်းနတ်တောင်နဂါး(ပကဖ)ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အထိနာသွားသည့်အကြမ်းဖက်စစ်တပ်သည်လက်နက်အမြောက်အများ ရမ်းသမ်းပစ်ခတ်ကာမခေါက်ရွာဘက်သို့ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း နတ်တောင်နဂါးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ထိုစစ်ဆင်ရေးကိုနတ်တောင်နဂါးတပ်ဖွဲ့နှင့်နတ်တောင်နဂါးတပ်ခွဲ(၂) ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး နတ်တောင်နဂါး(ပကဖ)ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

မခေါက်ရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူများသည် ထိုနယ်မြေတစ်ဝိုက်သို့ မကြာခဏဝင်ရောက်လျက်ရှိပြီး လက်နက်ကြီးလက်နက်ငယ်များ အသုံးပြုပစ်ခတ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

Facebook