Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ကားအစီးရေ ၁၀၀ကျော်ပါစစ်ယာဥ်တန်း ကျောက်ထုမှ ပခုက္ကူဘက်သို့ ပြန်သွား

ချင်းပြည်နယ် မင်းတပ်မြို့သို့ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ပြီး ပြန်လာသည့် စစ်ယာဉ်တန်းသည် ကျောက်ထု၌ ညအိပ်ရပ်နားပြီးနောက် ယနေ့(ဇူလိုင် ၂၄ရက်) နံနက် ၁၁နာရီခန့်တွင် ကျောက်ထုမှ ပခုက္ကူမြို့ ဘက်သို့ပြန်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် ယာဥ်တန်းကို တွေ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထား ပါသည်)
(စစ်ကောင်စီတပ် ယာဥ်တန်းကို တွေ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထား ပါသည်)

စစ်ကောင်စီ၏ ယာဥ်စီးရေ ၁၀၀ကျော်ပါ စစ်ယာဥ်တန်းသည် ယနေ့ နေ့လည်ပိုင်းတွင် ကျောက်ထုမှ ပခုက္ကူမြို့သို့ ပြန်သွားပြီဖြစ်ကြောင်း ဆောမြို့နယ် ဒေသခံက ပြောသည်။

ချင်းပြည်နယ် မင်းတပ်မြို့သို့ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ပြီး ပြန်လာသည့် စစ်ယာဉ်တန်းသည် ကျောက်ထု၌ ညအိပ်ရပ်နားပြီးနောက် ယနေ့(ဇူလိုင် ၂၄ရက်) နံနက် ၁၁နာရီခန့်တွင် ကျောက်ထုမှ ပခုက္ကူမြို့ ဘက်သို့ပြန်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ည ပခုက္ကူ အိပ်မလား ပေါက်အိပ်မလားတော့ မသိသေးဘူး။ မင်းတပ်ကို ရိက္ခာပို့ စစ်လက်နက် ပစ္စည်းပို့ပြီး ပြန်လာတာ။ လူချိန်းတာလည်း ဖြစ်မှာပေါ့။ နောက်ကြောင်း ဆုတ်တာပေါ့။ ပြန်တာ ၁၀၂ စီး။ ကားဖြူလေး ၂စီးပါတယ် ပြောတယ်”ဟု ဒေသခံက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်မခံရရေးအတွက် ပြီးခဲ့သည့် ရက်ကတည်းက စစ်ကောင်စီ၏ ရှေ့ပြေးစစ်ကြောင်းသည် ကျောက်ထုမှ ပခုက္ကူသို့ သွားရောက်ရာ ယမန်နေ့က ကျောက်ထုနှင့် ၁၂မိုင်အကွာ ပုံတောင်ခြေ တပြင်းရွာ အနီး တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟုဆိုသည်။ ယနေ့နံနက်တွင်လည်း စစ်ကောင်စီ တပ်စစ်ကြောင်းကို ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း ထီးလင်း PDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။