သတင်း မြောင်နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် မပေါက်သေးသော လက်နက်ကြီးကျည် ယူဆော့ကစားရာ ပေါက်ကွဲမှုဖြစ်၍ စစ်ဘေးရှောင်ကလေးငယ် တစ်ဦးသေဆုံး၊ ဖခင်ဖြစ်သူလည်း ဒဏ်ရာရ ပေါက်ကွဲမှုကြောင့် အသက် (၃)နှစ်အရွယ်ကလေး သေဆုံးပြီး ဖခင်ဖြစ်သူသည် ခြေထောက်တွင် ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်။ အဆိုပါသားအဖသည် ချောင်းဦးမြို့နယ်ဇာတိဖြစ်ပြီး မြောင်မြို့နယ်အတွင်း စစ်ဘေးရှောင်နေခြင်းဟု ဒေသခံအချိုု့က ပြောသည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း အင်းတော်တွင် စစ်ကောင်စီတပ်လှည့်ကင်းနှင့် ခြေကျင်စစ်ကြောင်းကို တစ်ချိန်ထဲတိုက်ခိုက်၊ စစ်ကောင်စီတပ်မှ အနည်းဆုံး ခြောက်ဦးသေ "ဖိုးဝီးနဲ့ ကင်းပတ်လာတဲ့ စစ်ကြောင်းရယ် အဲဒီနားမှာပဲ အင်အား ၇၀ ကျော်နဲ့ ခြေကျင်လာတဲ့ စစ်ကြောင်းရယ်ကို ကျွန်တော်တို့ တစ်ချိန်ထဲမှာ တိုက်ခိုက်တာ။ နေရာကတော့ အဲဒီ အင်းတော် - ဗန်းမောက်လမ်းမှာပဲ။ ပွဲက နှစ်ပွဲပေါ့"ဟု IR Team မှ ရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း မန္တလေးတွင် တိုက်ပြိုကျ၍ လူနှစ်ဦးသေဆုံး သေဆုံးသူနှစ်ဦးကို ဈေးချိုအရန်မီးသတ်စခန်းမှ ယာဉ်ဖြင့် မန္တလေးပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆက်လက် လုပ်ဆောင်နေကြောင်း အသိပေးထားသည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း ခင်ဦးမြို့နယ်တွင် မိုင်းလာရှင်းသည့်စစ်ကောင်စီတပ် မိုင်းနင်းမိပြီး ခြောက်ဦး သေဟုဆို အခင်းဖြစ်နေရာသည် ရေဦး - ခင်ဦး လမ်းပိုင်းပေါ်တွင်ရှိပြီး နင်းမိုင်း၊တိုက်မိုင်းများမိ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အလောင်းများအား ချောင်းတံတားမှ စစ်ကောင်စိတပ်သား ၃၀ခန့်က လာရောက် ကောက်ယူသွားခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် KSO အဖွဲ့က ပြောသည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း စစ်ကောင်စီ၏ ကားအစီးရေ ၁၀၀ကျော်ပါစစ်ယာဥ်တန်း ကျောက်ထုမှ ပခုက္ကူဘက်သို့ ပြန်သွား ချင်းပြည်နယ် မင်းတပ်မြို့သို့ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ပြီး ပြန်လာသည့် စစ်ယာဉ်တန်းသည် ကျောက်ထု၌ ညအိပ်ရပ်နားပြီးနောက် ယနေ့(ဇူလိုင် ၂၄ရက်) နံနက် ၁၁နာရီခန့်တွင် ကျောက်ထုမှ ပခုက္ကူမြို့ ဘက်သို့ပြန်သွားခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 24, 2022